4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Peace in mind !

ကိုယ်လိုချင်တဲ့ ပုံစံအတိုင်းမဖြစ်ခဲ့ရင် ဖြစ်မလာခဲ့လျှင် ဒေါသထွက်ကြ စိတ်တိုအလိုမကျဖြစ်လာကြတယ်။ ဒါဟာ တကယ်တော့ အတ္တကြောင့်ပါပဲ။ ကိုယ်ပေးဆပ်ခဲ့ရတာတွေ အနစ်နာခံရတာတွေ စွန့်လွှတ်ခဲ့ရတာတွေကို ပြန်ပြီးအကျိုးခံစားချင်လို့ပါပဲ။ အဲ့အခါမှာ ပူလောင်မှု သောကတွေကို အလုံးအရင်းနဲ့ ခံစားရတယ် ။ ကျွန်မလည်း အမြဲလိုလို ခံစားခဲ့ရတယ်။ နဂိုကစိတ်အားငယ်တက်တော့ ပိုဆိုးဝါးခဲ့တယ်။ဖြစ်ချင်တာ မဖြစ်လာတဲ့အခိုက်အတန့်မှာ ကျွန်မရင်ထဲ ဗလောင်ဆူပွတ်ခဲ့ရတယ်။ တစ်ဖက်က အေးချမ်းနေသလောက် ကျွန်မရင်ထဲ မီးများလောင်​မြိုက်နေတယ်။

အရင်က နားလည်ပေးဖို့ဆိုတာ ကျွန်မအတွက် ခက်ခဲတယ်။ ဘာလို့ နားလည်ပေးရမှာလဲဆိုပြီး ဂျစ်ကန်ကန် နေခဲ့တယ်။ အဲ့အတွက် ကျွန်မရဲ့ အမြတ်နိုးဆုံး အရာတွေ ဆုံးရှုံးခဲ့တယ်။ ကျွန်မ ချစ်တဲ့ သူတွေလည်း ကျွန်မအနားက ထွက်သွားခဲ့တယ်။ ္အဲ့အခါ ကျွန်မရဲ့လုပ်ရပ်တွေ သိပ်မှားမှန်းသိလာခဲ့တယ်။ ကျွန်မက သွေးဆူလွယ်လို့ စိတ်မထိန်းနိုင်ပဲ ပြောချင်ရာပြောမိတဲ့အတွက် သွေးအေးသွားတဲ့အချိန်မှာ တစ်ဖက်လူအတွက် အလွန်ကို အားနာစရာဖြစ်ရတယ်။ငါ မပြောခဲ့သင့်ဘူးဆိုတဲ့ အတွေးများဟာလည်း ကျွန်မကို ​ခြောက်လှန့်ခဲ့တယ်။

Beach, Rocks, Balance, Blue, Coastline, Heap, Ocean
Image credit - pixabay

ကျွန်မဖြတ်သန်းခဲ့တဲ့ အခက်အခဲတွေ အတွေ့အကြုံ ကြောင့် ကျွန်မရင့်ကျက်လာတာနှင့်အမျှ ကျွန်မရင်ထဲ အေးချမ်းခဲ့တယ်။ နားလည်ပေးတက်အောင် ကြိုးစားတယ်။ အကြောင်းအရင်းတွေကိုလည်း သေချာလေ့လာတယ်။ မေတ္တာလည်း ထားတက်လာတယ်။ ကိုယ်ချင်းလည်း စာတက်တယ်။ တစ်နည်းအားဖြင့် ကျွန်မကိုယ် ကျွန်မ စိတ်ကို အေးချမ်းစွာ ထားတတ်လာတော့တယ်။ကျွန်မ ချစ်ခင်တဲ့သူတွေကို ထပ်မဆုံးရှုံးချင်တော့ဘူးလေ။

ဟန်နီမိုး ရေးသားသည်



Posted from my blog with SteemPress : https://steemhosting.com/aggamun/?p=223
121 upvotes 1 downvotes $0.40

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: