4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မြတ်​နိုးစွာ

"မြတ်နိုးစွာ ကြွေခွင့်.."

ခြွေယူစဉ်အခါကတော့..
သခင့်အလိုကျ
လည်စင်းပေးဖို့ရာ
စွန့်စားမှုနဲ့
တတ်စွမ်းသမျှ
ငါ ဝေဆာနိုင်ခဲ့ပါသေးတယ်...
ခပ်ယဲ့ယဲ့သခင့်အပြုံး
တခဏလောက်လေးပဲကြွေကြွေ..
ငါ ဖြန့်ခင်းပေးတဲ့ ရနံ့သင်းသင်းတွေနဲ့
သူစံမြန်းနိုင်ဖို့ရာ..
ငါ လေ...
ခပ်နွမ်းနွမ်းလေးရှင်သန်ခဲ့တာပါ...။
ဘယ်ဘဝကဝဋ်ကြွေးလဲမသိ .
ပေးဆပ်ခဲ့ခြင်းမှာ
အပျော်တွေအရစ်လိုက်နဲ့..။
ခြွေယူသူရယ်လေ..
ရနံ့ခြွေခြွေ
အရိုးချိုးချိုး..
သက်ဆက်နှင်းရင်း ပဲဖြစ်ဖြစ်..
အပြစ်မမြင်မိသူရင်မှာဖြင့်..
နွမ်းရတဲ့ဘဝဟာ...
ချစ်ရသူအတွက်ဆို..
ဘဝ ရဲ့ အလှအပ တစ်ခုပါ...။

image
@alyk

4 upvotes $0.02

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: