Community post
နောက်ဆုံး တော့

လူတို့ သဘာဝ
အပြင်ဘန်းအလှ
မျက်စိပွဲတော်ခဏတာ ပျော်ဖို့
ပေးလိုက်ရတဲ့ သိက္ခာ
လျော်လိုက်ရသည့်သမာဓိ
ဘ၀မှာမရှိမဖြစ်
စိတ်အလှစစ်စစ်ကို
နှလုံးသားနဲ့ မမြင်တတ်
ဆေးရောင်ခြယ်မှ အလှထင်ပြီး
ဘ၀မှာအမှားတွေပြင်မရတော့မှ
ဘာတခုမှ သုံးစားမရတဲ့
နောင်တဆိုတာ ရတတ်ကြပါလား။။
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.