4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

"ကျွန်ုပ်သိသောလောကဒဏ်"

"ကျွန်ုပ်သိသောလောကဒဏ်"
"လောကဒဏ်"ဟုဆိုလေတိုင်း အဆိုးဆုံး
ခံစားရသည်အရာတစ်ခု ဟု အများစုက မြင်
ထားကြသလို့ ကျွန်ုပ်ကိုယ်တိုင်သည်ပင်
ထိုသို့ လက်ခံယုံကြည်ထားလေသည်..အမှန်
ကားဤသို့မဟုတ်ပေ..ဆရာတော်တစ်ပါး
ဟောကြားသည့် တရားတော်အားနာကြားလိုက်
ရကတည်းက ကျွန်ုပ်သိထားသော လောကဒဏ်
မှာ မှားယွင်းနေကြောင်းသိလိုက်ရသည်..
လောကဒဏ်ဟူသည့်အရာသည်လူတွေ
မမွေးဖွါးခင်ကတည်းက ရှိနေနှင့်သောအရာ
တစ်ခုဖြစ်သည်.. လူသားတို့ကသာ လောကဒဏ်
ရှိသည့်နေရာသို့ ရောက်ရှိမွေးဖွါးလာခြင်းသာဖြစ်
သည့်အတွက် လောကဒဏ် ဟူသည့်အရာအား
မဖြစ်မနေ တွေ့ကြုံခံစားနေကြရခြင်းသာဖြစ်၏..
လူတွေကအဆိုးဆုံးကိုတွေ့ကြုံရမှ လောကဒဏ်
ခံကြရသည်ဟုထင်တတ်ကြသည်. စည်းစိမ်ဥစ္စာပြ
ည့်စုံခြင်း.. အခြွေအရံပေါများခြင်း စသည်တို့သည်
လည်းလောကဒဏ်ပင်ဖြစ်လေရာ ဤလောက
ဒဏ်သည်ကားအကောင်းလောကဒဏ်ဖြစ်လေ ၏..
စည်းစိမ်ဥစ္စာပျက်စီးဆုံးရှုံးခြင်း..စည်းစိမ်
မပြည့်စုံခြင်း..အခြွေအရံနည်းပါးခြင်း စသည်တို့သည်အ
ဆိုးလောကဒဏ်ဖြစ်၏..သို့အတွက် ကြောင့်လောကဒ
ဏ်ဟူသည်မှာအကောင်းလောကဒဏ်နှင်ဆိုးဘောက
ဒဏ်ဟူ၍ (၂)မျိုး(၂)စားရှိပေသည်..
လောကဒဏ်ဟူသည်ကား အဆိုးနှင့်အ
ကောင်းအမြဲတမ်းဒွန်တွဲနေသည့်အရာဖြစ်သည့်
အတွက်အဆိုးခံစားပြီးပါကအကောင်းလာ
တတ်သလိုအကောင်း ခံစားပြီးပါက အဆိုးလာ
တတ်သည့်သဘောရှိပေ၏..
ထိုလောကဓမ္မတာသဘောအား လက်ခံယုံကြည်
ထားလေက အကောင်းသည်ပဲကြုံတွေ့ ကြုံတွေ့
..အဆိုးသည်ပဲ ကြုံတွေ့ ကြုံတွေ့ တုန်လှုပ်မှု
ရှိမည်မဟုတ်တော့ကြောင်း ဆရာတော်၏ တရားတော်အား
စေတနာကောင်းဖြင့်ထပ်
လောင်း၍ မျှဝေလိုက်ရပါတော့သည်...

                     အပ္ပမာဒေနသမ္ပာဒေထ
                   အဂ္ဂမောင်(ရေကြည်တော်)
5 upvotes $0.01

Replies (5)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: