4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

စေတနာအောင်းကောင်းသောသူများ

စေတနာအောင်းကောင်းသောသူများ

လူသားအားလုံးတွင် ရှိကြသော ဟာသဓါတ်ခံများနှင့် ပါတ်သက်ပြီး ပြောရမည်ဆိုလျှင် သူတို့တွင်လည်း အလွန်
ကြွယ်ဝစွာ အလွန်တည်ငြိမ်စွာ ရှိနေကြပါလေသည်။ တစ်ချို့ဆိုပါတော့ အမြဲတမ်းကို ဟာသတွေပြောနေတက်
ပါတယ် သူတို့ပြောနေတာတွေက အရမ်းကို ရယ်စရာကောင်းနေတာတော့ မဟုတ်ပါဘူး တွေးရင်းတွေးရင်း
ပြုံးရတယ်ဆိုတဲ့ အခြေအနေလေးကို ပြောတက်ကြတာပါ သူတို့ဟာ တည်ငြိမ်ကြပါတယ် သူတစ်ပါကိုစိတ်
ချမ်းသာစေအောင်ပြောတက်ကြတာဖြစ်ပါတယ် သူတို့အကြောင်းကို ကိုယ်ရည်သွေးနေတာလည်း မဟုတ်ပါဘူး
လောကသဘာဝအမြင်တွေကို မြင်သာ ထင်သာအောင် ပြောနေခြင်းသာဖြစ်ပါတယ် တကယ့်အဖြစ်အပျက်တွေ
ကို ဟာသလေးနှောပြီးပြောခြင်းဖြစ်ပါတယ် လွမ်းစရာလေးတွေကိုလည်း ရယ်စရာပြုံးစရာဖြစ်အောင်ပြောတက်
ကြပါတယ် အမြဲတမ်းလို လူကြီးလူငယ် အဆင်ပြေစေမယ့် နားဝင်စေနိုင်သော စကားလုံးများကိုသာ ရွေးချယ်
ပြောတာပါဘဲ သူတို့ဟာ သူတစ်ပါးကို အမြဲပေးကမ်းချင်သူတွေဖြစ်ပါတယ် ပေးကမ်းတယ်ဆိုတာက ငွေကြေး
လိုအရာတွေကို ဆိုလိုတာမဟုတ်ပါဘူး သူတို့ပြောစကားတွေကို သူတစ်ပါးနားထဲ ရင်ထဲရောက်သွားတဲ့အခါ
စိတ်ချမ်းသာစေတာမျိုး အားငယ်စိတ်တွေကို လွင့်ပျောက်သွားစေတာမျိုး မျှော်လင့်ချက်မဲ့နေသူအတွက် စိတ်
အားထက်သန်လာစေတာမျိုး လောဘကြီးသူတွေ အတွက် လောဘနည်းပြီး အများအကျိုးကို တွေးတက်လာ
စေတာမျိုးတွေကို ပေးစွမ်းတဲ့ အသိပညာတွေကို ပြောပြချင်းသာဖြစ်ပါတယ် တကယ်ကို အတုယူမှတ်သား
ထိုက်သော စကားလုံးများ အကြောင်းအရာများကို ရွေးချယ်ပြောကြားတက်ကြပါတယ် အချိန်အခါနဲ့ နေရာ
ဒေသအလိုက် ပြောကြားခဲ့ကြတာဖြစပါတယ် တကယ်ဘဲ မှတ်သားလို့ကိုမကုန်နိုင်ပါဘူး တစ်ခါတစ်ရံအားကျ
မိလို့ သူတို့လို ပြောတက် တွေးတက်အောင် သင်ယူချင်မိတ်ဲ့စိတ်တွေတောင်ဖြစ်လာမိပါတယ် သူတို့ပြော
နေတဲ့အခါ သေချာနားစိုက်ထောင်လို့ မှတ်သားကာ သူငယ်ချင်းများနဲ့ဆုံတော့ ပြန်ပြောကြည့်ပါတယ် ဒါပေမယ့်
လေသူတို့ပြောသလို နားထောင်လို့မကောင်းဘူးဖြစ်နေပြန်ရော။ ဘယ်လိုတွေသင်ယူရသလဲ မေးချင်ပါတယ်
ဒါပေမယ့် သူတို့ရဲ့ ဂုဏ်အရှိန်အ၀ါတွေကို ကြောက်ရွံ့မိတာလဲပါတာပေါ့ သူတို့နဲ့ ခင်မင်ရင်းနှီးမှုမရှိတာလဲ
ပါတယ်လေ မမေးခဲ့ပါဘူး တကယ်တော့ မမေးရဲခဲ့တာပါ။

32 upvotes $0.00

Replies (7)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: