4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဘဝမှာ …… နေတတ်နေပါပြီ

https://steemitimages.com/DQmRNVbJPEmLxuy4EDniaNBXGLCujdTPpLNq5X7QpHneJzP/FB_IMG_1522082091326.jpg

"ဘဝမှာ …… နေတတ်နေပါပြီ"

တစ်ခါတစ်လေ လောကကြီးရဲ့
မာယာများစွာကို ကြုံတွေ့ရလေ
တစ်ချို့သော လူတွေရဲ့
အယောင်အဆောင်ကို သိရလေလေ
ဖြစ်တည်သော ရှင်သန်ရဘဝရဲ့
လောကဓံတွေကို ခံစားရလေလေ
ဘဝမှာ
နေတတ်လာလေလေ
ဖြေတတ်လာလေလေ
သူတစ်ပါးကို မှီခိုအားထားချင်တဲ့စိတ်တွေ နည်းလာလေ
ရင်ခုန်စရာတွေနဲ့ ပျော်ရွှင်ခဲ့ရသလို
ရင်နာစရာတွေလည်း မျိုသိပ်ခဲ့ရင်း
ရင်ထဲမှာ ငြိမ်းအေးချမ်းစေသောအရာတွေ ရှာဖွေရင်းနဲ့
နေတတ်နေပါပြီ
လူတွေအများကြီးနှင့်ကြုံဆုံခဲ့ရလေတော့
လူဆိုး လူကောင်းတွေကြောင့် ငိုတစ်ခါရယ်တစ်လှည့်နဲ့
လူသားတစ်ယောက်အဖြစ် သတ္တိခွန်အားတွေမွေးမြူရင်းနဲ့
နေတတ်နေပါပြီ
အခက်အခဲတွေ ကျော်ဖြတ်ရင်းနဲ့
အပြောင်းအလဲတွေ များလွန်းနေတဲ့လောကမှာ
အချိန်အခါတွေနဲ့ကုစားရင်း ဘဝကိုရိုးရှင်းစွာရပ်တည်ရင်းနဲ့
နေတတ်နေပါပြီ
ဘဝသည်
ချိုသလား ခါးသလား
ဆိုးသလား ကောင်းသလား
မှန်သလား မှားသလား
အဓိပ္ပာယ်တွေ အမျိုးမျိုးဖွင့်ဆိုကြသော်လည်း
ကိုယ့်အားကိုယ်ကိုးပီး ကိုယ်တစ်ယောက်တည်းလည်း
ဘဝမှာ နေတတ်နေပါပြီ
ရင့်ကျက်တဲ့သူတစ်ယောက်မဟုတ်တောင်
ရိုးရှင်းတဲ့ဘဝကို တည်ဆောက်နေတဲ့သူတိုင်းအတွက်တော့
ဘဝမှာ နေတတ်လို့ ကျေနပ်စွာ ရှင်သန်လျှောက်လှမ်းနေကြမှာ
အသေအချာပါပဲဆိုတာ တိုက်ဆိုင်မှုရှိတူနှင့်ဘဝတူ
လူသားတိုင်း အသိဆုံးဖြစ်ကြပါလိမ့်မယ်

1 upvotes $0.00

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: