Community post
ရှင်းထုတ်ပစ်လိုက်စမ်းပါ
“လူ”ပဲကွာ...
တခါတလေတော့လည်း
အလိုမကျမှုဆိုတာ ရှိမှာပေါ့...
လောကဒဏ်တရားကိုက
“ရ”တာမလို..“လို”တာ မရ...တဲ့
ဖြစ်ချင်တာတွေ တခုချင်းစီချ၊
သီမရတဲ့ပန်းဆိုတာ မရှိပါဘူး...
ခက်ခဲတယ်ဆိုတာ
လက်တွေ့မလုပ်ရသေးလို့ပါ
“စိတ်”ကို “စိတ်”နဲ့တိုက်
အခိုက်အတန့်တော့
မင်းစိတ်ညစ်လိမ့်မယ်
ပြေးတော့ပြေး
ခေတ်လွန်အပြေးမျိုးတော့မဖြစ်စေနဲ့
လှည့်ကြည့်လိုက်စမ်းပါ
ပြတ်ကျန်ခဲ့တဲ့လူတွေ ဒုနဲ့ဒေး
လူထဲကလူ
မင်းက တမူထူးတယ်
“လှဲ”မချလိုက်ပါနဲ့
“လဲကျတယ်”ဆိုတဲ့စကားလုံး
မင်းအတွက်မှမဟုတ်တာ 👍
တခုပဲတောင်းဆိုချင်တယ်
မှန်ရှေ့မှာ ခါးထောက်ပြီးမတ်မတ်ရပ်
မှန်ထဲကလူကို စေ့စေ့ကြည့်
သူ့ဆီက အားကို မင်းယူ
ရဲရဲကြီးအာမခံတယ်
မင်းလို “ထက်”တဲ့လူ
ဒီလောကမှာ မရှိသေးဘူး။!
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.