4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

# ချစ်တတ်ပါ

ကျွန်တော်တို့ လုပ်ဆောင်ရန် အရာများထဲမှာ လွယ်ကူတဲ့ အရာ ခက်ခဲတဲ့ အရာ စသည်ဖြင့် ရှိပါတယ်။ချစ်ခြင်းတရား နဲ့ ပတ်သက်ရင် ထားပါတော့။ လွယ်ကူတဲ့အရာ တစ်ခု ရှိပါတယ်။ ဘယ်အရာက လွယ်ကူပါသလဲ။ ကိုယ့်အပေါ် ချစ်ခင်တဲ့သူတွေကို ပြန်လည် ချစ်ဖို့ လွယ်ကူပါတယ်။လွယ်ကူတော့ လူတိုင်းလုပ်နိုင်ပါတယ်။

အဲတာကြောင့်လည်း မေတ္တာဟာ အလျားအနံ မရှိပေမဲ့အသွားအပြန် ရှိတယ် လို့ ပြောခဲ့ကြတယ် နေမှာပါ။အဲဒါဆို ဘယ်အရာက ခက်ခဲတာလဲ ။ ကိုယ်အပေါ် မုန်းတဲ့သူတွေကိုတော့ ချစ်ဖို့ ခက်ခဲမှာပါ။ခက်ခဲတဲ့ အရာတွေကို လုပ်ဆောင်ဖို့တော့ အားအင် ပိုမို စိုက်ထုတ်ရပါတယ်။

အားအင် ပိုစိုက်ထုတ်လို့ ရလာတဲ့  အသီးအပွင့် က ပိုချိမြိန်ကောင်း ချိုမြိန်လိမ့်မယ် လို့လည်း မျှော်လင့်နိုင်ပြန်ပါသေးတယ်။အဲဒီတော့ ခက်ခဲတဲ့ အရာတွေကိုလည်း စမ်းသပ် လုပ်ကိုင်ကြည့်ရအောင် ။အဲလို လုပ်ဆောင်ခြင်းက သမရိုးက အဖြစ်အပျက်တွေကနေ ခွဲထွက်ပြီး မတူညီတဲ လမ်းကြောင်းတွေ အပေါ်ကို ရောက်ရှိလာစေနိုင်မှာပါ။ အောက်မှာ ရေးထာတဲ့ ဆောင်ပုဒ်ကို လည်း ဖတ်ရှုကြည့်ပါဦး။

" သင့်ကို မုန်းသောသူများကို ချစ်မြတ်နိုးပါ။သင့်အပေါ် ကျူးလွန်ခဲ့သောသူများကို ဆုတောင်းပေးပါ။ ထိုကဲ့သို့ လုပ်ဆောင်ခြင်းက သူ့တို့ရဲ့ ဘဝတွေကို ပြောင်းလဲစေမှာမဟုတ်ပဲ သင့်ရဲ့ ကိုယ်တိုင်ဘဝကိုပဲ ပြောင်းလဲ စေမှာ ဖြစ်ပါတယ်။ "

Mandy Hale,

အရာအားလုံးဟာ ဘာမှ မရှိခြင်းကနေ စတင်လာပါတယ်။တကယ့် အစစ်အမှန် လုံးဝ ဟာလာဟင်းပါပဲ။ အရာရာ ဟာ ဆိတ်သုန်းနေခြင်းကနေ စတင်လာတာ ဖြစ်ပါတယ်။မမှန်ဆနိုင်တဲ့ အကြောင်းတစ်စုံ တစ်ရာကြောင့် သာ ဖြစ်ပေါ်လာတာပါ။ တစ်ချိန်ရောက်ရင် အားလုံးဟာ ဆိတ်သုန်းသွားကြရမှာပါ။ဘာလို့ ဆိတ်သုန်းကုန်တာလဲ ဆိုတော့ နဂိုတည်းက ဘာမှ မရှိလို့ ပဲ ဖြစ်ပါတယ် ။

image

ကျေးဇူးတင်ပါတယ်

@aungbala

1 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: