4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အကြွေး

10.jpg

သင်က တစ်စုံတစ်ယောက်ကို ဂီတာလေးဝယ်ပေးတယ် ... အဝတ်လေးချုပ်ပေးတယ် ..... ပန်းလေးပန်ပေးတယ် ဆိုပါဆို့

အဲဂီတာကို သူက ရိုက်ခွဲပစ်မယ် ... အဝတ်အစားကို မီးရှို့ပစ်မယ် ... ပန်းပွင့်လေးကို နင်းချေပစ်မယ် ဆိုရင် သင့်စိတ်ထဲ ဘယ်လိုခံစားရမလဲ ....
ပျော်ရွှင်ကြည်နူးနေမှာမဟုတ်တာတော့ သေချာတယ်လေ။

ပြီးတော့ သင်က မိဘ တစ်ဦးဖြစ်ပြီး သင်သားသမီးက သင့်အိမ်ကို ရှို့မယ် ... သင့်ကို နာကျင်စေမယ် ဆိုရင်ရော သင်ဝမ်းဝမ်းသာကြည်နူနေနိုင်မှာလား ... ခွင့်လွှတ်နိုင်ခဲ့ရင်တောင် ပျော်ရွှင်ကျေနပ်မယ်လို့တော့ မထင်ဘူးဗျ ...

ဒါဆို သင်ကရော

သူ့ပေးတဲ့ ဘာသာစကားနဲ့ လူ့လောက မှာ ရပ်တည်လာတယ် .... ပညာတွေဆည်းပူးခဲ့တယ် ... မိတ်ဆွေတွေ ချစ်သူတွေ ရှာခဲ့တယ် .. မိဘ မောင်နှမနဲ့ ပြုံးပျော်ရွှင်စွာ စကားတေပြောခဲ့တယ် ...

သူပေးတဲ့ ယဉ်ကျေးမှုနဲ့ မင်းဘဝကို အဓိပါယ်ရှိစေတယ် လုံခြုံစေခဲ့တယ် .. လောကအလယ်မှာ တင့်တယ်စွာနေခဲ့တယ် ....

သူပေးတဲ့ မြေပေါ်မှာ စိုက်ပျိုး ပြီး အသက်မွေးတယ် ... ဆော့ကစားကြီးပြင်းခဲ့တယ် ...

သူပေးတဲ့ပတ်ဝန်းမှာ လုံခြုံစွာ ရှင်သန်ခဲ့တယ် ....

မင်းအရွယ်ရောက်တော့ သူ့စကား သူ့စာ သူ့ယဉ်ကျေးမှု သူမြေ သူ့ရေကို တိမ်ကောပပျောက်စေမယ်ဆိုရင် သူကရော ဘယ်လိုခံစားနေရမလဲ ....

သူ ဆိုတာ ..... သင့်လူမျိုးဂုဏ်ကို ဖော်ဆောင်ခဲ့တဲ့ သင့်လူမျိုးရဲ့ ဘိုးဘေးဘီဘင်တွေလေ ...

သင့်မှာ အကြွေးတွေ ဝိုင်းဝိုင်းလည်နေတာ သံသယာထိ မပါပါစေနဲ့

သင်အသုံးပြုခဲ့တဲ့ သူ့အမွေအနှစ်တွေကို မပျောက်အောင်ထိမ်း ပိုကောင်းအောင် ဆောင်ရွက်ကြရင်း လူကောင်းလူမွန်များဖြစ်အောင် ကြိုးစားကြပါစို့ ...

image credit : Google
by @aikkhorn
MSC 223

6 upvotes $0.00

Replies (5)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: