4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ethics

IMG_1058.PNG
ကားမောင်းရင် အတင်းတိုးဖြတ်ပြီးမ၀င်တာ ကားမောင်းမကျွမ်းကျင်လို့မဟုတ်ဘူး။

ဘတ်စ်ကားစီးရင် အထဲကိုတိုးဝင်ပေးတာ ပြန်ထွက်ရင် ခက်မယ်ဆိုတာမသိတဲ့ ငပိန်းမို့မဟုတ်ဘူး။

အစည်းအဝေးခန်းထဲမှာ ဖုန်းကိုဖုန်းသံပိတ်ထားတာ အစညိးအဝေးကျင်းပတဲ့သူကိုကြောက်လို့မဟုတိဘူး။

ထိုင်ခုံမှာထိုင်ရင် ကျောပိုးအိတ်ကို ဘေးမချဘဲ ပေါင်ပေါ်တင်ထားပေးတာ အပင်ပန်းခံနိုင်လွန်းလို့မဟုတ်ဘူး။

သင်တန်းမှာ ဖုန်းသံပိတ်ထားတာ ဆရာကိုကြောက်လို့မဟုတ်ဘူး။

ဘုရားမှာ အသံအကျယ်ကြီးနဲ့ ဘုရားမရှိခိုးတာ ဘုရားစာမရလို့မဟုတ်ဘူး။

ကားရပ်ရင် နောက်တစ်နေရာအတွက်ပါ ပါကင်ချန်ရပ်ပေးတာက အချိန်တွေတအားပေါနေလို့မဟုတ်ဘူး။

အဝေးပြေးကားစီးရင် နောက်ဆုံးထိခုံကိုမလှန်တာ ဇိမ်မခံတတ်လို့မဟုတ်ဘူး။

စားထားတဲ့မုန့်ခွံတွေ တစ်ရှူးတွေကို လမ်းဘေးမပစ်ဘဲ လက်ထဲကိုင်ထားတာက အလုပ်ရှုပ်ခံနိုင်လွန်းလို့မဟုတ်ဘူး။

လူများတဲ့နေရာမှာ တိုးဝှေ့မနေဘဲ တန်းစီပေးတာ မြန်မြန် မပြီးချင်လို့မဟုတ်ဘူး။
IMG_1056.JPG

အဲဒါတွေအားလုံးကို ယဉ်ကျေးမှုလို့ခေါ်တယ်။ ယဉ်ကျေးတယ်ဆိုတာ ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့ခင်ဗျလို့ စကားလှလှလေးပြောတတ်ရုံနဲ့မဟုတ်ဘူး။ တစ်ဘက်လူကို ကိုယ်ချင်းစာတတ်တဲ့စိတ်နဲ့ ကိုယ့်ရဲ့ အပြောအဆို အပြုအမူတွေကို ထိန်းသိမ်းတတ်မှ ယဉ်ကျေးတယ်လို့ခေါ်တာ။ အဲဒါမရှိဘဲနဲ့တော့ ယဉ်ကျေးတယ်ဆိုတာ အပေါ်ယံပဲဖြစ်​​နေဦးမှာပဲ။
တွေးမိတွေးရာ၊စပ်မိစပ်ရာ

4 upvotes $0.00

Replies (3)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: