Community post
Myanmar
ကျိန်စာသင့်နေတဲ့မြေ
ငွေကြေးဖောင်းပွ
အလုပ်ရှာမရ
ခက်ခဲလှတဲ့ဘဝ
ကုန်ဈေးနှုန်း ကျပါတော့
လူသားဘဝ
မြင့်စေဖို့
ကြွေးကြော်တာအပစ်လား
ပူနွေးတဲ့ကမ္ဘာကို ကာကွယ်ဖို့
ပြောတတ်လိုက်တာ
တို့တိုင်ပြည်မှာ
တောတွေကုန်
သစ်ပင်တွေမရှိတော့တာ ကြာလှပေါ့
သေသူကသေ
ဘ၀ ပျက်သူကပျက်
တို့ပြည်
သေနတ်သံများ
မညိမ်းသမျှ
တိုင်းရင်းသားတို့ဘဝ
မအေးချမ်းသေးပါ
လူကို လူလို တန်ဖိုးမထားတဲ့
စနစ်တစ်ခုကို ပြောင်းစေချင်တာ
ပြည်သူတွေအပစ်လား
အပြစ်သာဖြစ်မည်ဆိုလျှင်လည်း
ငါတို့ ရှေ့ဆက် အေးချမ်းဖို
ကြိုးစားရအုံးမယ်။
Replies (1)
မိုက်တယ်ကွာ
nice