4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

သတိထား

(ဆဲတတ်သူများ ၊ အတင်း၊ အဖျင်း ပြောတတ်သူများ ၊ သတိလက်လွှတ်နေသူများ #သတိထား)

#သဲအင်းဂူဆရာတော်ကြီးရဲ့
#အတိတ်ဘဝကဝစီဗေဒကံ

"သူများဆဲတာကို အပြစ်မပြောဘူး။ ဦးဇင်းက အတိတ်က သူများကို ဆဲခဲ့တဲ့ အပြစ်ကိုသိတယ်"

"ငါ့ကိုက မကောင်းတဲ့ကံ၊ သူများကို ဆဲခဲ့လို့ အခု ငါခံ။"

"အတိတ်အကြောင်း သိချင်လား ဒကာကြီး"

ဦးဇင်းက "ဝေဿဘူ"ဘုရားလက်ထက်က "ရှင်ဘုရင်" ဖြစ်ခဲ့တယ်။
ထီးနန်းအုပ်ချုပ်သူ ဘုရင်။ "ပိဋကတ်သုံးပုံ" ပြောင်းပြန် ဘယ်ပြန်ညာပြန် လှန်ခဲ့တယ်။ အတတ်မျိုးစုံလည်း တတ်ခဲ့တယ်။ ဘုရင်ကလည်း အကြီးစား။

ဦးဇင်း "အတိတ်"က "ကံ" ပြောတာ။ သူများကို ဆဲခဲ့တာ ပြောတာ။ "သူများကို ဆဲခဲ့တာ ပြောတာ"လို့  ဒီလို မာန်မာနတရားတွေ လက်မကြီးထောင်ခဲ့တယ်။ အစွယ်ကြီးချိတ်ခဲ့တယ်။

မာန်တွေ မာန်တွေ "ငါ့ထက်တတ်တဲ့သူ မရှိဘူး "လို့  ဒီလို အစွယ်ကြီး ချိတ်ခဲ့တယ်။ အဲဒီတော့ ဘုရင်လည်း ဖြစ်နေတော့ ဒကာကြီးရဲ့ "ပိဋကတ်သုံးပုံ" နှုတ်ငုံ အာဂုံဆောင်နိုင်တဲ့ ရှင်ဘုရင်။

"ပိဋကတ်သုံးပုံ" နှုတ်ငုံဆောင်လာတဲ့ ပုဂ္ဂိုလ်ဆိုတော့ သံဃာတော်အရှင်မြတ်များတွေ ကြည့်လိုက်တဲ့ အချိန်ခါကျတော့ "ငါ့လောက် စာမတတ်ပါဘူး"လို့ ဒီလိုသွားပြီးတော့ ပြစ်မှားတယ်၊ သံဃာတွေကို ။

"ငါ့လောက် မတတ်ပါဘူးကွာ၊ ငါမေးလိုက်ချင်တယ်"
အဲဒီလို ဒကာကြီးရေ။ "ငါမေးလိုက်ရင် ငါ့အမေး မခံနိုင်ပါဘူး၊ ငါ့လောက် မတတ်ပါဘူး"
အဲဒီလို သွားပြီးတော့ "ဝစီဗေဒ"ကံ မျက်ခြင်းကြောင့် မလို့  ဦးဇင်းက အတိတ်ကာလတုန်းက သံဃာတော်အရှင်မြတ်များ အဲဒီလို ဆဲခဲ့တယ်။

အခုလည်း ဦးဇင်း ကို
"ဘာတတ်တာလဲကွာဆို အဆဲခံရတာ။ ဦးဇင်း ကံ က အတိတ်က မကောင်းခဲ့လို့  ဦးဇင်းက ဆဲ ခဲ့လို့ အခု သူများက ကိုယ့်ဆဲတာ။ ကိုယ်က မကောင်းတာ ဒကာကြီး။"
"သူများက မကောင်းတာ မဟုတ်ပါဘူး။ ဦးဇင်းရဲ့ ကံ ပါ။"

       "ငါ့လောက်မတတ်ပါဘူး၊ ငါမေးလိုက်ရင် အမေးမခံနိုင်ပါဘူး" ဆိုတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ မာနတရားတွေ ထောင်လွှားပြီးတော့ လာခဲ့တယ်။

         "အဲဒီဘဝက ကျသွားပြန်တော့ ဒကာကြီးရေ ငါ့လောက်မတတ်ဘူးဆိုတဲ့ဟာ ငရဲကျသွားတာပဲ။ ငရဲမှာ ခံလိုက်ရတာ မပြောချင်ဘူး ဒကာကြီးရေ။

အဲတော့ "သိတော့" ကြောက်တာပေါ့ ဒကာကြီးရာ"

        "အတိတ်က ခံလာရတဲ့ဟာတွေ မြင်တော့ ကြောက်တယ်။                        အတိတ်က ခံလာရတဲ့ဟာ မမြင်တော့ ဘယ်သူမှ မကြောက်ဘူး။

လက်ဖက်ရည်ဆိုင်ထိုင်ရောင်းနေတဲ့ ပုဂ္ဂိုလ်ကလည်း လက်ဖက်ရည်ဆိုင်ထိုင်ရင်း ငါဒီကနေ့ ဘယ်လောက်ရမလဲ ဒါပဲတွက်ပြီးတော့ နေတာ သေတော့အပါယ်ဆင်းမှာကိုမသိဘူး။

ဘာကြောင့် မသိသလဲဆိုတော့ သွားရာလမ်းကြောင်း မသိဘူး။ မသိကြတော့ ဒီလိုပဲ ပျော်ပျော်ကြီး နေတာပေါ့။

"စာတတ်တဲ့ ပုဂ္ဂိုလ်တွေက စာနဲ့ နှိုင်းတယ်။ စာနဲ့ မနှိုင်းနဲ့  "ခန္ဓာနဲ့ နှိုင်း"။ ထိုင်နေတုန်း ခန္ဓာထဲကြည့်၊ သဘောတွေ့ လိမ့်မယ်။ စာနဲ့ သွားမဟပ်လိုက်နဲ့ ၊ စာက ပညတ်၊ ခန္ဓာက ပရမတ်။ ပရမတ်သဘောတရားကို မြင်အောင်ကြည့်။ ကိုယ်သိရမှာက ခန္ဓာကိုကြည့် သဘောသိမယ်။

        "ဘုရား"အသိကို "အဂ္ဂသာဝက၊ မဟာသာဝက" က မသိနိုင်ဘူး။
        "အဂ္ဂသာဝကအသိ ကို "ပကတိသာဝက" မသိဘူး။
         "ပကတိသာဝက"အသိကို "အနာဂမ်"က သိပါမလား။
         "အနာဂမ်"အသိကို "သကဒါဂမ်"က သိပါ့မလား။
         "သကဒါဂမ်" အသိကို "သောတာပန်"က သိပါ့မလား။
        "သောတာပန်"အသိကို "အန္ဓပုထုဇဉ်"က သိပါမလား။

         အဲ အခုပုဂ္ဂိုလ်တွေ က သောတာပန်လည်းမဟုတ်၊ ဘာမှလည်း မဟုတ်ဘဲနဲ့ ပေတံတွေနဲ့ ထောက်လိုက်ကြတာ။

ကိုယ်ကလည်း ဘာမှမသိဘူး။ စာအုပ်ကလေးကြည့်ပြီး ပေတံနဲ့ ထောက်လို့ ဘယ်ရမလဲ၊ ခန္ဓာကိုကြည့်ပြီး ထောက်။ ခန္ဓာအသိနဲ့ ထောက်လိုက်ရင် သိပ်ကောင်းတယ်။
မကျင့်လည်း မကျင့်ဘဲနဲ့ ပေတံနဲ့  ထောက်လို့ ရမလား။

        ဦးဇင်း "ဝစီဗေဒကံ"ထိုက်လို့  အခုထက်ထိ စာကို "ပါဠိ"လို မရွတ်တတ်ဘူး။

ဒါကြောင့်မို့ အခုလာရောက်တဲ့ ဒကာဒကာမတွေ ကိုယ်လည်း မသိဘဲနဲ့ သူများကို ပေတံနဲ့ မထောက်လိုက်နဲ့ ၊ "ဝစီဗေဒကံ"များ "မမျက်လိုက်နဲ့ ၊ စာမတတ်တဲ့ကောင်ပဲ"သွားမလုပ်လိုက်နဲ့  နောက်များ ကိုယ်စာမတတ်ဘဲဖြစ်လိမ့်ဦးမယ်။ ဝစီဗေဒကံ မျက်တိုင်းရှိတယ်။ အဲဒီတော့ မမျက်ကြနဲ့ ။

        ဝိပဿနာဟာ အမြတ်ဆုံးတရားပဲ။

ကျင့်တုန်းများ သေသွား"နတ်ပြည်"သွားတာပဲ။

မကျင့်ဘဲနဲ့ နာရုံပဲနာပြီးများ မနေကြနဲ့ ၊ကျင့်ကြ ကျင့်ရင် အပါယ်ဘယ်တော့မှ မသွားဘူး။ မကျင့်ဘဲ ပုဂ္ဂိုလ်ကတော့ နာရုံသက်သက်နဲ့ တို့လည်း သိထားတာပဲလို့ မလုပ်နဲ့ ၊ သေတော့ "လူးလှိမ့်သေရမယ်"သာ မှတ်။

သိလို့ ပြောတာ။ သေမှာကတော့ ကျိန်းသေတယ်၊ ဒီရုပ်နဲ့ ဒီနာမ် ဖြစ်လာ သေမှာပဲ။ သေပင်သေရငြားသော်လည်း အသိလေးနဲ့ သေရရင် မမြတ်ဘူးလား။
အသိမရှိတဲ့ပုဂ္ဂိုလ် မောဟ နဲ့ သေလို့ ရှိရင်
"လူရော နတ်ရော ဗြဟ္မာရော သီလရှင်ရော ဘုန်းကြီးရော" မောဟ နဲ့ သေမယ် ဆိုလို့ ရှိရင် "ရုပ်လည်းမသိ ၊နာမ်လည်းမသိ၊ ပညတ် ပရမတ်လည်း မသိ၊ သဘောတရားလည်း မသိ၊ မသိတဲ့ပုဂ္ဂိုလ် မှန်သမျှကတော့
"လေးဘက်ထောက်" လှိမ့်သာချတော့။

လူသေလို့ လူဖြစ်မယ်များ ထင်သလား၊ ဘယ်တော့မှ မဖြစ်ဘူး။ လူသေလို့ လူဖြစ်တာ၊ လူသေလို့ နတ်ဖြစ်တာ၊ လူသေလို့ ဗြဟ္မာဖြစ်တာ၊ လူသေလို့ နိဗ္ဗာန်ဖြစ်တာ၊ ဒါကတစ်မျိုးစီ "စိတ်"တွေ။

စိတ်တွေ စိတ်တွေ၊ လူသေလို့ အပါယ်ကျတာ "စိတ်"တွေပဲ။
အဲတော့ လူတော့ လူပဲ ခေါ်ဝေါ်သမုတ်ထားတာ "ပညတ်"ပဲ။

စိတ်ကရှိသေးတယ် "ပြိတ္တာစိတ်၊ တိရစ္ဆာန်စိတ်၊ ငရဲစိတ်၊ လူစိတ်၊ နတ်စိတ် ရှိသေးတယ်၊ ဗြဟ္မာစိတ်ရှိသေးတယ်၊ နိဗ္ဗာန်စိတ် ရှိတယ်။ အဲဒီစိတ်တွေက သူ့ စိတ်နဲ့ သူ ဘုရားက "စိတ်" ပဲဟောတယ်။

"စိတ်" ကိုတော့ ဘယ်သူမှမသိဘူး၊ "ပညတ်ကြီး"ကြည့်ပြီးတော့ တောပြော တောင်ပြောမပြောကြနဲ့ ၊ ကျင့်တဲ့သူတွေက အသေခံကျင့်ပြီးတော့လုပ်ကြတာ၊ မကျင့်တဲ့သူတွေက"တောပြောတောင်ပြော" ပြောတော့ "မစားရဘဲနဲ့ အပြစ်ခံရမယ်"။

ဒီသာသနာကြီး မှီတဲ့အချိန်ခါမယ် "မဂ်တားဖိုလ်တားတော့ မခံကြနဲ့ ။" ကိုယ်လည်း ဘာမှသိတာမဟုတ်ဘူး၊ ကိုယ်ကသိတယ်လို့ ထင်နေတယ်၊ "မသိဘူး၊"

သိတယ် ဆိုလို့ ရှိရင် "သူများအတင်း"မပြောဘူး။
သိရင်ကြောက်တယ် ၊ "ကိုယ့်အပြစ်သာ" ပြောတယ်၊
သူများအတင်းမပြောဘူး

ကိုးကားနှင့် မေတ္တာစက်ဝန်း မှ ဖြစ်ပါသည်။
( ခန္တာ-၅ပါးတစ်ဦး )
သဲအင်းဂူဆရာတော်ဘုရားကြီး ၂ နေ့ တွင်ဟောကြားတော်မူသော "မဂ်လေးပါးတရားတော်" မှ ကောက်နှုတ်ထားခြင်း ဖြစ်ပါကြောင်း....။

image

@alay1

6 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: