4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

အညာရိုးရာဓလေ့

ရေစကြိုမြို့ ရဲ့ အနောက်ဘက် ၆ မိုင်ဝန်ကျင်မှာရှိတဲ့ မုံညင်း ကျေးရွာ က ကိုးတောင်ပြည့် ဘုရားဆွမ်းလောင်းလှူ ပွဲ အညာရိုးရာ အသံချဲ့စက်ဝါသနာရှင် အသီးသီးမှ ရှင်ပြိုင်ဖွင့်ကြတဲ့ ဓလေ့လေးကိုဖော်ပြပေးချင်ပါသည်။ ကိုးတောင်ပြည့်ဘုရားကို မုံညင်းကျေးရွာ ရဲ့ မြောက်ဘက် အရပ် ရွာမြောက်တံခါး ရှေ့ တည့်တည့်မှာ တည်ထားကိုးကွယ်ခဲ့ကြပြီး ခေတ်အဆက်ဆက် ပြုပြင် မွမ်းမန်ကာ နစ်စဉ်ဘုရားဆွမ်းလောင်းလှူပွဲကို ဝါခေါင်းလပြည့်ကျော် ၅ ရက် မှာပြုလုပ်လောင်းလှူ ကြပါသည်။မုံညင်းကျေးရွာ ရဲ့ ရွာ ဦးဘုန်းတော်ကြီးကျောင်း ကတော့ ရွာရဲ့ အရှေ့ ဘက် မှာ တည်ရှိပါသည်။တကျောင်းတည်သော ရွာဦးဘုန်းတော်ကြီးကျောင်း ကို"အောင်မြေဗိမာန်"ဟုအမည်ခေါ်တွင်ပါသည်။
FB_IMG_1504188414985.jpg
ဘရားပွဲ မှာပါဝင်ဆင်နွဲကြတဲ့ အသံချဲ့ အလုံးပေါင်း ၃၀ ခန့်ကို ကျေးရွာရဲ့ လူငယ် အစုအဖွဲ့ အသီးသီးမှ ငှါရမ်းခေါ်ယူကာ ဆွမ်းလောင်လှူ ပွဲ မှာ ဝါသနာအရ အပျော်တန်း ရှင်ပြိုင်ဖွင်းကြခြင်း ဓလေ့တစ်ခုပဲဖြစ်ပါသည်။ကျနော့်
အမည်ကတော့ အောင်မြင့်သိန်း ဖြစ်ပြီး ကျနော့်ဝါသနာအရ ထူထောင်ထားတဲ့ အသံချဲ့ စက်အမည် ကတော့ အောင်းစည်ဟိန်း ဟုခေါ်ကာ သပြေပင်ရွာ ကဖြစ်ပါသည်။သပြေပင် ရွာကတော့ မုံညင်းရွာ ရဲ့ အနောက်တောင်ယွန်ယွန်း ၁ မိုင်ခန့်မှာ တည်ရှိပါသည်။
FB_IMG_1504188591035.jpg
မုံညင်ရွာတောင်ဘက် တောရိုးလူငယ်အဖွဲ့မှ အောင်စည်ဟိန်း ကိုနှစ်စဉ် ငှါရမ်းခေါ်ယူလို့ သွားရောက်ကာ ဝါသနာအထုံသူဖြစ်တော့ ပါရမီဖြည့် ခဲ့ပါသည်။
FB_IMG_1504188660333.jpg
ဒီနှစ်မှာတော့ ရွာတောင်ဘက် လူငယ်တစ်စုကံကောင်ခြင်းကတော့ အောင်စည်းဟိန်း အသံချဲ့စက် တစ်လုံးသာငှါးရမ်းခဲ့ပါသော်လဲ အောင်စည်ဟိန်း ကိုခင်မင်သော မြန်မာပြည် အောက်ပိုင်း ဇလွန်မြို့ နယ် အိုးဘိုစု ရွာမှ ဝါသနာရှင် သံချဲ့စက် လေးကျွန်းစိန် , အောင်ဇမ္ဗူ စတဲ့ အသံချဲ့စက် နှစ်လုံး မှ ကို့ကားနဲ့ကို ဝေးသီခေါင်ပါးတဲ့ အညာဒေကို အခကြေးငွေမယူပဲလာရောက်ကူညီအားဖြည့်သွားတာကိုလဲ ဘုရားပွဲလာ လူအပေါင်းတွေ့မြင်ခဲ့ရပါသည်။ကျနော်ကတော့ Thar Gyi smt ရဲ့ ဖခင်ဖြစ်ပြီး သားကြီး အိမ်အလှည်ပြန်လာတုန်း steemit acc ကို သားကြီး မှဖွင့်ပေးပြီး ဖေဖေလဲ ဝါသနာပါတာနဲ့ ကျွမ်းကျင်ရာလေးတွေဆောင်းပါးရေတင်ဖို့ သင်ပေးထားတာနဲ့ ကျနော်စမ်းရေးကြည့်ခြင်းဖြစ်ပါတယ်ဗျ ။ ကျနော် ကတော့ လျှော်ဖြူ ,သနပ်ခါး, ငှက်ပျော, သရက် , ပိန္နဲ နဲ့ ကျွဲကော စတဲ့ တနိုင်တပိုင် ပြုလုပ်တဲ့ ခြံစိုက်တောင်သူတစ်ဦးဖြစ်ကာ ဝါသနာအရ အသံချဲ့စက်ဖွင်ပါသည်။နောက်ပိုင်းတွေမှာ ခြံလုပ်ငန်းနဲ့ပတ်သက်တာလေးတွေလဲ ကျနော်သိသလောက်ကြိုးစားဖော်ပြပေးပါအုန်းမည်။
Own writer: ဦးလေးသိန်း @aungsihein2
Screenshot_2017-08-31-17-59-55_com.facebook.orca_1504179193410.jpg

26 upvotes $1.43

Replies (5)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: