4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အိမ်ကိုလွမ်းတယ်

buildings_1066408_640.jpg
link
မွေးရပ်ဇာတိမြေကနေ အဝေးမှာ အလုပ်အကိုင်အတွက် ကြိုးစားရုန်းကန်နေခဲ့တာ အခုဆိုရင် နှစ်ကာလတွေ ကျော်လွန်လာခဲ့ပြီလေ
အဝေးမှာ အဆင်ပြေအောင် နေထိုင်နေပေမယ့် စိတ်ထဲမှာတော့ ပျော်ရွှင်မှုတွေ မခံစားရပါဘူး အိမ်ကိုလွမ်းတယ် အိမ်ကိုသတိရတဲ့စိတ်တွေက အမြဲတမ်းဖြစ်ပေါ်နေပါတယ်
ကျန်းမာရေးမကောင်းတဲ့အချိန်တွေဆိုရင် ဘာကိုမှမလိုအပ်တော့သလိုခံစားရတယ် စိတ်ထဲမှာ ဖြစ်ချင်တာတစ်ခုတည်းပါ အဲဒါက အိမ်ပြန်ချင်တာပါဘဲ
ငွေကြေးအတွက် အလုပ်အကိုင်အတွက် ကြီးပွားချမ်းသာရေးအတွက်
အိမ်ရဲ့အဝေးမှာ အလုပ်လုပ်နေရတဲ့အခါ အားငယ်စိတ်တွေဖြစ်ပေါ်လာတယ် နေမကောင်းတဲ့အချိန်ဆို ပိုလို့တောင် အားငယ်မိပါတယ်
ကိုယ့်ဘေးမှာ မိသားစုဝင် တစ်ယောက်မှမရှိဘူး တစ်ခုခုဆိုရင် အားကိုးစရာ ရှာမတွေ့ဘူး
ကိုယ့်ကိုကိုယ် အားကိုးပြီး ရုန်းကန်ရပါတယ်
အပေါင်းအသင်းမိတ်ဆွေဆိုတာကလည်း ခဏတာဘဲ အဖေါ်လုပ်ပေးနိုင်တာလေ သူတို့မှာလည်း သူတို့ ဘဝတာဝန်တွေ ရှိသေးတယ်မဟုတ်လား
ကိုယ့်အတွက် အချိန်တွေ အမြဲတမ်းမပေးနိုင်ဘူးလေ
ဒါကြောင့် တစ်ခုခုဆို မဖျားမနာအောင် အမြဲဂရုစိုက်ရပါတယ်
ရာသီဉတုတွေ အရမ်းအေးတဲ့အခါ နွေးနွေးထွေးထွေး နေတယ်
အနာဂါတ်အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ ကောင်မလေးတစ်ယောက် ရေခြားမြေခြားမှာ နေထိုင်မကောင်းဖြစ်တဲ့အခါ အားငယ်စိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ အရမ်းကို အထီးကျန်ဆန်လွန်းပါတယ်
အမြဲတမ်းကျန်းမာရေးကို ဂရုတစိုက်နေထိုင်ရတယ် မဖျားချင်ဘူး ဖျားရင် အရမ်းဝမ်းနည်းလွန်းလို့ပါ အရမ်းခံစားရတယ်လေ
ရည်မှန်းချက်တွေ ပြည့်မြောက်တဲ့ တစ်နေ့တော့ မွေးရပ်မြေကို ပြန်လည်ချေချ နိုင်မှာပါ အခုတော့ ကြိုးစားရုန်းကန်လှုပ်ရှားနေရတယ်လေ
အိမ်ကိုလွမ်းတဲ့အခါတိုင်း အလုပ်တွေကို ပိုမိုကြိုးစားလုပ်ကိုင်နေရတယ်
@arrowqueen

11 upvotes 1 downvotes $0.90

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: