Community post
အလွမ်း
မမရေ ဒါဟော့ဒီကောင်လေးရဲ့
အနေထိုင် မတတ်တဲ့ အလွမ်းတွေ
၁
ဒီလောက်ပါပဲ မမ
ခဗျားသတိရမယ်ထင်လို့
ကျနော် ဖုန်းခေါ်မိတာ
လွမ်းပြေ
၂
ကြယ်ကို ပန်ပြီး
အိပ်စက်နေတဲ့ မမ
ဒီည ငြိမ်းချမ်းပါစေသား
လွမ်းပြေ
၃
ချစ်ခြင်းတရားဟာ
သံသရာ ရှည်တယ်ထင်ရင်
မြူမှုန်တစလောက် ဝေးကြည့်ုကြတာပေါ့
လွမ်းပြေ
၎
ချစ်ပါတယ်လို့ ပြောခဲ့တာ
ပြန်ချစ်ပါလို့ ပြောတာမဟုတ်ဘူးလေ
စိတ်စေရာ ကကြတာပေါ့
လွမ်းပြေ
၅
Black list ထဲ
ချော့သိပ်ခံလိုက်ရတဲ့ ဖုန်းနံပါတ်တလုံးလို
ရိုရိုသေသေ ချစ်ပါမယ် မမ
လွမ်းပြေ
၆
အနားယူပါ
မနက်ကျရင်
ဂုဏ်သရည်ရှိလိုလို ကျနော့်ကို မုန်းပါမမ
လွမ်းပြေ
၇
မေတ္တာ တရားတွေ ယူသွားပါ
ဒဏ်ရာတွေ ထားခဲ့ပါ
ဒီမနက် မမ ပျော်ရွှင်ပါစေ
လွမ်းပြေ
၈
အရင်ကထက် ဂရုစိုက်ပါ
တခါတလေ အချစ်ဟာ
သနားစရာ ကောင်းတယ် မမ
လွမ်းပြေ
၉
ကံကြမ္မာကို ယုံလို့
ထီမထိုးတာ
အချစ်ဟာ မျက်နာလိုက်တယ် မမ
လွမ်းပြေ
၁၀
ပြန်မပြောပါနဲ့
မမရဲ့ မီးစိမ်းလေးကို
ဂရုတစိုက် ကြည့်တတ်သူရှိတဲ့အကြောင်း
လွမ်းပြေ
၁၁
မငိုပါနဲ့ဗျာ
ဒါဟာ ကျကွဲသွားတဲ့
သုညတလုံးရဲ့ ပေါ့တီးပေါ့ဆ အလွမ်းတွေပါ
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.