4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

My Entry For Around The World - Challenge #5/7 🌎

Hello everyone, have a nice day.


အားလုံးသောမိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


The photo I want to share in this week's Around The World Challenge is of the Mae Lamu Pagoda, located in North Okkapa Township, Mayangone District, Yangon Region.


ဒီတပတ် Around The World Challenge မှာ ကျွန်တော်မျှဝေချင်တဲ့ ဓာတ်ပုံကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကာပမြို့နယ်အတွင်းမှာ တည်ရှိတဲ့ ဆုတောင်းပြည့် မယ်လမုစေတီတော် ရဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။




When I was in Yangon about two months ago, I visited Mae Lamu Pagoda at around 7:30 in the morning. Since it was early in the morning, there were only a few pilgrims there. Since there were only a few people, it was very convenient for me, who loves taking photos. The sun was just starting to rise from the east, but there were few clouds so I didn't feel the heat of the sun.

လွန်ခဲ့တဲ့နှစ်လခန့်က ရန်ကုန်မြို့ကို ရောက်ရှိနေချိန်မှာ နံနက် ၇ နာရီ ၃၀ ခန့်မှာ မယ်လမုဘုရားကို ဘုရားဖူးရောက်ခဲ့ပါတယ်။ နံနက်စောစောအချိန်ဖြစ်နေတဲ့အတွက် ဘုရားဖူးလာရောက်သူ အနည်းငယ်ခန့်သာရှိနေခဲ့ပါတယ်။ လူအနည်းငယ်သာရှိနေချိန်ဖြစ်တဲ့အတွက် ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့ ကျွန်တော့်အတွက်တော့ အလွန် အဆင်ပြေစေပါတယ်။ နေမင်းကြီးက အရှေ့အရပ်ဆီကနေ ထွက်ပေါ်စအချိန်ဖြစ်ပေမယ့် တိမ်အနည်းငယ်ရှိနေတဲ့အတွက် နေရဲ့အပူရှိန်ကိုတော့ မခံစားရပါဘူး။



The history of the Maelamu Pagoda is a legendary story involving the great Sage Tissarathea, Sakra, Maelamu, who was conceived in a mangrove tree and born from a thorny plant, Maelamu's son Okkalapa, Prince Nanda, and a huge crocodile named Nga Moe Yeik. If you're interested in history, search it on Google.

မယ်လမု စေတီတော် သမိုင်းကြောင်းက တိဿရသေ့ကြီး၊ သိကြားမင်း၊ လမုသီးထဲမှာ သံသေဓဇပဋိသန္ဓေယူပြီးမွေးဖွားလာတဲ့ မယ်လ မု၊ မယ်လမုရဲ့ သားတော် ဥက္ကလာပမင်း၊ နန္ဒမင်းသား၊ ငမိုးရိပ် အမည်ရှိတဲ့ ကြီးမားတဲ့ မိချောင်းကြီး တို့နဲ့ ဒဏ္ဍာရီဆန်ဆန်သမိုင်း ဖြစ်ပါတယ်။ သမိုင်းကြောင်းကိုစိတ်ဝင်စားရင် Google မှာရှာကြည့်ကြပါတော့။






❤️❤️❤️❤️❤️❤️ ​🌄🌄🌄🌄🌄🌄🌄 ❤️❤️❤️❤️❤️❤️

The photo below is the contestant photo for this week's Around The World Challenge #5/7.

အောက်မှာဖော်ပြထားတဲ့ ဓာတ်ပုံကတော့ ဒီတပတ် Around The World Challenge #5/7. အတွက် ပြိုင်ပွဲဝင်ဓာတ်ပုံဖြစ်ပါတယ်။



With all due respect -

အားလုံးကို လေးစားလျှက် -


@ansoe

11 JUNE 2026 THURSDAY

64 upvotes $0.23

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: