4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ပျော်​ခွင့်​ရပါမလား

image
ညကကမ္ဘာတစ်ခြမ်းဖြိုချပြီး
ငါ့ဘဝကိုအသက်ဆက်ဖို့ကြိုးစားခဲ့တယ်
အမှောင်ထုထဲမှာတိတ်ဆိတ်ခြင်းကမင်းမူ
ရင်ကွဲကောင်လိုအော်လည်းရင်ခေါင်းထဲကအသံ
ထွက်မလာဘူးသူ့ဌာနေမှာသူနေပျော်သလိုမျိုး
"ဟူးးသက်ပြင်းချသံလေးညနက်နက်ထဲ
ပြေးဝင်သွားတယ်ကမ္ဘာမြေပေါ်မှာ
နေစရာရှားသူမို့မှိတ်တုတ်မှိတ်တုတ်နှင့်
ဟိုအဝေးကကြယ်လေးရေ
မင်းတို့နှင့်အတူ​နေချင်​တယ်
မင်းတို့နှင့်အတူ​ကြွေချင်တယ်
ညလိုသူ့အရောင်ကိုသူသဘောကျသလိုမျိုး
မင်းတို့ဘဝကောနေပျော်ကြလား
ကြယ်ကလေးတွေမေးနေတယ်လေ
ဖြေပေးကြပါအုံးညတိုင်းညတိုင်း
ပျော်နေကြလားကြယ်လေးတွေ
ကိုယ်လည်းလိုက်ပျော်ချင်ပါတယ်
ဒါပေမယ့်.ဒါပေမယ့်....
ပျော်​ခွင့်​ရပါမလား......

Myanmar_burma_flag_waving_animation.gif

@ahtaroo
MSC- 004

24 upvotes $5.16

Replies (24)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: