Community post
Believe yourself
ထိုင်နေတုန်းက အကောင်း
ထသွားမှ ကျိုး မှန်း သိ..တဲ့
ဒီစကားပုံ အဓိပ္ပါယ်က အေးအေးဆေးဆေးသာနေပါ..
မစွန့်စားနဲ့ ဆိုတဲ့သဘော ..
စွန့်စားရင် ဒုက္ခ ရောက်နိုင်တယ် ဆိုတဲ့ဘက်ကို တွေးပြီး
ဖွဲ့ဆိုထားတဲ့ စကားပုံ....
သေချင်တဲ့ကျား တောပြောင်း ဆိုတဲ့ စကားပုံမျိုးနဲ့ အဓိပ္ပါယ်
တူတူပဲပေါ့...
ဒါပေမယ့် ကျနော်က သေခါမှသေရော..တောပြောင်းချင်တယ်..
ကျိုးခါမှကျိုးရော ထ သွားသင့်တယ်လို့ မြင်တယ်..
တချို့က ကိုယ် ကျိုးနေလား ကောင်းနေလား မသိဘူး..
ထ လည်း သွားမကြည့်ဘူး..
တချို့က ကျိုးနေမှန်း သိရက်နဲ့ မှိန်းထိုင်နေကြရင်း..
တစ်သက်လုံး မတ်တတ်ထ သွားခွင့် မရကြဘူး..
ကျနော်တို့ ကျိုးနေလား.ကောင်းနေလား သိဖို့..
ထ သွားကို သွားရမယ်..
ကျိုးနေရင် ကောင်းအောင် ပြုပြင်နိုင်မယ်..
ပြင်ပေးနိုင်မယ့်လူ လဲ တွေ့နိုင်မယ်..
ကျိုးမှာစိုးလို့ ထိုင်နေရင်တော့ တစ်သက်လုံးငုတ်တုတ်ကြီးပေါ့..
ကျိုးနေတဲ့ လူကတော့ ထိုင်ရုံပဲ ထိုင်နိုင်မယ်..
ကောင်းတဲ့လူကတော့ ထိုင်ချင်ထိုင် ထချင်ထ
သွားချင်သွား ကြိုက်တာလုပ်..
အဲဒီတော့ ထိုင်နေမလား ထသွားကြမလား...
@aungthetpysoe 
Replies (6)
We can take out a good learn from your blog.It is an educative value. Big thanks @aungthetpysoe (25)in myanmar
Thanks a lot..
မှတ်သားလောက်တဲ့အတွေးအခေါ်လေးတွေgood brother
ကျေးဇူးပါ ညီ
အော် ကိုစံအောင်ကြီးကို
ဟုတ်