4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဆင်ခြင်ကြစမ်းပါ

စဥ့်ကူးမြို့နယ်၊ရွာတော်လေးကျေးရွာအနီး မိုင်တိုင်အမှတ် xxxxx.တွင် ဇူလိုင်လ(၂)ရက်နေ့နံနက်(၆)နာရီခွဲအချိန်က
မနောရတနာမြေကားအသင်းခရီးသည်ယာဉ်တစ်စီးသည်အရှိန်
မထိမ်းနိုင်ဘဲလမ်းဘေး၌ရပ်ထားသောကားတစ်စီးအားဝင်ရောက်
တိုက်မိခဲ့ရာ ယာဉ်မောင်းနှင့်အတူခရီးသည်(၂)ဦးအခင်းဖြစ်နေရာ
တွင်သေဆုံးသွားပြီး ခရီးသည်အချို့ပြင်းထန်စွာဒဏ်ရာရရှိသွား
ပါသည်
ဒီမနက် မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ယာဉ်တိုက်လို့လူသေသွားတဲ့
သတင်းကို ကြားလိုက်ရတော့အတော့ကိုစိတ်မကောင်းဖြစ်သွားမိ
တယ်..
သေဆုံးသူ ဒဏ်ရာရသူတို့ရဲ့မိဘဆွေမျိုးတွေရဲ့စိတ်ထဲ ဝင်ကြည့်လိုက်ရင်
"လင်ကိုမြွေကိုက်. သားတစ်ဦးကစွန်ချီ..သားတစ်ဦးက ရေနစ်ခံရတဲ့ မပဋာရဲ့အဖြစ်သနစ်" လို ဘယ်လောက်များပူဆွေးသောက
ဗျာပါဒတွေများလိုက်မလဲမသိဘူးဗျာ..ကိုယ်ချင်းလည်းစာနာမိပါ
တယ်.. ခရီးသည်တွေခင်ဗျာ ကားပေါ်တက်လိုက်ပြီဆိုကတည်း
က အာဏာပါးကွက်သားလက်ထဲ ဝ,ကွက်ပြီး အအပ်ခံထားရသလို သူတို့ရဲ့အသက်ကို ယာဉ်မောင်းရဲ့လက်ထဲကို ယုံယုံကြည်နဲ့အပ်
ထားကြရတာ..လိုရာခရီးနဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တော့မှပဲ.."ဟင်းကနဲ့"သက်ပြင်းချနိုင်ကြရတယ်.. ဒီကြားထဲယာဉ်ကြောင့်သေဆုံးတဲ့
အထဲမှာကျောင်းသားလူငယ်တို့လို..ပညာရှင်တို့လို့ပုဂ္ဂိုလ်မျိုးတွေပါလာခဲ့ရင် တိုင်းပြည်အတွက်ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ရမှာဖြစ်သလို့လူသားအရင်းအမြစ်တွေလည်းပျောက်ဆုံးသွားကြမှာ
ဖြစ်လို့ဘယ်လောက်များ နှမျောဖို့ကောင်းလိုက်
မလဲ.စဉ်းစားကြည့်ပေါ့ဗျာ..
မြို့နယ်တိုင်းရဲ့ နေရာတိုင်းမှာ ယာဉ်စည်ကမ်း..လမ်းစည်းကမ်း
ပညာပေးနေတာတွေ. စည်းကမ်းမလိုက်နာသူတွေကို အရေးယူနေ
တာတွေ ရှိနေသော်လည်းပဲ ယာဉ်စည်းဖောက်ဖျက်နေတာတွေ.
ယာဉ်တိုက်မှုဖြစ်လို့ ဒဏ်ရာရ သေဆုံးတာတွေဟာ နေ့စဉ် နေရာ
တိုင်းလိုလိုမှာကြားနေကြရ..မြင်နေကြရတယ်..
ဒါကိုကြည့်ခြင်းအားဖြင့် ပြည်သူတွေဟာစည်းကမ်းမလိုက်ကြဘူးဆိုတာ သိသာလွန်းပါတယ်..တာဝန်ရှိသူတွေက ဘယ်လောက်
ပဲ ပြောနေ ဟောနေပါစေ.. ပြည်သူကစည်းကမ်းလိုက်နာမှာသာ ဖြစ်မှာပါ.. ယာဉ်မောင်းကလည်း ယာဉ်မောင်းအလျောက်.. ပြည်သူ
ကလည်းပြည်သူ့အလျောက် ဥပဒေနဲ့စည်းကမ်းကို တိတိကျလိုက်
နာကြမယ်ဆိုရင် ယာဉ်မတော်ဆဖြစ်တာကလွဲလို့ စည်းကမ်းမဲ့ယာဉ်
တိုက်မှုတွေဟာ လုံးဝပပျောက်ကွယ်သွားမှုမရှိတောင်လျော့ပါးသွားမယ်ဆိုတာ အသေအချာပြော
ရဲပါတယ်..
ဒါကြောင့် ယာဉ်တိုက်မှုကြောင့် မဆုံးရှုံးသင့်တာတွေမဆုံးရှုံးရအောင် အားလုံး ဆင်ခြင်ကြစမ်းပါဗျာ..

           အပ္ပမာဒေနသမ္ပာဒေထ
       အဂ္ဂမောင်(ရေကြည်တော်)

image-0-02-06-d96ac347dffcade2ce9c5fe156b9fdc7d9ef3a911f9f0953cbaa0c0109f1284a-V.jpg

image-0-02-06-da24f554f7aff12f20d220a7e383d879f2d08c72efd4685f80aa55bb668c6c21-V.jpg

1 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: