4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ခရီးလမ်းအဆုံး

ကျောချင်းကပ်နေရတာနဲ့
ရင်ဘတ်ချင်းဝေးသွားရတော့မလား

ရေဆန်လမ်းမှာ
လှိုင်းကြမ်းလေကြမ်းတွေနဲ့
မင်းလက်ပမ်းကျသွားခဲ့ပြီပေါ့
ထားပါတော့
တစက်တလေမက
မျက်ရည်ကျသူက ကိုယ်ပါ။

ကံမကုန်ရင်
ပြန်ဆုံကြမယ်ဦးမယ်ဆိုတဲ့
အတွေးကို ရင်မှာပိုက်
အရှုံးများနဲ့ပြာချ
နှလုံးသားရဲ့စျာပနလေ
ကြင်နာသူရေ
လွမ်းသူ့ပန်းခွေမပို့ချင်နဲ့တော့ကွယ်။

classifying-clouds.jpg

Image from

24 upvotes $0.23

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: