4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဆေးနည်းပေးသော ဘဘ(အပိုင်း-၁)

IMG_20180704_161435.JPG

  ဘဘ၏အသက်သည်(၇၀)ကျော်ခဲ့ပြီထင်သည်..ဘဘ

၏ပြောပြချက်အရ သူသည်ကား မန္တလေးမြို့ကနံမည်ကျော်
မောရိယမိသားစုထဲက မောရိယမျိုးဆက်တစ်ဦးဖြစ်သည့်
အပြင်သူ၏ဖခင်သည် နန်းတွင်းသမားကျော်ဆရာကြီး၏
တပည့်တိုင်းရင်းသမားတော်ကြီးတစ်ဦးဖြစ်သည်ဟုသိရ
လေသည်..
ဘဘသည် ကျွန်တော်တာဝန်ကျနေသည့် မတ္တရာမြို့၌ပင်သူ
၏မိသားစုနှင့်အတူနေထိုင် လျက်ရှိပေသည်..သူကားတိုင်းရင်းဆေးဆရာဟုဆိုသော်ငြားလည်း ထည်ထည်ဝါဝါနေလေ့မရှိသည့်အပြင်
ဆိုင်းဘုဒ်တင်၍ကုစားလေ့မရှိသဖြင့်အသွင်သဏ္ဌန်အားဖြင့်ရုတ်တရက်မြင်တွေ့လိုက်ပါကအထင် သေးစရာပင်ဖြစ်နေလေ၏..
သို့သော် ဘဘ၏ပညာရပ်ကား အံ့မခန်းအစွမ်းထက်လှ၏..သူ၏ပညာဖြင့် ဒုက္ခရောက်နေသူများကို အယုတ်.
အလတ်.အမြတ်မရွေး..ဆင်းရဲ.ချမ်းသာမရွေး ကူညီကယ်
ဆယ်ပေးတတ် လေ့ရှိရာ အသပြာကြေးမသတ်မှတ်
သဒ္ဓါပေးဖြင့်သာကုသပေးလေသည်..ကျွန်ုပ်နှင့်ဘဘတို့
သည်လက်ဖက်ရည်ဆိုင်၌ အတူဆုံ တွေ့ကြရင်းကသား
အဖလို့ ခင်မင်ရင်းနီးလာခဲ့ရာ ရင်နီးမှုသက်တမ်း (၂)နှစ်
ကျော်ခဲ့လေပြီတကား..လွန်ခဲ့သောတနှစ်ခန့်မှစ၍ ဘဘ
သည်သူ၏ပညာကိုသေရွာသို့ မယူသွားချင်ကြောင်း. ပညာ
လိုလားသောသူကို သူမသေခင်အမွေပေးချင်ကြောင်း
ဖြင့်ကျွန်ုပ်အား တဖွဖွပြောဖူးရှာလေ၏..
တစ်နေ့ ကျွန်ုပ်သည် အစားမှား၍ထင်သည် ဝမ်းဗိုက်ထဲ
မအီမသာဖြစ်နေသဖြင့် စိတ်ပြေလက်ပျောက်ဖြစ်စိမ့်သော
ငှာသောက်နေကျလက်ဘက်ရည်ဆိုင်သို့ ထွက်လာခဲ့လေ၏..
ဆိုင်သို့ရောက်သောအခါ ဆိုင်၌ကြိုတင်ရောက်နှင့်နေသော
ဘဘနှင့်တွေ့ရ၏..ကျွန်ုပ်လည်း ပုံမှန်စိမ့်တခွက်ကို မှာယူပြီး
သောက်မည်ပြုစဉ် ဘဘက" အောင်အောင် .မင်း ဘာဖြစ်နေတာ
လဲ နေမကောင်းဘူးလား မင်းမျက်နှာကြည့်ရတာတမျိုးပဲ"ဟု
မေးလေရာ ကျွန်ုပ်မှဟုတ်တယ်ဘဘရယ် ဗိုက်ထဲအီလည်လည်
ကြီးဖြစ်နေတယ်ဗျာ ဘာလိုဖြစ်နေတာလဲမသိဘူး"ဟုရှံ့ကာမဲ့ကာ
ပြောပြရာ ဘဘက ခဏစောင့်ဟုသဘောမျိုးဖြင့် လက်ကာပြကာ
လက်ဘက်ရည်ဆိုင်အနီးရှိ သူ၏နေအိမ်သို့ခပ်သုတ်သုတ်ထွက်သွားလေ၏..ခဏအကြာ၌ ဘဘသည် ဆိုင်သို့ပြန်လည်ရောက်ရှိလာပြီး လျင်အရှည်လက်ညှိုးနှစ်ဆစ်ခန့်ရှိအဖြူရောင်ဗူးခွံဖြင့်ထည့်
လာသော မီးသွေးမှုန့်ရောင်လိုလိုတိုင်းရင်းဆေးမှုံ့တစ်မျိုးအား
ဗူးအတွင်းမှကျွန်ုပ်၏လက်ဝါးထဲသို့ မန်ကျည်းသီး(၂)စေ့ခန့်ထည့်
ပေးကာချက်ခြင်းသောက်ခိုင်းလေ၏..ဆေးသောက်ပြီးနာရီဝက်ခန့်
အကြာတွင် မအီမလယ်ဖြစ်နေမှုများသည်ယူပစ်သလိုပျောက်ကင်းသွားလေရာ ကျွန်ုပ်သည်လည်း အခုမှပြုံးနိုင်လာသည့်အမူယာဖြင့်
ဟန်ပင်မဆောင်နိုင်တော့ဘဲ " ဘဘရေ ဟင်းစားတင်မပေးနဲ့
ကွန်ချက်ပါပြတော့ဗျာ"ဟုပညာလို ပမာသူတောင်းစားကဲ့သို့မ
ရှက်မကြောက်ဆေးနည်းတောင်းလိုက်လေသည်.. ဘဘက
လည်းကျွန်ုပ်အားသေချာကြည့်ကာ " အေးကွာ မင်းလိုချင်မှတော့
ပေးရတာပေါ့ကွာ"ဟု ပြောပြီးအောက်ဖော်ပြပါဆေးနည်းအား
ပေးလိုက်လေတော့သည်..
အစားမှား အစာအဆိပ်သင့်ဖြစ်ပွါးပါက
သောက်ရန် ဖြေဆေးနည်းကားဤသို့ဖြစ်လေရာ
" နှမ်းရိုး .ဟင်းနုနွယ် .ကျွဲနှာခေါင်းညွန့်"ထို(၃)မျိုး အား
ဆတူရော ပြာချပြီး ရုက္ခမူဆားချက်ပါ .အစားမှားရင်သော်လည်း
ကောင်း..ဆေးမှားရင်သော်လည်းကောင်း ဖြေဆေးအဖြစ်အနည်း
ငယ်မျှစားပေးလျင် ပျောက်ကင်းသွားမည်ဖြစ်ပါကြောင်းစေတနာ
ကောင်းဖြင့်ဖော်ပြပေးလိုက်ရပါတော့သည်..
ဆက်လက်ဖော်ပြပါဦးမည်..
အပ္ပမာဒေနသမ္ပာဒေထ
အဂ္ဂမောင်(ရေကြည်တော်)
IMG_20180704_161455.JPG

1 upvotes $0.00

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: