4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အာရုံများ

အဓိက အားနည်းချက်က ကျရာ အာရုံမှာ ကျက်စားလေ့ရှိပြီး အဲဒီအာရုံကနေ လွန်မြောက်ဖို့ စိတ်ခွန်အား ကြီးကြီးမားမား မရှိသေးတာပဲ။ရှေ့က ခွေးတစ်ကောင် ဖြတ်သွားရင် အဲဒီခွေးအပေါ် အာရုံ ရောက်သွားတော့တာပဲ။

အဲဒီကနေ မနေ့တစ်နေ့က အိမ်ရှေ့မှာ ကြောင်တစ်ကောင်ကို ခွေးနှစ်ကောင် ဝိုင်းကိုက်တဲ့ အဖြစ်အပျက်ကို ရောက်သွားတယ်။အဲဒီကနေ ဆေးခန်းသွားပြရင်းက ဆရာဝန်မရဲ့ စကားပြောရင် အသံတိုးတိုးနဲ့ မကြားရတဲ့ အကြောင်း တွေးမိပြန်တယ်။

တစ်ခုပြီးတစ်ခုဆက်လို့ပါပဲ။ငါ့ရဲ့ ခံစားချက်တွေက အမျိုးမျိုးသော အာရုံတွေ အပေါ်မူတည်ပြီး အမျိုးမျိုး ပြောင်းလဲနေတယ် ။တစ်ကယ်တော့ ငါဟာ လွှမ်းမိုးခံနေရတာပဲ ။ငါ့ဟာငါ မပိုင်ဘူး ဖြစ်နေတာကိုး ။အဲဒါ အားနည်းချက်ကြီးတစ်ခုပါပဲ။

အဓိက ကတော့ ငါ့ရဲ့ အပြုအမူ မှန်သမျှ ကို သတိထားရမယ်။ ငါ့ရဲ့ အပြုအမူတွေဟာ ဘယ်လို အဓိပ္ပါယ် တွေကို ဆောင်နေလဲ ။အဆိုးလား ။အကောင်းလား။ဝေဝါး ယောင်ချာနေလား ။ စသည်ဖြင့် သတိပြုမိရမှာပါ။

image

6 upvotes $0.29

Replies (0)

Conversation

No replies yet

Replies will appear here as people join the conversation.

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: