4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

လိုတိုင်းတ မရ

ငှက်တကောင်က
ငှက်ဖြစ်နေရခြင်းကို
စိတ်ပျက်နေသလို
ပန်းလေးတပွင့်ကလည်း
သူ ပန်းဖြစ်နေရတာကို
မပျော်ရွှင်ပါဘူးတဲ့။

ရင်ခုန်စရာ
အကြောင်းဘယ်မမြင်ပေမဲ့
မင်းရဲ့ ဂုဏ်ဟာ
မွေးရုံ လှရုံ ပန်းတပွင့်ရဲ့
ဝတ္တရားထက်မကတာ
မင်းမသိပေမဲ့
လောကကြီးက
သိနေပါတယ် ပန်းကလေးရယ်။

မင်းစိတ်ကူးနဲ့သာ
ငါ့ကိုပစ်ချလိုက်ပါ
တချက်ပစ်ရင်
တကောင်ရစကြေးဆို
ငါအကြိမ်ကြိမ်
စတေးခံဝံ့ပါတယ်။

ပန်းကလေးရေ
အိုဇုန်းလွှာတွေပါးလာလို့လား
လေတိုးသံတွေ
တဟူးဟူးဘဝမှာ
ငါလည်းမပျော်ရွှင်လို့
တခါတလေ
ဝတ်ရည်စုပ်ခံရတဲ့
မင်းဘဝကိုပဲ
ငါအားကျနေမိပြန်တယ်။

ပန်းကလေးရေ
ကောင်းကင်ကြီးကို
မြန်မြန်အရွယ်ရောက်စေချင်ပြီ
နှင်းကျတာ နေထွက်တာ
ပန်းပွင့်တာ သဘာဝဆို
ဒါကိုမယုံရင်
မင်းနဲ့ငါ ဘာကိုယုံကြမလဲ။

download.jpeg

Image from

29 upvotes $0.36

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: