4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဒိုဒု(သို့မဟုတ်)ဒိုတု

image-0-02-06-1c710de2abe27763c47d96962949ff6edab2e2abd6238dbafcfd6fc57bfb0350-V.jpg

ဒိုဒု(သို့မဟုတ်)ဒိုတု

  ဒိုဒု(Doaru) ဟု အမည်နာမ ကြားလေတိုင်း

အပျိုရိုင်းရော အပျိုးဟိုင်းရော အအိုတိုင်းရော
သဲသဲလှုပ် ကြိုက်နှစ်ကြတဲ့အလှကုန်တစ်ခုဖြစ်
မယ်ဆိုတာ ရိပ်မိကြလိမ့်မယ်ထင်ပါတယ်..
ကျုပ်မှတ်မိသလောက်ဒိုဒု(Doaru)ဆိုတာ မြန်မာပြည်ကို ၁၉၉၆ခုနှစ်ကတည်းကရောက်
လာတဲ့အလှကုန်ပစ္စည်းတစ်ခုပါ။ ရောက်ခါ
စက သရုပ်ဆောင်ထက်ထက်မိုးဦး ကြော်ငြာ
ကောင်းလို့လား. အမှန်တကယ်ကောင်းလို့လား
မသိဘူး အတော်ရေပန်းစားခဲ့တာကိုး..ရေပန်း
စားတာလဲမပြောနဲ့လေဗျာ.ကလေး ရောလူကြီးပါ ပါးစပ်ဖျားကမချချင်လောက်အောင် Doaru
ကြော်ငြာသီချင်းကပေါက်ခဲ့တယ်ဗျ.. ကြော်ငြာ ကောင်းတာရယ်.ပစ္စည်းကအမှန်တကယ်ကောင်းတာရယ်ကြောင့်ဖြစ်မယ်ထင်တယ် အပ်ျိုကြီး အပျိုလေး အအိုဆွေးတွေပါ သုံးစွဲလာခဲ့တာဟာယနေ့အထိအောင်ပါပဲ..
ကျုပ်ကတော့ ဒိုဒု(Doaru)
ကောင်းသလားလို့
မေးလာရင်တော့ ကောင်း/မကောင်းမပြောတတ်
ဘူးပေါ့ဗျာ.ဒါပေမယ်တခုတော့ပြောနိုင်တယ်.
ဒီလိုဗျ.. တစ်နေ့က ကျုပ်မိန်းမပေါ့. သူ့မျက်
နှာကိုအမှတ်တမဲ့ကြည့်လိုက်တော့ တရုတ်ကား
ထဲက တရားသူကြီးပေါင်ချိန်မျက်နှာကြည့်ရတဲ့
အတိုင်းပဲ.ကျန်တဲ့နေရာတွေက ဖွေးနေပေမယ့်
မျက်နှာတစ်ခုထဲကွက် မဲနေတာကိုတွေ့လိုက်
ရတယ်ဗျာ..ဒါနဲ့ မိန်းမကိုသူ့မျက်နှာမဲတဲ့အ
ကြောင်းပြောလိုက်တော့ မိန်းမကလည်း ချက်ချင်း ပဲမှန်သေချာသွားကြည့်တယ်..မှန်ကြည့်ပြီး သူ့မျက်နှာညို့ကနဲ့ဖြစ်သွားကတဲက ကျုပ်သိ
လိုက်ပါပြီ...သူ့မျက်နှာမဲတယ်ဆိုတာအခုမှသတိထားမိလို့စိတ်မကောင်းဖြစ်သွားတဲ့ပုံ ပဲပေါ့..
ခါတိုင်း တော့ မှန်ကို သာမန်ကာလျံကာ ကြည့်တာပေါ့ .ကျောင်းကတဖက်. ကလေး/အိမ်မှုကိစ္စကတဖက်နဲ့ မအားလပ်လို့အမှတ်တမဲ့မို့ သူမျက်နှာ မဲမှန်းမသိတာလည်းဖြစ်နိုပါတယ်.. ကျုပ်မိန်းမအသားအရေကဖြူနုနေတဲ့အမျိုးအစားထဲကပဲ..အခုလိုမျက်နှာတစ်ခုထဲကွက်မဲနေတော့ ထုံးပုံထဲ
မီးသွေးခဲကျသလို ပိုသိသာသွားတာပေါ့ဗျာ..
ကျုပ်ကလည်း မဲရတဲ့အကြောင်းအရင်းကို
အဖြေရှာခိုင်းတယ်.. နေပူလောင်လို့လည်းမဖြစ်
န်ုင်သလို..အတွင်းရောဂါကြောင့်လည်းမဖြစ်
နိုင်ဘူးပေါ့..ဟော အဖြေပေါ်ပါပြီ.. ဒင်းကြောင့်
ဒင်းကိုလိမ်းတဲ့နေရာတိုင်းကွက်မဲ နေတော့ ဒင်းဆို
တဲ့ဒိုဒုကြောင့်ဆိုတာ သေချာသလောက်ဖြစ်သွား
ပြီပေါ့.မိန်းမလည်း သူမျက်နှာဖြူနုလှပနေတာကို
ဒင်းကြောင့် အလှပျက်ရမလားဆိုပြီး အကယ်မီ ရှော့ဇတ်ဝင်ခန်းထဲကလို ညာဘက်မျက်လုံး
အိမ်ဒေါင့်ထဲကမျက်ရည်တစ်စက်ဟာ"ပေါက်ကနဲ"ကျလာတွေ့လိုက်ရတော့. ကျုပ်ရင်ထဲကလည်း
ရှိုက်ကနဲဖြစ်သွားပေါ့ဗျာ..
မိန်းမကပြောတယ်.ဒိုဒုလိမ်းလာတာကြာပြီ.. ဒီလိုတခါမှမဖြစ်ဖူးဘူးတဲ့.. သူ့အသိတွေကိုသူ
မေးကြည့်တော့.. အတုမိတာတဲ့ဗျား.. ဟား.. အတု
ဆိုတဲ့အကောင်ကလည်း နေရာတကာ ပါပါနေပါ
လား..ဒီအတုကိစ္စကို သက်ဆိုင်ရာကလည်း မ
ဖော်ထုတ်နိုင်တော့ဘူးလား..ဒီလိုအတုတွေ
ဟာ ပြည်သူ့ကျန်းမာရေးကို ခြိမ်းခြောက်လာနေ
တာမို့ ပြည်သူအားလုံးက ဝိုင်းဝန်းကာကွယ်ကြ
ဖို့လိုနေပြီဗျာ..
ကျုပ်ကတော့ ကျုပ်မိန်းမကိုမျက်ရည်ကျ
အောင်လုပ်တဲ့ဒင်းကို စိတ်နာနေပြီနော့် ...
ကြပ်ကြပ်သတိထား ဟေ့ကောင် ဒို..ဒု(သို့မဟုတ်)
ဒို တု...

   အပ္ပမာထေနသမ္ပာဒေထ
  အဂ္ဂမောင်(ရေကြည်တော်)
1 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: