4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လိုက်ပါပြောင်းလဲပါ

စီးပွားရေးလောကတွင် အောင်မြင်စေရန်အတွက် လူတိုင်းသည် အစဉ်ကြိုးစားနေရပါလေသည်။ထိုသို့ကြိုးစား
နေလျှက်နှင့် လူငယ်လူရွယ် လူကြီးတို့သည် ထင်သလောက်မအောင်မြင်ကြပါဘူး။အဘယ်ကြောင့်ပါနည်း
မှန်ကန်စွာ နည်းမှန်လမ်းမှန် ကြိုးစားသူတို့သည်သာ အောင်မြင်ခြင်းကိုရရှိနိုင်ကြမည်ဖြစ်ပါလေသည်။
ယခုအခါတွင် စီးပွားရေးသည် မဟာအပြောင်းအလဲကြီးအဖြစ်သို့ရောက်နေလေသည်။
အရင်လို တာဝန်ကျေ
လုပ်ရုံဖြင့် တစ်ကွက်ကောင်း တစ်ခုကောင်း အတက်ပညာတို့နှင့်တော့ အောင်မြင်နိုင်လိမ့်မည်မဟုတ်ဆိုသည်
ကိုတွေ့ကြရပါလေမည်။စီးပွားရေးလောကသည် အခြေအနေသစ်တို့ကို ကူးပြောင်းနေပါသည်။ ယခုအကူးအေ
ပြာင်းသည် အစသာရှိသေးသည် စီးပွားရေးလုပ်ငန်းပိုင်ရှင်များနှင့် စီမံကိုင်တွယ်သူတို့သည်လည်း အတွေ့အ
ကြုံများနည်းပါးနေသေးသည် ကျွမ်းကျင်မှုများလည်း လိုအပ်နေသေးပါသည်။ ထိုသို့ဖြစ်နေရသည်မှာလည်း
သဘာဝသာဖြစ်လေသည်။
အစပထမသို့သွားကြည့်ပါဦးမည်။ ရှေးအခါက စီးပွားရေးပညာရှင်တို့သည် အဆိုအ
မိန့်များကို လေ့လာရသော်ခံယူချက်နှင့်အမြင်တို့သည် ယနေ့ခေတ်ကာလဖြစ်လေသည်။ စီးပွားရေးပညာသည်
ခေတ်အလိုက်ပြောင်းလဲလို့နေပါလေသည်။ နိုင်ငံရေးအခြေအနေ လူမှုရေးအခြေအနေတို့နှင့် နိုင်ငံခြားကူးသန်းေ
ရာင်းဝယ်ရေးပုံစံများ အလားအလာများ တခြားနိုင်ငံတို့ရဲ့ကူးသန်းရောင်းဝယ်ရေး ပုံစံတို့နှင် စပ်ဆပ်ပြောင်းလဲ
တက်ပါလေသည်။
ထိုသို့ ဖြစ်နေသည့်အတွက် စီးပွားရေးလုပ်ကိုင်သူတို့သည် သမာရိုးကျလုပ်ကိုင်သည်ထက်
ပြောင်းလဲနေသော အခြေအနေများကို မျက်ခြေမပျက်တမ်းစောင့်ကြည့်ကာ မိမိအတွက် အခွင့်အရေးတို့ကို
ရှာဖွေနေသင့်ပါလေသည်။ယခုလိုသိပ်ပံနဲ့နည်းပညာထွန်းကားသောခေတ်ကာလတွင် အပြောင်းအလဲတို့သည်
အရှိန်အဟုန်အလွန်ပြင်းစွာမြန်ဆန်စွာပင်ပြောင်းလဲလို့နေပါသည်။ ဒီနေ့နှင့်မနက်ဖန်သည် ဘာမှမတူတောင်
ခြားနားလို့နေမည်ဖြစ်လေသည်။ ဒါကြောင့် ခေတ်အပြောင်းအလဲကို သုံးသပ်ကာအမှီလိုက်နိုင်မှတော်ကာကျ
လေမည်ဖြစ်ပါသည်။အခြားအသိပညာဗဟုသုတ စီးပွားရေးနှင့်ဆက်နွယ်ပါက်သက်သမျှတို့ကို စဉ်ဆက်မပြတ်
လေ့လာသုံးသပ်နေသင့်ပါလေသည်။စာအုပ်စာတမ်းများ ဟောပြောပွဲများသင်တန်းများ သတင်းအချက်အလက်စု
ဆောင်းခြင်းများစသည်တို့ကို ပေါ့လျှော့ထားလို့မရနိုင်ပါဘူး။အမြဲလေ့လာဖတ်ရှုမှတ်သားနေကြရမည်ဖြစ်သေလည်

30 upvotes $0.14

Replies (2)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: