4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ရိုးရှင်းသောနေထိုင်မှု

ငွေဆိုသောအရာသည် သုံးရန်အတွက်ဖြစ်ပါသည်။လိုအပ်သောနေရာတွေမှာ သုံးကိုသုံးရမည်
သုံးလည်းသုံးသင့်သည်ဘဲလေ။ ဒါပေမယ့် လူတွေက တလွဲလုပ်တဲ့နေရာမှာ စံတင်လောက်သော
သတ်တ၀ါတစ်တမျိုးဖြစ်လေသည်။ ငွေကို လူအထင်ကြီးအောင် သုံးစွဲတက်ကြလေသည်။ ခန်းနားသော
ဧည့်ခံပွဲကြီးများဖြင့် ပကာသနကို ပြတက်ကြလေသည်။ လာရောက်သူများကလည်း ခေသူများမဟုတ်
ပါလေ။ တန်ဖိုးကြီးမားသော ကားမျိုးစုံဖြင့် အကောင်းစား များဆင်ယင်အသုံးပြုလျှက်သူ့ထက်ငါ အပြိုင်
ကြဲလို့ တက်ရောက်ကြပါလေသည်။ သူ့အရပ်နှင့် သူ့ဇတ်တို့ကတော့ ဟုတ်သလိုလိုပါဘဲ။

ပိုက်ဆံဆိုတာ လူအထင်ကြီးအောင် သုံးစွဲပြတာမျိုးကတော့ တရားနည်းလမ်းကျသောအရာမဟုတ်ပါဘူး
လူ့ဘောင်လောက လူ့အသိုင်းအ၀ိုင်းနယ်ပယ်တို့တွင် သူတစ်ပါးရဲ့ အထင်အမြင်ကြီးဖို့ လိုအပ်သည်
ဆိုသည်မှာ ဟုတ်တော့ဟုတ်သည်။ ဒါက အပေါ်ယံသဘောသာဖြစ်သည်။လူအထင်ကြီးစေရန် ရည်ရွယ်
ချက်တစ်ခုတည်းနဲ့တော့ ကိုယ်ရဲ့ ပိုင်ဆိုင်သောငွေကြေးကို အလကားဖြုန်းတီးပစ်နေသည်ဆိုလျှင်တော့
ဒီလူသည် သိပ်မကြာခင် မွဲပြာကျဖို့ရန်သာရှိပါလေသည်။ပြီးတော့ သူတစ်ပါးအမြင်လည်း တစ်မျိုးဖြစ်နိုင်
လေသည် ကိုယ်ကတော့ အထင်ကြီးစေရန်အတွက် သုံးဖြုန်းပြနေသည်။ တစ်ပါးသူအမြင်မှာတော့ဒါဟာ
အထင်ကြီးဖို့ထက် အထင်အမြင်သေးစရာတောင် ဖြစ်နိုင်လေသည်။ အသုံးအဖြုန်းကြိးသောသူအနားကို
ကပ်ဖားစားမည့်သူများသာ နေလေ့ရှိပါသည်။ အမှန်တကယ် အလုပ်လုပ်မည့်သူတွေ မိတ်ဆွေကောင်းတွေ
ကတော့ ရောက်လာမည်မဟုတ်ပါဘူး။

ကိုယ်က တစ်ရက်တစ်ရာဝင်ငွေရှိလို့ တစ်ရက်ငါးဆယ်ဖြုန်းနေသည်မှာ ပြသနာမဟုတ်သေးပါလေ
ကိုယ့်ဝင်ငွေကတစ်ရက်တစ်ဆယ်လောက်ကို တစ်ရက်ငါးဆယ်လောက်ဖြုန်းနေသည်ဆိုလျှင်တော့
မကြာခင်မြောင်းထဲရောက်မှာ သေချာသည် ပြန်တက်လာဖို့တောင် မလိုတော့လောက်အောင်ကို
ဖြစ်နိုင်သေးသည် ကိုယ့်ဘ၀ကိုယ်မသိ ကိုယ့်အခြေအနေကိုယ်မသိ တာလောက်လောကတွင် ကံဆိုးတာ
မရှိတော့ပါဘူးး။ သုံးဖြုန်းနေနိုင်သူတွေကို သေချာလေ့လာကြည့်ပါ ဒီလူတွေရဲ့ ဘ၀ရှင်သန်မှုသည်
ရေပေါ်ဆီသာဖြစ်ပါသည်။ မကြာခင်မှာဘဲ ဘယ်နေရာရောက်သွားမှန်းမသိအောင်ကိုပျောက်ကွယ်
သွားတက်ပါလေသည် ဘ၀ကို မှန်မှန်ကန်ကန်နဲ့ ဖြေးဖြေးချင်း ရိုးရှင်းစွာ ကြိုးစားနေသူတို့သာ
ဘ၀ရဲ့ အနှစ်သာရအပြည့်အ၀ရနိုင်သည်ဟု ဆိုလိုပါလေသည်။

34 upvotes $0.15

Replies (7)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: