4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ု"စတီးမစ်ဆီ ပျော်ရွှင်မည်"

ကျွန်ုပ်သည် ၁၉၉၄ခုနှစ်မှစ၍
ယနေ့အထိ ဝန်ထမ်းလုပ်သက် (၂၄)နှစ်
ကျော်ခဲ့လေပြီ...ဝန်ထမ်းကာလအတွင်း
၌ စိတ်ပျော်ရွှင်မှု အနည်းမျှသာရှိခဲ့ရပြီးစိတ်
ညစ်ရသည်ကသာများလေသည်..ကိုယ့်ကို
တစ်ယောက်ယောက်က အသလွတ်
စော်ကားခဲ့ရင်သော်လည်းကောင်..ကိုယ့်
စေတနာကို အသိအမှတ်မပြုခံရရင်သော်
လည်းကောင်း ကြုံလာခဲ့ပါက ထိုသူကို
လက်သီးဖြင့် ပြေးထိုးချင်စိတ်ဖြစ်လောက်
အောင်မကြာခဏဒေါသဖြစ်ခဲ့ဖူးလေသည်...
သို့သော် မိမိသည်ကား ဝန်ထမ်းဟူ
သည့်အသိစိတ်တစ်ခုကြောင့် မည်သူ့ကို
မျှ ကိုယ်ထိလက်ရောက် ပြုလုပ်ခဲ့ဖူးသည့်
သမိုင်းမရှိခဲ့ဘူးချေ.. ဤသို့ဖြင့် စိတ်ညစ်
စရာနှင့် ဒေါသဖြစ်စရာတို့ကို အသိစိတ်
ဖြင့်ထိန်းသိမ်းလာခဲ့ရင်း ဆုံးရှုံးမှုတွေလည်း
ရခဲ့သလိုရင့်ကျက်မှုတွေလည်းရခဲ့ရ၏..
သို့သော် တခါတရံ၌ အင်းအား
နည်းသောအရာသည် အင်းအားများသော
အရာအား ဒူးထောက်အရှုံးပေးရတတ်မြဲ
ဖြစ်လေရာ မိမိ၏ရင့်ကျက်မှုသည်လည်း
မိမိ၏စိတ်ညစ်မှုအား အရှုံးပေးချင်သလိုလို
ဖြစ်နေခဲ့ရသည်ကို ကျွန်ုပ်အနေဖြင့် ဝန်ခံပေ
လိမ့်မည်..
တစ်နေ့ မန္တလေးမြို့၌နေကြသော
ညီလေး သက်ကိုဇော်နဲ့ ဇော်ဇော်တို့က
ကျွန်ုပ်၏ စာရေးခြင်းဝါသနာကို သိ၍ထင်
သည်..steemit myanmar တွင်စာရေး
ရန် တိုက်တွန်းလာခဲ့လေရာ ဖိုးရေးချင်ဖြစ်
နေသောကျွန်ုပ်သည်လည်း" ရေငတ်တုန်း
ရေတွင်းထဲလိမ့်ကျ" ဆိုသကဲ့ဖြစ်နေသဖြင့်
စာရေးသားနိုင်ရန်အတွက် သက်ကိုဇော်ထံမှ
steemit အကောင့်လျောက်နည်းကို လေ့လာ
သင်ယူကာ အကောင့်လျောက်ခဲ့ရလေ၏..
ထိုသို့အကောင့်လျောက်ပြီး (၁၄)ရက်ခန့်
အကြာ၌့ ကိုယ်ပိုင်မိတ်ဆက်ပို့စ်ရေးတင်ရဦးမည်
ဆိုလေသောကြောင့် မန္တလေးမြို့က ညီတော်
မောင် စိုးလင်းအောင်ဆီသို့ အရောက်ပြေးခဲ့
ရ၏. ညီတော်မောင်က steemit myanmar
၌ ပို့စ်တင်နည်း..follw လုပ်နည်း..email ပို့နည်း
အသေးစိပ်တို့ကို ကျွန်ုပ်အားသင်ပြပေးလေ၏
ကျွန်ုပ်သည် ညီတော်မောင်တို့ဆီက သင်
ယူလေ့လာခဲ့သော မတတ် တတတ် ပညာလေး
ဖြင့် steemit myanmar အတွင်းသို့ ဝင်ရောက်
မွှေနှောက် လေ့လာလေရာ steemit admin များ.
member ဝင် ညီအကိုတော်များ.
ညီမတော် အမတော်များ ရေးသားတင်ပြထား
ကြသည့် ပို့စ်တို့အား တစိမ့်စိမ့် ဖတ်ရှုရင်း
နှင့်ပင်ကျွန်ုပ်၏ စိတ်၌ဝယ် ပျော်ရွှင်ခြင်း.ကြည်နူး
ခြင်း.ရင့်ကျက်ခြင်းတို့ တပြိုင်နက်တည်းခံစား
လိုက်ရသဖြင့် steemit အဖွဲ့ဝင်တစ်ယောက်
ဖြစ်ရခြင်းအတွက် ကံကောင်းလေစွတကား ဟု
မိမိကိုယ်ကိုမိမိ ဂုဏ်ယူကျေနပ်မိလေတော့သည်..

စတီးမစ်အက်ဒ်မင်များ စတီးမစ်မိတ်ဆွေများ
အားလုံးဘေးဘယာဝေးကွာ၍ ကျန်းမာ
ချမ်းသာကြပါစေ...

            အပ္ပမာဒေနသမ္မာဒေထ
         အဂ္ဂမောင်(ရေကြည်တော်)  
            (aggamaung)
0 upvotes 1 downvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: