4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Example for Team Work

FB_IMG_1508860810730.jpg

လင်းယုန်တွေကို ကောင်းကင်မှာ မြင်မိတဲ့အခါ သူတို့နဲ့ ဆက်စပ်လို့ တွေးမိတာလေး ရှိတယ်ဗျ။ လင်းယုန် တွေဟာ ရဲရင့်တယ်။ လွတ်လပ်တယ်။ တခြားလင်းယုန်တွေနဲ့ အတူ တွဲဖက် သွားလာခြင်း မရှိပဲ တစ်ကောင်ထဲ ပျံသန်းတယ်။

ဒီလိုတွေးမိရင်းနဲ့ တခြားတစ်ဖက်မှာလဲ တလောက ဖတ်ဖူးတဲ့ ကနေဒါနိုင်ငံက ဘဲငန်းတွေအကြောင်း ဆောင်းပါးလေး တစ်ခုကို သွားသတိရ မိလိုက်တယ်။

ဘဲငန်းတွေဟာ ဆောင်းဦးရာသီ ရောက်တိုင်းမှာ အအေးဒဏ် ရှောင်ဖို့ အတွက် အမေရိကန်နိုင်ငံ တောင်ဘက်စွန်း ဒေသတွေ ဆီကို အုပ်စုဖွဲ့ ရွှေ့ပြောင်းလေ့ ရှိကြပါတယ်တဲ့။ ထူးခြားတာက ဒီဘဲငန်း အဖွဲ့လိုက်ကြီးဟာ ကနေဒါ ရေပိုင်နက်ကနေ စတင် ပျံသန်း တက်လာ တာနဲ့ ချက်ချင်း အင်္ဂလိပ် အက္ခရာ "V" ပုံသဏ္ဍာန် ဖွဲ့စည်းပြီး ပျံသန်းကြသတဲ့ဗျ။

ဒီလို ပျံသန်းရတဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေက -

(၁) ရှေ့က ဦးဆောင်ပျံသန်းတဲ့ ဘဲငန်း က တောင်ပံ တစ်ချက် ခတ် လိုက်တိုင်း ခတ်လိုက်တိုင်း နောက်ကပ်လျက်က ပျံသန်းနေတဲ့ ၂ ကောင် အတွက် ပင့်လေ ဖန်တီးပေးနေအောင် စီမံ အကွက်ချ ပျံသန်းနေခြင်း ဖြစ်ပါတယ်။ ဒီတော့ နောက်အကောင်တွေကို သက်တောင့်သက်သာ ဖြစ်စေတယ်။ ပြီးတော့ တစ်ကောင်ထဲပျံရင် ရောက်မယ့်ခရီးထက်ကို ဒီလိုပျံခြင်းအားဖြင့် အဆ ၇၀ ပိုရောက် သွားနိုင် သတဲ့။

(၂) အကယ်၍ ဘဲငန်းတစ်ကောင်ကောင်အနေနဲ့ ဟန်ချက် ပျက်ပြီး တော့ ဘေးကိုယိုင်ထွက်သွား ခဲ့မယ် ဆိုရင် တောင် မိမိရှေ့မှာ ရှိနေ သူရဲ့ ပင့်လေဟာ နောက်ကပ်လျက် ဘဲငန်းကို အားလျော့သုံးအောင် ကူညီ ဖေးမပေးနေသလို ဖြစ်ပါသတဲ့။ ဒီတော့ ဟန်ချက်ပျက်ပြီးတော့ အောက်ကိုပြုတ်ကျမယ့် အန္တရာယ်ကို ကာကွယ်ပေးနေတာပေါ့။

(၃) "V" ဆုံမှတ်နေရာက ဦးဆောင်ပျံသန်းသူက ခေါင်းဆောင်ဗျ။ ဒါပေမယ့် ဒီနေရာ က အသေမဟုတ်ဘူး။ ပင်ပန်းလာတဲ့အခါ မှာ ဒုတိယခေါင်းဆောင်တွေကို အလှည့်ကျ နေရာပေးလို့ သူကဟိုး အနောက်မှာ သွားနေပြီးတော့ အမောဖြေတယ်။ ဒီအခါမှာ ဒုတိယခေါင်းဆောင်တွေက ရှေ့တက်လို့ အနောက်က ကောင်တွေ အရှေ့က ဦးဆောင်တဲ့ နေရာဆီကို တစ်ဆင့်စီ ဝင် ဝင်လာကြ တယ်တဲ့။

(၄) နောက်ကလိုက်တဲ့ ဘဲငန်းတွေ အနေနဲ့ ဒီလိုပျံသန်းစဉ် တစ်လျှောက် ပေါ့ပေါ့ပါးပါး ပျံသန်းနေရ ပေမယ့်လို့ ခပ်ပေါ့ပေါ့ လက်လွတ်စပယ် မနေဘူးတဲ့ဗျာ။ အားလုံး လမ်းတလျှောက် တဂတ်ဂတ် နဲ့ အသံပေးလာလေ့ ရှိသတဲ့။ ဒီအသံပေးရတဲ့ ရည်ရွယ်ချက် က ရှေ့ဆုံးက အရုန်းကန်ရဆုံး အကောင်ကို အားအင် တွေ ဖြစ်လာစေသတဲ့။

(၅) အကယ်၍ ဒီလို ပျံသန်းနေတုန်း တစ်ကောင်ကောင်က ဖျားနာလို့ ဖြစ်ဖြစ် သေနတ်နဲ့ လှမ်းပစ်ခံ ရလို့ပဲ ဖြစ်ဖြစ် ဆက်မပျံသန်း နိုင်တဲ့ အခါ ဒီ အဖွဲ့အစည်းထဲက နောက်ထပ် ၂ ကောင်ကပါ မြေပြင်ကို ဆင်းလိုက် သွားသတဲ့။ ဒီထိခိုက်သွားတဲ့ ဘဲငန်း ပြန်မကောင်း လာခဲ့ရင်လဲ သေသည်အထိ အနားမှာ စောင့်ရှောက်ပေးသွားလေ့ ရှိပြီး သေသွားတော့မှသာ နောက်ထပ် ဘဲငန်းတစ်အုပ် အလာကို ထပ်စောင့်လို့ နောက်ထပ် "V" အဖွဲ့အစည်းနဲ့ အတူ လိုက်ပါသွား သတဲ့ဗျာ။

ဒီတော့ ကျွန်တော်စဉ်းစားမိတယ်။ လင်းယုန်တွေဟာ ရဲရင့်တယ်။ မှန်ပါတယ်။ ပြီးတော့ လွတ်လပ် တယ်။ ဒါလဲမှန်တယ်။ ဒါပေမယ့် ဘဲငန်းတွေရဲ့ အဖွဲ့လိုက် အားထုတ်မှုကြောင့် ရောက်ရှိတဲ့နေရာ တစ်ခုကို လင်းယုန်တွေ တစ်ကောင်ချင်းစီ ရောက် လာဖို့ ဘယ်လောက် တောင် ရုန်းကန်ကြရမလဲ။ လမ်းခရီးမှာ မိတ်ဆွေ အပေါင်းအသင်းလဲမရှိ ကူညီဖေးမပေးသူလဲ မရှိပဲနဲ့ ဘယ် နှစ်ကောင် များ သေကြေပျက်စီး ကြပြီး ပြီလဲ။ ပျံသန်းရင်းနဲ့မောပန်းလို့ ဖေးမ ပေးသူ မရှိ လက်လျှော့သွားတာရော ဘယ်လောက်တောင် များ ရှိနေပြီးပြီလဲ။

ဒီနှိုင်းယှဉ်မှုကနေ ရလိုက်တဲ့ သင်ခန်းစာလေးက.. လင်းယုန်တို့ဟာ တစ်ကိုယ်ကောင်းစိတ်ဓာတ် ပိုင်ရှင် တို့နဲ့ အလားသဏ္ဍာန်တူပြီးတော့ ငန်းတွေကတော့ အသင်းအဖွဲ့ စိတ်ဓာတ် (Teamwork) တို့နဲ့ အလားသဏ္ဍာန် တူပါလိမ့်မယ်။

FB_IMG_1508860807781.jpg

ကျွန်တော်တို့တွေဟာ လုပ်ငန်းတစ်ခုကို လုပ်ကိုင် ဆောင်ရွက်ကြမယ်ဆိုရင် -

(၁) ဘဲငန်းတွေ အုပ်စုဖွဲ့ ပျံသန်းခြင်းကြောင့် ခရီးပိုဝေးဝေး ရောက်နိုင် တာကို သင်ခန်းစာယူပြီး ရေရှည်မှာ ရပ်တည်ဖို့ အတွက် ကျွန်တော်တို့ အသင်းအဖွဲ့လိုက် လှုပ်ရှားသင့်တယ်လို့ မြင်မိပါတယ်။

(၂) တစ်ကောင်ဟန်ချက်ပျက်ချိန်မှာ နောက်တစ်ကောင်ရဲ့ ပင့်လေက အကူအညီပေးတာကို သင်ခန်းစာယူပြီး အဖွဲ့အစည်းထဲက တစ်ယောက် ယောက် ဒုက္ခရောက်နေစဉ်မှာ နှစ်သိမ့်တဲ့ ပင့်လေပြေ တွေ အဆက်မပြတ် တိုက်ခတ်ပေးသင့် ပေးရပါ့မယ်။

(၃) ခေါင်းဆောင်နေရာ ဖယ်ပေးခြင်းနဲ့ အလှည့်ကျ ဦးဆောင် ရုန်းကန် ခြင်း ကို သင်ခန်းစာယူလို့ ကျွန်တော်တို့သည်လည်း မိမိရာထူး ဂုဏ် တွေ ကို မဆုပ်ကိုင်ထားပဲ သင့်တော်သူကို ချီးမြှောက်ခြင်း နဲ့ နောက် တက်လာသူကလည်း ကျရာနေရာကို အကောင်းဆုံး ပြုလုပ် သွား ရပါ့မယ်။

(၄) ဘဲငန်း အချင်းချင်း အသံပေးတာကို သင်ခန်းစာ ယူပြီးတော့ အဖွဲ့အစည်းထဲမှာ လှုပ်ရှားရုန်းကန် နေရသူတွေကို အားတက် လာအောင် ချီးမွမ်းသင့်တာ ချီးမွမ်းလို့ မြှောက်စားသင့်တဲ့အခါ မြှောက်စားလို့ လက်ခုပ်သြဘာသံတွေ ပေးနေသင့်ပါတယ်။

(၅) နာမကျန်းတဲ့ ဘဲငန်းကို အခြံအရံလုပ်ပေး ကြတာကို သင်ခန်းစာ ယူလို့ အဖွဲ့အစည်းထဲက တစ်စုံတစ်ယောက် ထိခိုက် နစ်နာတဲ့ အခါမှာလဲ တစ်ယောက်ထဲ ပစ်မထားပဲနဲ့ ရပ်တည် ကာကွယ် ပေးရပါမယ်။

အားလုံးပဲ ငန်းတို့ရဲ့ စိတ်ထားနဲ့ ထပ်တူကျကျ လှလို့ လောကမှာ အောင်မြင်နိုင်ကြပါစေ။

Credit by kyawnge (facebook page)

အ​ရေးသား​ကောင်း ဖတ်​ရသည်​မှာ အရသာရှိသည့်​အပြင်​ ဗဟုသုတလည်း ရ​စေ
သည့်​အတွက်​ ပြန်​လည်​ မျှ​​ဝေခြင်းဖြစ်​ပါသည်​။

@ahkhayar
Image - facebook

8 upvotes $0.01

Replies (5)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: