4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

မဆုံနိုင်လေတော့ဝေး

''ချစ်မိပေမဲ့လည်း ကျောခိုင်းလိုက်ပီ
မျက်ရည်လည်ပေမဲ့ ပြုံးပြခဲ့သည်
မလွှဲသာလို့ တစ်ပြည့်တစ်ရွာ သည်မောင်ထွက်သွားပီ''😪😪😪
🎶🎶🎶
IMG_20180122_171431_HDR.jpg

တဖွဲဖွဲကျနေတဲ့ မိုးစက်သံလေးတွေက 
အခန်းထောင့်မှာ စာဖတ်နေတဲ့ ကျွန်တော့် ကိုလွမ်းစေပြီလေ......
(အလဲ့...အလဲ့..mood၀င်နေတုန်းဆက်ရွှီးလိုက်ဦးမယ်)
😜😜😜

အလွမ်းဆိုတာ အလေးမထားခဲ့တဲ့ ကျွန်တော်တစ်
ယောက် ခုတော့ အလွမ်းဆိုတာလေးတောင် ကျင့်သားရနေလေရဲ့ ... 
ကို့နှလုံးသားအဆိုကို သူ့်ဦးနှောက်က ရဲဝင့်ပြတ်သား
စွာ ပယ်ချလိုက်ကတည်းကပေါ့....
မာကြောတဲ့ယောက်ျားတစ်ယောက်လို့ 
ထင်ထားတဲ့ ကို့အတွေးတွေကို
 မိုးစက်ကလေးတွေ အလွမ်းသီချင်းလေးတွေက
 မဟုတ်ကြောင်း ထောက်ပြခဲ့ကြတယ်... 
မင်းတစ်ယောက် နာကျင်နေပြီလား... 
နာကျင်ခြင်းမှ အမုန်းထိရောက်ရင်
 ကျေနပ်ပါတယ်.. ရက်စက်စွာတော့ မနာကျည်း 
ပါနဲ့ အချစ်ရယ်... မင်းရည်မှန်းချက်ကို 
မင်းရောက်အောင်လျှောက်ရင်ကျေနပ်ပြီ ... 
ပါရမီဖြည့်ဖက်အပြည့်အ၀ မလုပ်နိုင်တဲ့အတူတူ 
အမုန်းတရားနဲ့ဆို မင်း ပိုလျှောက်နိုင်မယ်ထင်လို့ 
နှလုံးသားလေးကို လျစ်လျူရှုခဲ့တာပါ ... 
ဆယ်ကျော်သက် နှလုံးသားရဲ့ ပထမဆုံး အချစ်လေး 
အရာမ၀င်ခဲ့ပေမယ့် တစ်ဘ၀လုံးအတွက် 
အမှတ်တရသိမ်းထားမှာပါ ... 
အတိတ်ဆိုတာ ကို့အတွက် မေ့ပြစ်မယ့်အရာ
တွေမဟုတ်ဘူး .....
 ဒါပေမယ့် အမြဲတမ်းတနေမှာလည်းမဟုတ်ဘူး အချစ် ... ....

မျဉ်းပြိုင်နှစ်ကြောင်းက စုဆုံဖို့မဖြစ်နိုင်သလို 
ထပ်တူကျဖို့လည်း ခက်လိမ့်မယ် အချစ်ရေ ... 

"ငါက ဘာအသုံးမကျလို့လဲ ငါ့မှာ 
ဘာမကြိုက်တဲ့အချက်ရှိလို့တဲ့ ပြော နင်ပြော ...
 နင်ငါ့ကို ဘာလို့ခုထိ မယုံတာလဲ ငါ့ခံစားချက်တွေ
ကို..... နင်ရက်စက်လွန်းတယ်ဟာ.....
 နင် နင်ဟာ " လို့
 ပြောတဲ့အသံမှာ နာကျင်မှုတွေ ဘယ်လောက်ပါလဲ 
ကိုခံစားမိတာပေါ့ဟာ အချစ်ရယ် 
မသိမမြင်ချင်ယောင် ဆောင်ရတာ ဘယ်လောက်ခက်လဲ 
ချစ်သိလား?... 
ပိုနာကျင်ရပါတယ် အချစ်ရယ် ... 
ဘယ်အရာမှ အလျော့မပေးတတ်ဖြစ်ချင်တာကိုဖြစ်အောင်
လုပ်တတ်ပေမယ့် 
မင်းအတွက် မင်းရဲ့ရှေ့ရေး မင်းဘ၀ရည်မှန်းချက် 
ဆိုတာလေးတွေက အတွေးထဲရောက်ရောက်တတ်လို့ 
ဟောဒီလူတစ်ယောက် သူ့ကိုသူတောင် အံ့သြမိပါရဲ့... 

ကိုယ်နဲ့မင်းဆိုတာက စုဆုံလို့ရတဲ့ လမ်းနှစ်သွယ် မဟုတ်ဘူး 
ကိုယ်လည်း အတ္တကြီးသလို ချစ်လည်းမာနကြီးတယ်.....
ကိုယ့်ချစ်တွေမှာ နားလည်ခြင်းထက်
 အတ္တကြီးခြင်းတွေပါတယ် ... 
ချစ်တဲ့လူအလျော့ပေးရမယ်ဆိုပေမယ့် အမှတ်တမဲ့ 
တဒင်္ဂလေးမှာ ချစ်လည်းချစ်မာနကို ကိုးကွယ်မိဆဲ... 
သတိမထားမိခင်မှာ စကားနာက ထိုးမိဆဲ.. ကို့အ့ချစ်မှာလည်း 
မာနပါနေတယ်ချစ်.. ရည်ရွယ်ချက်တွေ ခိုင်မာကြတယ် ... 
စိတ်ဓာတ်တွေကပြတ်သားကြတယ် .. ဦးတည်ချက်မတူတဲ့ 
လူနှစ်ယောက်အတွက် အချစ်ကအရာရာကို 
အဆင်ပြေစေပါ့မလား...

ကို့ကြောင့် ချစ်ကိုမတွေဝေစေချင်သလို ကိုလည်း 
တုံ့ဆိုင်းစွာမနေချင်ဘူး ... 

အသွားထက်နေတဲ့ ဓားနှစ်ကြောင်းလို ကို နဲ့ မင်း ကြားမှာ 
နားလည်မှု ဆိုတာ ဖြစ်မလာနိုင်တဲ့အရာလို 
ကိုတွေးကြည့်လေလေ ပိုထင်ရှားလာလေပဲ ..
 ရေရှည်မှာ ပျော်ရွှင်ဖို့ဆိုတာ တယောက်ယောက်က
 လျော့မှ အဆင်ပြေမှာမို့ နှစ်ယောက်လုံးကို 
အရှုံူးမပေးစေချင်မိ...

ညှိယူဖို့ဆိုတာလည်း မာနနဲ့အတ္တသမားအတွက်ခက်တာမို့ 
သုံး နဲ့ လေး လိုသာ ပြတ်သားစွာ ကျောခိုင်းလိုက်တာ 
နှစ်ယောက်လုံးအတွက် အကောင်းဆုံးပါ မေ...

ခဏတာဆိုတာ မဖြစ်သင့်လို့ တစ်ဘ၀စာပဲ ရွေးချယ်ခွင့်ပေးပါ...
အတွေးစတို့ဖြတ်ရင်း စားပွဲအောက် အံဆွဲလေးထဲမှ ဒိုင်ယာရီ 
စာအုပ်လေးကို ဖွင့်...

"အမှန်က အတ္တ နဲ့ မာန ကို ချစ်ခြင်းတရား နိုင်သင့်တယ် ✌
အမှန်က မျက်စိတစ်ဆုံး ခဏမေ့ပြီး မျက်တောင်တခတ် ကို 
အလေးထားသင့်တယ် ✌
အမှန်က ဥပေက္ခာပြုဖို့ အကြောင်းပြချက်ရှာမယ့်အစား 
အကောင်းဆုံးဖြစ်ဖို့ မေတ္တာထားစဉ်းစားသင့်တယ်✌
အမှန်က အကောင်းဆုံးလို့ အဖြေထွက်တိုင်း 
ကိုယ့်စိတ်ခံစားချက်ကို လျစ်လျူရှုစရာ မလိုသင့်ဘူး ✌
ဒီလိုပါပဲ လောကကြီးမှာ မျိုသိပ်စရာတွေ မျိုသိပ်... 
လျစ်လျူရှုသင့်တာရှု.. ခံစားချက်ကိုပြက်ရယ်ပြု... 
ဟန်ဆောင်တရားနဲ့ဖုံးကွယ်...
ဖြစ်သင့်မဖြစ်သင့်တရားတွေ နဲ့.. ရင်ထဲနဲ့ မျက်နှာ 
အရောင်ကွာလို့ ကြေကွဲရပေါင်းများစွာ 
ရှိနေမှာပါ ............😂😂😂
~~~~~~~~~

@aunghtetkyaw 30/1/2018
              မထီမဲ့မြင် ပြုံးရင်း မာန ကို ကိုမနိုင်ခဲ့ပေမယ့် 
ဘာလို့လွမ်းမိနေတုန်းလဲ အရာရာမပြည့်စုံတဲ့ ကိုယ်လိုလူအတွက်
      အချစ်ဆိုတာ ကိုးကွယ်စရာတော့မဟုတ်ပါဘူး ... 
စတေးသင့်ရင် စတေးရမယ် 
အလွမ်းဆိုတာပါ မပါလာသင့်ဘူး ... ပျော့ညံ့ဖို့စိတ်မကူး
နဲ့ တွေးရင်း 
ရွာနေတဲ့မိုးစက်လေးတွေဆီတောင် နာကျင်အမုန်းတရားတွေ 
ကူးနေပါ့ရော့လား....။ ။

received_210885582791653.jpeg
Photo credit google

ငါဘာတွေလျှောက်ရေးနေမိပါလိမ့်.......ဟဟ.......
Feelတာနဲနဲများသွားတယ်😜😜😜😜😜😜

ကဲဒီမှာပဲ့ အဆုံးသတ်ပါရစေဦးဗျ.......
အားလုံးကိုကျေးဇူးတင်ပါတယ် ခင်ဗျား....
20180112_151736-01.jpeg
Author~Aung Htet Kyaw @aunghtetkyaw
MSC-197
Myanmar steemit lover

45 upvotes $2.11

Replies (43)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: