4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဖိုးထွေး

အားလုံးပဲ မင်္ဂလာပါ
တောင်သူလယ်သမား တစ်ယောက်ရဲ့ သားဖြစ်သူ ဖိုးထွေး ဟာ အဖေ အမေ အိမ်မှာ မနေပဲ ဦးလေး တို့ အိမ်မှာ သွားနေပြီး သူ့ ဦးလေးရဲ့ အလုပ်တွေ ကို ဝိုင်းကူ လုပ်ပေးနေသူ တစ်ယောက်ဖြစ်ပါသည်။ဦးလေး နှင့် ဒေါ်လေး မှာက သားသမီး မရှိ တာမို့  ဖိုးထွေး တစ်ယောက် ကို သားအရင်းကဲ့သို့  ချစ်ကြပါသည်။ဖိုးထွေး တစ်ယောက်လဲ ဦးလေး နှင့် ဒေါ်လေး တို့ ရဲ့ အလိုလိုက်ပြီး၊ လိုချင်တာ ဝယ်ပေးတော့ သူ့ မိဘ အိမ်ကို တောင် တစ်ခါတစ်လေ မှပြန်တတ်ပါသည်။ဖိုးထွေး ပျော် နေတာ ဟာ လိုချင်တာ ဝယ်ပေးတတ်တာ အလိုလိုက်ပြီး ကလေးပျော်အောင် ထားတတ်လို့ ပါ။သူ့ ဦးလေး က ဟာသ ရွှင်ပြီး အများတကာကို ပျော်အောင် စနောက်တတ်သူ တစ်ယောက် ဖြစ်တော့ ဖိုးထွေး လဲ သူ့ ဦးလေးကို သဘောကျ ပြီး၊ အေ ဒ်ါနှင့် ဦးလေး ကို ပြန်စနောက် တတ်ပြန်တယ် သုံးယောက် သား ဘဝ ကို ပျော်ရွှင်စွာ အချိန်တွေ ကုန်ဆုံးနေကြတာပေါ့။

တစ်နေ့ မှာ ဒေါ်လေး က ဖိုးထွေး ကို သူ့ ဦးလေးအကြောင်း ပြောပြတယ်၊ ဖိုးထွေးတစ်ယောက် ပါးစပ်မပိတ်နိုင်အောင် ဖြစ်ရပါသည်။အကြောင်းက နင့်ဦးလေး ကလေ မေ့တတ်တာလဲ လွန်ရော ဟိုအရင်နှစ်က နှမ်းစိုက် ချိန်ဆို တောကို မနက် မိုးမလင်းခင် သွားကြရတယ်လေ၊ အလုပ်နားချိန်စားဖို့  ရေဗူးနဲ့  ထမင်းဗူး ထည့်၊ နင့်ဦးလေးကို အိပ်ယာ ကနိုးပြီး နှမ်းကျဲဖို့  တောထဲ သွားရမယ့်အချိန်ရောက်ပြီ ၊ထမင်းဗူး နှင့် ရေဗူး လဲ ထည့်ထားပြီးပြီ ထတော့ လို့  ပြောလိုက်တယ်။နင့်ဦးလေး က အိပ်ယာထ၊ မျက်နှာသစ်ပြီး ဒေါ်လေး ပြင်ထားတဲ့ ထမင်းဗူး နှင့် ရေဗူး ကိုယူပြီး တောထဲကို ထွက်သွားခဲ့တယ်။တောထဲ သွားရင် နွားနှစ်ကောင် မောင်းပြီး သွားကြရတယ်။တောထဲရောက်ရင် ထွန်ယက် နိုင်အောင်ပေါ့။ဒါပေမဲ့ နင့်ဦးလေးက နွားနှစ်ကောင် ပါ မသွားဘူးလေ ဘယ်လို ထွန်ယက် မတုန်း နှမ်းကြဲ ပြီးရင် မြေဖို့  ရမယ်လေ သူ့ ခင်ဗျား ၊ ပါတဲ့ ထမင်း စားပြီး ပြန်လာခဲ့တယ်။ "လယ်ထွန်သွား နွားမေ့ တယ် ဆို တာ နင်ဦးလေးကို ပြောတာ သားဖိုးထွေး ရေ " ဆိုတော့ ဖိုးထွေးတစ်ယောက် ဟတ်ဟတ်ပက်ပက် ပြုံးရယ် နေပါတော့သည်။
image
Credit Image Source
တောင်သူသားမြေး ဖြစ်ကြလို့  မိုးဦးကျ ရာသီ စရောက်တာ နဲ့  ဒီနှစ် စိုက်ပျိုး ကြမယ့် မြေ နေရာ တွေမှာ ရှိနေတဲ့ ချုံ၊သစ်ပင်၊ဝါးပင် တွေကို ခုတ်ထွင်ရှင်းလင်းပြီး အဆင့်သင့် ထွန်ယက် စိုက်ပျိုးနိုင်အောင် လုပ်ထားကြပါသည်။ဖိုးထွေး အိမ်နဲ့  တောင်ယာစိုက်ခင်း က ၂ မိုင်လောက်ဝေးတာမို့  မနက်စောစော ထ ပြီး တောင်ယာကို သွားကြရပါသည်။မိုးကောင်းကောင်း ရွာပြီးတာနဲ့ နှမ်းကို အဓိက ထား စိုက်ပျိုးကြတဲ့ ဖိုးထွေး တို့ ရွာက လူတွေဟာ မနက် ၄ နာရီ ထိုးတာနဲ့  ထကြပြီး။တောင်ယာစိုက်ခင်းသို့  မိုးလင်းတာနဲ့  အရောက် သွားကြတဲ့ ဓလေ့ ဆိုတော့ မနက် ၄:၃၀ နာရီ ဝန်းကျင်ဟာ အိမ်တိုင်းလိုလို မှာ မီးရောင် တွေ မြင်နေကြရပါပြီ။ အလုပ်နားချိန် စားသောက်ဖို့ ရေဗူး၊ထမင်းဗူး ၊တို့ ကို ယူ သွားကြရပါသည်။
တောထဲ မှာ ရေ မရှိသလို နွားစာ ၊ကျွဲစာ ဖြစ်တဲ့ မြက် ပင် တွေလဲ ကောင်းကောင်း မပေါက်ကြသေးတာကြောင့် ကျွဲ၊နွားတွေကို အိမ်နှင့်တော အသွားအပြန် မောင်းနှင် ကြရပါသည်။
image
Credit Image Source
ဒီနှစ်တော့ ဦးလေး နှင့်အတူ ဖိုးထွေး တစ်ယောက် မနက်စောစောထ တောထဲ လိုက်ရပါပြီ။မနက် ၄ နာရီထ ဒေါ်လေး ပြင်ပေးတဲ့ ထမင်းဗူး နှင့် ရေ ဗူး ကို ယူ အိမ်အောက် က နွားနှစ်ကောင်ကို ကြိုးဖြုတ် ပြီး ဦးလေးက နွားညို တစ်ကောင်၊ ဖိုးထွေးက နွားပြာ တစ်ကောင် ကို မောင်းပြီး ရွာက ထွက်ခဲ့ပါသည်။မိုးမလင်းသေးတာကြောင့် လမ်းတစ်လျှောက် မှုန်ဝါးဝါး နဲ့  လမ်းလျှောက်ရပါသည်။ဖိုးထွေး ကတော့ မနက်စောစော ထပြီး အလုပ် မလုပ်ဖူးတာမို့  နွားမောင်းရင်း အိပ်ငိုက်နေပါတော့သည်။သူ့ ဦးလေး က ဟေ့ ဖိုးထွေး မင်းအိပ်ငိုက်နေတာလားကွ မြန်မြန်လာပါဟ စောစောရောက်အောင် နေကစထွက်နဲ့  ပူတာ၊ နေမြင့်ရင် အလုပ် မလုပ်နိုင်တော့ဘူး။ဖိုးထွေး က ဟုတ်ကဲ့ ဦးလေး ။
image
Credit Image Source
ဒီလိုနဲ့  တောင်ယာခင်းဆီ ရောက်ပြီ ဖိုးထွေး ကတော့ ပေါင်းပင် တွေခုတ် သစ်ကိုင်းတွေ ဖယ်၊သူ့ ဦးလေးကတော့ နှမ်းကျဲ ပြီး ထွန်ယက် နေပါသည်။မနက် ၈:၃၀ ရောက်တော့ ဖိုးထွေး မနေနိုင်တော့ ဗိုက်အရမ်းဆာပါပြီ၊ ဦးလေး မနက်စာ စားရအောင်ဗျာ။ ကျွန်တော် မရတော့ဘူးဗျ ၊ အေး အေး စားကြတာပေါ့ ၊ထမင်းဗူး ဖွင့်ကာ မင်းဒေါ်လေး ဘာတွေ ထည့်ပေးလိုက်လဲ မသိ ၊ ဖိုးထွေးက ဦးလေး ဇွန်း မပါလာဘူး။ဒေါ်လေး ထည့်ပေးလိုက်ဖို့  မေ့နေတာ ထင်ပ၊ အေးဟုတ်မယ် ကွ ဒီဘွားဒေါ် ဒီအတိုင်းပဲ အလုပ်လုပ် ရင် ပြာတာ ပြာတာ နဲ့  အခုဇွန်းမပါတော့ လက်နဲ့သာ ဆွဲတော့ ဖိုးထွေးရေ ဟုတ်ကဲ့ ဦးလေး ဟု ပြန်ပြောပြီး ဖိုးထွေး တကယ်ဆာနေတာမို့  လက်နှင့် ကောင်းကောင်းဆွဲနေပါပြီ။ဦးလေး ဖြစ်သူက မင်းဒေါ်လေးက ဒီအတိုင်းပဲကွ ရေခပ်သွား ရင် ခေါင်းခုရွက် မပါရတာနဲ့  ရေချိုးသွားရင်လဲ ရေလဲ လုံချည် မပါရတာနဲ့  မေ့တတ်တဲ့ နေရာမှာ နှစ်ယောက်မရှိဘူး။ ဒါဆို ဒေါ်လေး လဲမေ့တတ်တာပဲ နော် တစ်ခါက ဦးလေးလဲ တောင်ယာ ထွန် ဖို့ သွားတာ နွားမေ့ခဲ့ ဖူးတယ်ဆို ဒေါ်လေးပြောတာ ဟာ အဲဒါက နွားတွေ နားပါစေတော့ ဆိုပြီး ထားခဲ့တာပါကွာ၊ဖိုထွေး တစ်ယောက် ဟားဟားးဟားး ဦးလေး က ပြောတတ်တယ်၊ဒေါ်လေးနဲ့  အတူတူ ပဲ လို့  ပြောလိုက်တဲ့အချိန်မှာ ဖိုးထွေးရဲ့ ဦးလေး လဲ ရယ်ပါတော့သည်။
အသက်အရွယ် ကြီးပြီဖြစ်တဲ့ ဦးလေး၊ဒေါ်လေး တို့  မေ့တတ်တဲ့ အလွဲလေးတွေ ကို ရေးသားထားတာပါ။
MSC အဖွဲ့ သားများ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိကြပါစေ။
Author>>>@aungsanlwin
MSC-017
image

54 upvotes $2.29

Replies (20)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: