4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

myanmar

#ဝါဆိုလပွဲတော်နီးပြီမို့မိဘတွေဖတ်ဖို့
" ဒီမှာမီးလောင်နေပြီဟေ့ မီးသတ်ကားအမြန်လာ အမြန်လာ " ဆိုတဲ့ အော်ဟစ်သံရဲ့ မရှေးမနှောင်းမှာပဲ ဝီး...ရွန်...ဝီး...ရွန်... မြည်သံနဲ့ တဝူးဝူးကားမောင်းကာ တူတော်မောင်နဲ့ အိမ်နီးနားချင်းကလေးတွေ မီးသတ်တမ်း ဆော့နေကြတာကြားတော့ ဖွားအေဖြစ်သူက "ဟဲ့ ကလေးတွေ " တဲ့ လှမ်းဟန့်ပါလေရော။

ဆော့ရင်းနဲ့ သူတို့ပျော်နေကြတာလေး ပျက်သွားမှာစိုးတာနဲ့ " ရတယ် အမေ ကျနော်ပြောလိုက်မယ် "ဆိုပြီး ဝင်ထိန်းလိုက်တယ်။

မင်းတို့ကလည်း အတော်ခေတ်နောက်ကျတာပဲကွ ဆော့တာကလည်း ရိုးလိုက်တာကွာ။ ရွာမီးသတ်ကားကြည့် ဘယ်မှာမီးသတ်နေဖို့လိုလဲ လမ်းပြင် ပန်းရံလုပ်တဲ့ဆီ ရေပို့တာတို့ ရေရှားပါးတဲ့ဆီ ရေလှူတမ်းတို့ ဆော့ပါလားကွ။

အဲ့ဒါမှ မင်းတို့ကား ရောက်တာနဲ့ လူတွေအများကြီးက ပုံးကိုယ်စီနဲ့ရောက်လာပြီး ရေလာသယ်ကြမှာ ပျော်စရာကြီးမို့လား " လို့ ဆိုလိုက်တော့မှ

" ဟေး ဟုတ်တယ်ကွ ဟျောင့်တွေ တို့ ရေလှူတမ်းဆော့ရအောင် " ဆိုပြီး ဆော့နေကြလေရဲ့။

ဆော့ဖို့ သေနတ်မှဝယ်ပေးထားရင် ဩကာသရွတ်ပြီး ဘုရားရှိခိုးတမ်းတော့ ဆော့ကြမှာမဟုတ်ပဲ ရဲလုပ်တမ်း သူခိုးဓားပြလုပ် စစ်တိုက်တမ်းပဲဆော့ကြမှာပေါ့။

ဒိုင်းညောင့်... ဒိုင်း.... ဒိုင်း... ဆိုတဲ့အသံတွေနဲ့ ဟျောင့် မင်း သေပြီကွ ငါသေပြီဆိုတာတွေတော့ မလွဲမသွေကြားရပေမည်။ ဓားလှံလေးမြား ဝယ်ပေးတော့ သိုင်းချမယ်မို့လား။ ဒါသဘာဝမို့ ကလေးဆိုတာ အမြဲအပြစ်ကင်းနေကြမြဲပါ။

အတိတ်နိမိတ်ကောင်းတွေနဲ့ သာယာသံမင်္ဂလာစကားမှ ကြားချင်ကြရင် မီးသတ်ကား မဝယ်စေနဲ့ ကြက်ခြေနီကား ဝယ်မပေးနဲ့ပေါ့။

အိုးစည် ဒိုးပတ် ဂီတာလေးတွေ ဝယ်ပေးကြရင် ကခုန်သီဆိုကြမယ် အိုးပုတ်ဝယ်ပေးရင် ချက်ကြပြုတ်ကြပေမည်။ ဒါ ကလေး သဘာဝ ...

နောက်ထပ်ပြောချင်တာက ပစ္စည်းသင်္ခါရ လူသင်္ခါ အားလုံး ပျက်တတ်ပါတယ်။

စည်းကမ်းတကျ ကိုင်တွယ်သုံးစွဲတတ်အောင် လမ်းပြပါ သွန်သင်ပါ။ ပျက်စီးသွားတဲ့နောက်တော့ မဆူပူ မမာန်မဲပါနဲ့။ မိဘတွေချွေးနဲစာနဲ့ ငွေကုန်ကြေးကျခံ ဝယ်ပေးလိုက်ရတဲ့ ကစားစရာလေးတွေဟာ ကလေးတွေအတွက် စိတ်ချမ်းသာပျော်ရွှင်ကြဖို့သာသင့်ပါတယ်။

ငွေကုန်ပြီး သူတို့မပျော်ကြဘူးသာဆို ဝယ်မပေးတာကမှ....

                                  ချစ်ခြင်းမေတ္တာဖြင့်...
1 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: