Community post
မှော်ရုံတောက အမော
ရတနာနယ်မြေ
ပျော်သူတွေပျော်
မော်သူမော်၍
ချော်သူလည်းရှိ
စုံလှများစွာ။
ကိုယ်ဆီလျှောက်လှမ်း
တောင်စမ်းမြောက်စမ်း
ယောင်နှမ်းနှမ်းနဲ့
ဖြောင့်တန်းမရောက်
အနောက်ဆုတ်ခွာ
ဘဝနာစွ
နှောင်တမသွေ
ရကြလေမည့်
ပီဘိသွေးအေး
ရေမဆေးလည်း
မှော်မြေထဲမှာ
ရနိုးရနိုး မျှော်ကိုးလျှက်။
သို့ပေတငြား
ကြီးပွားခွင့်ရေး
ဖင့်မနှေးပဲ
အလုပ်ထဲမှာ
စိတ်ပါလက်ပါ
အားစိုက် ကာလျှင်
လမ်းသစ်ထွင်ကြ
ကြိုးစားကြသည့်
ဘဝနွေးထွေး
ရေမဆေးလည်း
မှော်မြေထဲမှာ
ရှိလျက်သာတည်း
ခရီးရှေ့ဆက်
ဘဝအတွက်မို့
မဆုတ်မနှစ်
လျှောက်ရဦးမည်။

Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.