Community post
အကိုကြီး
ကျွန်တော်အမည်အောင်အောင်ပါ။မိသားစုဝင် ၆ယောက်ထဲမှာအကြီးဆုံးပေါ့။
မိသားစုရဲ့လိုအပ်ချက်တွေတိုင်းကို မဖြည့်ဆည်းပေးနိုင်ပေမဲ့ စိတ်ထဲမှာတော့အတတ်နိုင်ဆုံးဖြည့်ဆည်းပေးချင်တာပါ ။
ဒါကလည်းအကြီးဆုံးတွေရဲ့ ဘဝပေးတာဝန်တခုမဟုတ်လားဗျာ။အငယ်ကောင်တွေ ကျောင်းစရိတ် မီတာခ အိမ်အသုံးစရိတ် စတာတွေဟာ ဘယ်သူမှတာဝန်မပေးလည်းအကိုကြီးတွေက သူတို့အသိစိတ်နဲ့သူတို့ လုပ်ကိုင်ပေးနေကြရတာ မဟုတ်လားဗျာ
ကျွန်တော်အလုပ်က နေ့စားအလုပ်သမား တယောက်ပါ။တနေ့ခ ၈၀၀၀ ကျပ်ဝင်ငွေနဲ့မိသားစုအတွက် အတတ်နိုင်ဆုံးကြိုးစားနေရတာပေါ့။
နေ့စဉ်ရက်ဆက်လုပ်နေတော့လူလည်းပင်ပန်းလို့နားချင်ရင်တောင် အိမ်ရဲ့လိုအပ်ချက်တွေအကြောင်းစဉ်းစားလိုက်တိုင်း ကြိုးစားပီးသွားနေရတဲ့ရက်တွေလည်းမနည်းတော့ပါဘူးလေ။
း
သို့ပေမယ့်လည်း ကျွန်တော်ကျေနပ်ပါတယ် မိသားစုမှာ အကြီးဆုံးဆိုတော့ အကိုကြီး
အဖရာ ဆိုတဲ့စကားလည်း ရှိတာဘဲလေ။
း
အဖေမရှိတော့တဲ့နောက်ပိုင်းမှ မိသားစုရဲ့တာဝန်တွေ ကျွန်တော်ပခုံးပေါ် ကျရောက်လာပါပေါ့လား ဆိုတာကျွန်တော်သိလိုက်ရတယ်
ဒါပေမယ့်လည်း ကျွန်တော်ကျေနပ်ပါတယ်
ကျွန်တော်မိသားစုလေး ပတ်ဝန်းကျင်ရဲ့ အနှိမ်မခံရဖို့ ကျွန်တော်အမေ စိတ်ချမ်းသာစွာနေထိုင်နိုင်ဖို့ ညီငယ်လေးတေ ပညာကိုအေးချမ်းစွာ သင်ကြားနိုင်ဖို့ အများကြီးကြိုးစားရ ပါအုန်းမယ်။
ဘာတွေဘြဲဖစ်နေပါစေ အကိုကြီးတယောက်ဖြစ်တဲ့ကျွန်တော် မိသားစုအတွက်
ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ဆက်လက်ကြိုးစားသွားရပါ လိမ့်မယ်။
§ § § @aunggyi
MSC no 179
Steemit myanmar အဖွဲ့သားအားလုံး ပျော်ရွင်စရာနေ့လေးဖြစ်ပါစေ ခဗျာ

Replies (16)
ဆကိကြိုးစားဘာ
ဟုတ် ကျေးဇူးပါပဲိ
အမည် လို့ပြင်ပါ။ မဖြည့်ဆည်း မှမှန်ပါတယ်။ စတာတွေဟာ။ အကိုကြီးတွေက။
ခုစာလေးတွေပြင်လိုက်ပါ။
ခံစားချက်ကို နားလည်ပါတယ် ကျွန်တော်လည်း အစ်ကိုကြီးပါပဲ
ဖိုက်တင်းဘဒို
ကျွန်တော်နမ်မည်အောင်အောင်ပါ။မိသားစုဝင် ၆ယောက်ထဲမာအကြီးဆုံးပေါ့။အမည်နဲ့ မှာတွေထည့်ပေးပါ
ဟုတ်ဆရာ ပြင်လိုက်ပါ့မယ်
ကျေးဇူးပါဆရာ
ဟုတ်ကျေးဇူး ပါbro
Thank bro
ဟုတ်အကို ပြင်လိုက်ပါပီ
ကျေးဇူးပါ
Congratulations @aunggyi! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOPWelcome ပါ
Thank bro
ကျွန်မလည်းအိမ်မှာအကြီးဆုံးသမီးပါ။ကိုချင်းစာပါတယ်ရှင်
ဟုတ် အမ ကျေးဇူးပါပဲ
အားပေးလျက်ပါ fri