4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ကြွက်သားကြိုက်တဲ့သူ

cat_4068840_640.jpg
https://pixabay.com/photos/cat-mouse-hunting-cute-animal-4068840/

ရွာတစ်ရွာတွင် ကြွက်သားအလွန်ကြိုက်သောသူတစ်ယောက်ရှိလေသည် သူ့နာမည်က အမည်ရင်းရှိသော် မည်သူကမျှသူ့ကို အမည်ရင်းမခေါ်ကြပါဘူး အားလုံးက သူ့ကို မောင်ကြွက်လို့သာ ခေါ်ကြလေသည် သူ့နာမည် မောင်ကြွက် လူတွေက သူ့ကို မောင်ကြွက်လို့ခေါ်တာက အကြောင်းရှိသည်
သူသည် ကြွက်သားဆိုလျှင် အလွန်ကြိုက်ပါသည် ဘယ်လောက်တောင် ကြိုက်သလဲဆိုရင် ကြက်သားတို့ ဝက်သားတို့ အမဲသားတို့ မစားရလို့ ဝမ်းမနည်း မတမ်းတပါ ကြွက်သားကိုသာ မီးကင်ပြီး ကြွပ်ကြွပ်လေး စားလိုက်ရလျှင် အလွန်အရသာရှိလွန်းလှသည်ဟု သူ့စိတ်မှာ ထင်မှတ်နေတက်သူဖြစ်သည် အဲ့သလောက်ကို ကြွက်သားကို ကြိုက်လွန်းလှပါလေသည်
ကြွက်သားကြိုက်သလိုဘဲ ကြွက်ဖမ်း ကြွက်ရှာတဲ့နေရာမှာလည်း သူက အလွန်တော်လှပါလေသည် ရွာထိပ်က အရက်ဆိုင်ဆိုလျှင် ကြွက်သား ကြွက်ကင်ရောင်းချနိုင်ရေးအတွက် သူ့ကို အားကိုးနေရလေသည်
အလုပ်အကိုင်ကလည်း အခြားအလုပ်တွေသူကမလုပ်တက် ကြွက်ဖမ်း ကြွက်ရှာတဲ့အလုပ်နဲ့သာ အသက်မွေးဝမ်းကျောင်း ပြုလေသည် တစ်ရက်လျှင် ကြွက် ဆယ်ကောင်လောက်တော့ အသာလေး ဖမ်းနိုင်လေသည် ကြွက်တစ်ကောင်ကို တစ်ထောင်နှင့် ဆိုင်မှာ သွားရောင်းလျှင် သူ့အတွက်တစ်ရက်ကို ငွေတစ်သောင်းကျပ်လောက်ကတော့ အသာလေး ဝင်လေသည်
သူသည် ငယ်ရွယ်စဉ် ကလေးဘဝကတည်းက ကြွက်ဖမ်းသည့်အလုပ်ကိုသာ လုပ်ကိုင်လာသည့်အတွက် ကြွက်ဖမ်းရာတွင် ဆရာတစ်ဆူလိုပင် ကျွမ်းကျင်လှပါသည်
မနက်မိုးလင်းကတည်းက ရွာပြင်ထွက် လယ်ကွင်းတွေ တောတန်းတွေ ချုံစပ်တွေကြားတွင် အချိန်ကုန်နေတက်ပါသည် တစ်နေကုန် ကြွက်ဖမ်းပြီး ညနေစောင်းလျှင်တော့ ကြွက်တွေ တစ်သီတစ်ထမ်းကြီးနဲ့ ရွာထဲကို ပြန်လာတက်လေသည်
အိမ်ကိုတန်းမပြန်ပါ ရွာထဲက ကြွက်ရောင်းချသည့် အရက်ဆိုင်များကို လှည့်ကာ သူဖမ်းလာသော ကြွက်တွေကို လိုက်ရောင်းလေသည်
သူဖမ်းလာသမျှကြွက်အားလုံးကိုလည်း ထိုဆိုင်များက မငြင်းမကွယ် အမြဲတမ်း ဝယ်ယူတက်ကြသည် သူ့ဆီက ဝယ်လျှင် ဈေးသက်သာလေသည် တစ်ကောင်ကို တစ်ထောင်ကျပ်သာပေးရသည် အခြားသူတွေက လာရောင်းလျှင် တစ်ကောင် တစ်ထောင့်ငါးရာကျပ် တပြားမှမလျှော့ ဒါကြောင့် သူ့ကြွက်တွေကို လုယူလို့ ဝယ်တက်ကြလေသည်
ဘယ်သူဘယ်လို လုဝယ်ဝယ် နောက်ဆုံး ကြွက်တစ်ကောင်ကိုတော့ သူက အိမ်ကို အပါယူလာတက်ပါသည် ထိုတစ်ကောင်ကိုတော့ ဘယ်သူတောင်းတောင်းမပေးပါ သူ့အတွက် ဟင်းစားလုပ်ရန် အိမ်ကို တစ်ကောင်တော့ အပါယူလာလေ့ရှိပါသည်
သူ့တစ်နေ့တာသည် မနက်မိုးလင်းလျှင် ရွာထိပ်ကိုထွက် ကြွက်ဖမ်းမည် ညနေ ရွာထဲပြန်လာ ကြွက်ရောင်းပြီး အိမ်ကို ကြွက်တစ်ကောင်နှင့်ပြန်လာမည်
ထို့ကြောင့်လည်း တစ်ရွာလုံးက သူ့ကို မောင်ကြွက်ဟုသာ ခေါ်ဆိုကြခြင်း ဖြစ်လေသည်
@a7lady

11 upvotes 1 downvotes $0.97

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: