Community post
ထပ်တူထပ်မျှဝမ်းသာမိခြင်း
ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်း(၁၀)ရက်ကြာအောင်ပိတ်မိနေတဲ့ တောဝက်ဘောလုံးအသင်းရဲ့ နည်းပြ (၁)ဦး နဲ့ အသင်းသား(၁၂)ဦး ပေါင်း (၁၃)ဦးကို ၂၀၁၈ခုနှစ် ၊ဇူလိုင်လ(၂)ရက်နေ့ ညပိုင်း ကကယ်ဆယ်ရေးအဖွဲ့မှပြန်လည်တွေ့ရှိရကြောင်းထိုင်းရေတပ်ရဲ့သတင်း
ထုတ်ပြန်ချက်ကို ဗွီဒီယို ရုပ်ပုံနဲ့တကွကြည့်လိုက်ရလို့ မိဘတွေ
ကိုယ်စား ပျော်လိုက်တာဗျာ.. ကမ္ဘာ့သမိုင်းမှာရှားရှားပါးပါး အသက်
ရှင်ပြီးတော့ စိတ်ဓာတ်ခိုင်မာစွာနဲ့အားလုံးကိုပြန်တွေ့နိုင်တာ အံ့သြစရာကောင်းလှပါတယ်.. ကိုယ့်နိုင်ငံကိုယ့်လူမျိုးမဟုတ်ပေမယ့်လူသားများအနေနဲ့ ဘေးရန်းကင်းကြစေကြောင်းဆုတောင်းမေတ္တာ အခါခါပို့သမိပါတယ်..
ပျောက်ဆုံးစဉ်အခါတုန်းကများ မိဘတွေဘယ်လောက်ပူဆွေး
သောကရောက်နေရှာကြမလဲ..သားသမီးချင်း ကိုယ်ချင်းစာမိပါ
တယ်.မိဘတွေနဲ့ ထိုင်းနိုင်ငံတာဝန်ရှိသူများကိုယ်စားနိုင်ငံတကာ
ကယ်ဆယ်ရေးအဖွဲ့ကိုလည်းကျေးဇူးလည်းတင်မိတယ်..
မြန်မာနိုင်ငံက မိုင်းဖုန်းဆရာတော်ဘုရားက ဒီကလေး(၁၃)
ယောက် (၃)ရက်အတွင်းပြန်တွေ့မယ်လို့ ဟောခဲ့တုန်းက ဟုတ်မှ
ဟုတ်ပါ့မလားလို့ သံသယရှိခဲ့မိတယ် ဆရာတော်ကိုမယုံလို့မဟုတ်ပါဘူး..ကြည်ညိုပြီးသားပါ..ဟောတဲ့အတိုင်းလည်း ဟုတ်နေတဲ့အ
တွက် ပိုပြီးတော့တောင်ကြည်ညိုမိပါသေးတယ်..ဆရာတော် ခန္ဓာ့ဝန်
ကို.သာသနာ့ဝန်ကို ရွက်ဆောင်နိုင်ပါစေလို့ဆုတောင်းရင်းနဲ့ခြေ
တော်ဦးခိုက်ကန်တော့လိုက်ရပါတယ်..
ပြန်တွေ့တဲ့ကလေးတွေရဲ့မိဘတွေကလည်းအခုချိန်ဆိုရင် (၁၀)ရက်ကြာဝေးကွာနေတဲ့သူတို့ကလေးတွေကို ရင်ခွင်ထဲကို အသာပွေ့လို့"ငါ့သားတို့ရယ် မသေကောင်းမပျောက်ကောင်း..စိတ်ပူခဲ့ရတာ (၁၀)ရက်ကြီးများတောင်ရှိပါပြီကွယ်..လို့ ပြောပြောပြီး မျက်
ရည်စတွေနဲ့ဝမ်းနည်းဝမ်းသာကြည်နူးနေကြမှာ မြင်
ယောင်မိပါသေးတယ်..ထပ်တူထပ်မျှပါခင်ဗျာ.....
အပ္ပမာဒေနသမ္မာဒေထ
အဂ္ဂမောင်(ရေကြည်တော်)


Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.