4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အာရုံအတွေး

မနက်မှာ အရမ်းအေးနေပါတယ် နေထွက်အတော်စောင့်ရတဲ့ ရာသီဥတုကိုရောက်လာပြန်ပီပေါ့။
နေရောင်ထွက်လာဖို့စောင့်နေတဲ့ ကျွန်တော့်မှာလည်း အတွေးများ တစ်စဆီ တွယ်ကပ်နေပါတယ် ။ ဘဝဆိုတာ ဘာလဲ ဘလိုလဲ ဘာ့အတွက်လဲဆိုသော မေးခွန်းတို့အတွက် နေရာတစ်ခုကို ပေးနေမိပါတယ်။ ဘဝအတွေ့အကြုံနုနယ်သေးတဲ့ ဆယ်ကျော်သက်လွန်အရွယ်သာ ရောက်နေပေမဲ့လည်း ကြိုတင် တွေးမိနေပြန်ပီလား။ တရားဓမ္မတွေ လိုက်စားကျင့်ကြံအားထုတ်နေသော သူလဲ မဟုတ်ပါဘူးခမျာ။ ဒါပေမဲ့ ဟို တစ်စ ဆွဲထုတ်မိ ဒီတစ်စ ဆွဲထုတ်မိ ဖြစ်နေတာပါ။ ဘဝဆိုတာ ရှင်သန်ဖို့တဲ့ ပြောကြတယ်။ ဘဝဆိုတာ တိုက်ပွဲ တဲ့ အဲ့လယ် အနောက်ကနေ လိုက်ပွဲလို့ တပ်လိုက်ကြသေးတယ် တချို့က။ တဖန် သံသရာခရီးသည်တို့ ဆုံကြတယ်လို့လဲ ပြောကြတယ် ။ အဲ့လယ် ဘဝကို သုညရေး သုည မစသေးသောသူရဲ့ အတွေးများက အနွေးဓာတ်ပေးသောနေရောင် စောင့်နေရင်း သည်ညဏ်ပုခက်ထဲ ပတ်လည်ရိုက်သွားသေးတယ်ပေါ့ဗျာ။ ထို့အပြင် ဘဝဆိုတာ လွတ်မြောက်ပြီးဆုံးသွားဖို့ ကျင့်ကြံအားထုတ်ရမည်လား လို့ စဉ်းစားနေမိပြန်တယ်။ ဘာဘာညာညာ အတွေးအချို့နဲ့ အာရုံနိုးထခဲ့ပြန်ပီပေါ့။ ပျော်ရွှင်ဖွယ် တစ်နေ့တာပိုင်ဆိုင်ကြပါစေ။

image

thanks
atgaday
msu026

22 upvotes $0.03

Replies (8)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: