Community post
သူငယ်ချင်းသို့ပေးစာ-၃
သူငယ်ချင်းသို့ပေးစာ-၃

သူငယ်ချင်းရေ ... မင်းဆီ
စာမရေးဖြစ်တာလည်းကြာပြီကွာ ...
ဒီနေ့တော့ အတိတ်ကိုပြန်တွေးချင်စိတ်ပေါ်လာ
တာနဲ့ တွေးမိ ၊ ငေးမိ ၊ မှန်းမျှော်မိရင်းနဲ့ မင်း ဆီကို စာရေးဖြစ်ခဲ့တယ်ဆိုပါတော့ 😃😃
သူငယ်ချင်းရေ ...
ငယ်စဉ် အတိတ်က အတွေးတစ်စက
တကယ်တမ်းတော့ -
ကိုယ်ဉာဏ်မမှီခဲ့တယ်ဆိုတာ မသိခဲ့ရဘူးလေ ။
ကိုယ့်နဲ့ ဉာဏ်မှီရာ zoom ဆွဲကြည့်တော့
သူ့ဟာနဲ့သူတော့ဟုတ်နေတာပါပဲ ။ အသက်တွေကြီးလာတယ် ဉာဏ်ရည်တွေမြင့်လာ
တယ် ။ အသက်တွေငယ်မူပြန်တော့ ဉာဏ်ရည်တွေ ပျောက်ဆုံးခဲ့ရပြန်တယ်။
လူ့ ဘဝဖြစ်စဉ် တခုပဲမဟုတ်ဖူးလား ။
ဒါပေမယ့် ကြားကာလ ရပ်တည်မှုကျပြန်တော့ အလွန်တရာ ရှုပ်ထွေးပွေလီလှတယ်။ စား ၊ ဝတ် ၊ နေ ၊ရေး ကြားကာလမှာမတည်ဆောက်နိုင်ခဲ့ရင် ဘဝဆိုတာ Zero မကွဲတဲ့ ကိုယ်ညံ့တဲ့ ဘာသာတစ်ခုဖြစ်သွားပြန်ရော။
ကိုယ်တိုင်မေးခွန်းထုတ် ၊ ကိုယ်တိုင်စာကျက် ၊ ကိုယ်တိုင်ပြန်ဖြေ၊ ကိုယ်တိုင်အမှတ်ခြစ်၊ ကိုယ်တိုင် အတန်းတင်ပေးတာ ကိုယ့်ဘဝပဲ ။ ဘယ်
သူပဲဘယ်လောက် အတန်းလာတင်ပေးပေမယ့်
ကိုယ့်ကြိုးစားအားထုတ်မှုနည်းရင် အချည်းနှီး
ပါပဲ ။
တချို့ ကျတော့ ကြိုးအားထုတ်လိုစိတ်များတယ် ။ ထက်မြက်တယ် ။ ဇွဲလုံ့ လဝီရိယ ကျတော့ အားနည်းတယ် ။ စိတ်ရှည်သီးခံနိုင်မှု
မရှိဘူး ။ အဲ့တော့အောင်မြင်မှုနဲ့အလှမ်းဝေး
သွားတတ်ကြတယ် ။ သူ ရဲ့ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်မှုက တိမ်မြုပ်သွားတတ်ပြန်
ရော။
...
တချို့ကျတော့ ကြည့်လိုက်တာနဲ့ လူတွေအားကျလာနိုင်လောက်အောင်ကို ကြိုးစား
အားထုတ်မှုကောင်းပြီး စိတ်ဓာတ်ခိုင်မာကြတယ် ။ အရာရာကိုစိတ်ဓာတ်နဲ့အနိုင်ယူပြီး အောင်မြင်မှုဆီလျှောက်လှမ်းနိုင်ခဲ့ကြတယ်။ အတုယူအားကျစရာတခုဖြစ်ပေမယ့် ကိုယ့်မှာက အဲ့လောက်စိတ်အင်အား
မရှိတော့ ခက်သားလား။အမြဲတမ်း ခနော်နီ
ခနော်နဲ့ ။ သိနေပေမယ့် လည်းခွေးမြီးကောက်ကျည်တောက်စွပ်နေဆဲ။ ပြင်မရခဲ့  ။ အားကျ
ငေးမောနေရုံနဲ့သာ နေ့ရက်တွေကုန်ခဲ့ပေါ့ ။
....

ခုဆိုငါတို့တဖြည်းဖြည်းအသက် ကြီးလာ ကြတယ် ဘာမှ ဖမ်းဆုပ်နိုင်မှုမရှိခဲ့  ။
အောင်မြင်မှု၊တိုးတက်မှု ၊စံပြဖြစ်မှု ဘာတစ်ခုမှမရှိ။ မတိုးတက်တဲ့အတိတ်က တလွဲ အယူအဆတွေ နဲ့ ငိုက်မြည်းလိုကောင်းတုန်း
ပါပဲ။ခုဆို မင်းရောငါရော ဘဝတွေကိုယ်စီမှာ မျိုးဆက်ကိုယ်စီရှိခဲ့ကြပြီ ။ ငါတို့မျိုးဆက်သစ်တွေအတွက် ဖခင်ကောင်းတစ်ယောက် တာဝန်ကျေဖို့ အတွက်နိုးထသင့်ပါပြီ။သူတို့လေးတွေ အရွယ်ရောက်ပြီး ငါတို့လို အမြင်မကျယ်ခဲ့တဲ့ ဘဝတွေမှာရှင်သန်မနေစေဖို့ လမ်း ပြပေးရမှာ ငါတို့တာဝန်ပဲမဟုတ်လား။
အတိတ်က နာကျည်းစရာ ၊ ရင်နာစရာ ဆိုးပေတေပြီး မိုက်မဲ ရူးသွပ်ခဲ့မှုတွေကို ခုချိန်ကစ
ပယ်ဖျက်ပြီး ခိုင်မာတဲ့စိတ်ဓာတ်အင်အားတွေနဲ့
အတူတလွဲအယူအဆတွေကိုဘေးချိတ်လို့  ငါတို့မျိုးဆက်သစ်တွေအတွက် နိုးထကြပါစို့ သူငယ်ချင်းရေ ....
ကဲ .. စာလည်းလိုတာထက်ပိုရှည်သွားပြီ ။ ငါ့စာကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ်ကွာ။
မင်းတို့မိသားစုအားလုံးကျန်းချမ်းသာပြီးကိုယ်စိတ်နှလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေလို့ ဆုမွန်
ကောင်းတောင်းပေးလိုက်ပါတယ်။
မင်းရဲ့ သူငယ်ချင်း
Author - @ahkhayar (MSC-048)
Image ..google
Replies (24)
Gercekten ilgi cekici bir sey sizi tekip ediyorum
Bana geri don
Tulis english lah kawan.
Aku tak faham awak bahasha!
Terimakasi!
အလဲ့လဲ့
ကိုမင်း အရေးသားတွေက အကြွေးများနေပုံရတယ်
GOOD.ဖတ်လို့ကောင်းပါသည်။
GOOD.ဖတ်လို့ကောင်းပါသည်။
good bro
ဖတ်လို့ကောင်းအောင်ရေးတတ်တယ် :-)
သူငယ်ချင်းမှပြန်စာ
သူငယ်ချင်းရေ သတိတရစာရေးလာလို့ကျေးဇူးတင်ပါတယ်ကွာ။
ဒို့တွေ အတူကြိုးစားပြီးရှေ့ဆက်ကြပါစို့
fighting :D
Very little is needed to make a happy life; it is all within yourself, in your way of thinking.
အကြွေးကတော့များသလား
မမေးနဲ့ လက်ညှိုးညွှန်ရာအကြွေးချည်းပဲ ဖြစ်နေတယ် ။
Thank you ! Sis ...
Thank you Sis ! 😃
အားပေးစကားအတွက်ကျေးဇူးပါဗျာ ...
Thank you !
ကျေးဇူးတင်ပါတယ် .. သူငယ်ချင်းရေ 😃😃
Thank for your opinion!
I do not write very well because I'm a little weak in English
Good post.
Thank you sis 😃
အေးပါကွာ.. .ခုလိုသတိတရစာရေးတဲ့အတွက် ကျေးဇူးပါ သူငယ်ချင်းရယ်။
အေးပါကွာ.. .ခုလိုသတိတရစာရေးတဲ့အတွက် ကျေးဇူးပါ သူငယ်ချင်းရယ်။
Up vote
ကောင်းလိုက်တဲ့ ပေးစာတစ်စောင် (အနှစ်တွေအပြည့်နဲ့)
Congratulations @ahkhayar! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!