4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

☆အမှတ်တရနေ့လေးတစ်နေ့☆

image
ကျွန်တော့်အတွက် ကြည်နူးစရာ အမှတ်ရစရာနေ့
လေးတစ်နေ့ ရှိခဲ့တယ်။ အဲနေ့လေးမှာကျွန်တော်
ရော ကျွန်တော့အမေပါ ဝမ်းသာပီတိဖြစ်ခဲ့ရတယ်။
ကျွန်တော့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့နေ့
လေးတစ်နေ့ပေါ့ဗျာ။ အဲနေ့လေးကတော့ အမေ့ဆီ
ကနေ ကျွန်တော် အမေ့ခြေရာ တောင်းယူတဲ့နေ့
လေးပါပဲ။ ဟိုအရင်ထဲက မိဘခြေရာတောင်းယူ
မယ်ဆိုပြီး စိတ်ကူးထားပင်မဲ့ အကြောင်းကြောင်း
ကြောင့် မတောင်းယူနိုင်ခဲ့ဘူး။ အဲအတွက် အဖေ
ဆုံးပြီးမှာ တောင်းယူဖြစ်ခဲ့တဲ့ အတွက် အဖေခြေ
ရာကိုတော့ ကျွန်တော် မရရှိခဲ့ဘူး။ မိဘနှစ်ပါးလုံး
ရဲ့ ခြေရာကိုလိုချင်ပင်မဲ့ ကျွန်တော် ကံမပါလာလို့
ပဲလားမသိ၊ အမေ့ခြေရာသာ ရရှိခဲ့ပြီး အဖေ့ခြေရာ
ကိုတော့မယူလိုက်နိုင်ခဲ့ပါဘူး...။

အမေ့ခြေရာ ယူမယ်ဆိုတော့ ကျွန်တော် ကြိုပြင်
ဆင်ရတာပေါ့၊ အမေ့ကိုတော့ ကြိုအသိမပေးထား
ဘူး၊ အမေ အံဩဝမ်းသာသွားအော်လို့၊ အမေ့
ခြေရာယူမဲ့ရက်ကို အမေ့မွေးနေ့ရက်ကိုရွေးလိုက်
တယ်၊ မိဘခြေရာယူမဲ့ရက်တွေက နေ့ကောင်းနေ့
မြတ်၊အခါကြီးရက်ကြီး၊ ဒါမှာမဟုတ်ရင် အမေ့မွေး
နေ့မှာဖြစ်ဖြစ် ကိုယ့်မွေးနေ့မှာ ဖြစ်ဖြစ် အမှတ်ရစေ
တဲ့နေ့လေးတွေမှာလုပ်ရင် ပိုကောင်းတဲ့အတွက်၊
ကျွန်တော်က အမေ့မွေးနေ့မှာ အမေ့ကို မွေးနေ့
လုပ်ပေးရင် ခြေရာယူမယ်ဆိုပြီး ဆုံးဖြတ်လိုက်
တယ်...။
image
အမေ့ခြေရာယူမယ်ဆိုတော့ ကျွန်တော် ကတော့ပွဲ
တစ်ပွဲပြင်ရတယ်..သီးမွေးငှက်ပျော၅ဖီး၊ အုန်းသီး
တစ်လုံး၊ လက်ဖက်၊ကွမ်းယာ၊ အမွေးတိုင်း၊ပန်း
ဖယောင်းတိုင်၊ သောက်တော်ရေ၊ ဆွမ်း၊စတာတွေ
ပြင်ဆင်ပြီး၊ဘုရားကို အမှူးပြုပြီး၊ ခင်ပွန်းကြီး၁၀ပါး
ကိုကတော့ဖို့ အတွက် ပြင်ဆင်ထားရတယ်။
ကတော့ပွဲ ပြင်ဆင်ပြီးတာနဲ့၊ ဘုရားစင်အရှေ့မှာ
အမေ ထိုင်ဖို့နေရာပြင်ဆင်၊ အမေ ခြေဆေးဖို့အ
တွက် ခြေဆေးဇလုံ ပြင်ဆင်ရတယ်၊ ခြေဆေးဇလုံ
ထဲကို ရေ၊အမွေးနံ့သာတွေထဲ့ပြီးပြင်ဆင်ထား
လိုက်တယ်။နောက်ပြီး အမေ့ခြေရာ ယူဖို့အတွက်
နနွင်းရယ် မုံညင်းဆီရယ်ကို မပျစ်မကျဲလေး ဖျော်
ထားလိုက်တယ်။ဝယ်ထားတဲ့ ပိတ်စအဖြူစကို လို
သလောက်အဆင်သင့် ဖြဲထားလိုက်တယ်။
အမေကတော့ ကျွန်တော်ဘာတွေလုပ်နေတာလဲ
ဆိုပြီးလိုက်ကြည့်နေတာပေါ့။
image
အားလုံးပြီးတော့မှာ အမေ့ကို အမေ သားအမေ့ခြေ
ရာယူချင်လို့ သားကို အမေ့ခြေရာယူခွင့်ပြုပါဆိုပြီး
အမေကိုပြောတော့ အမေက အံအော်ဝမ်းသာပြီး
အမေ့မျက်ဝန်းမှာ ပိတိမျက်ရည်တွေဝေနေတာကို
ကျွန်တော်တွေလိုက်ရတယ်။အမေ့ကို ကျွန်တော်
ပြင်ဆင်ထားတဲ့ ဘုရားစင်ရှေ့ကိုခေါ်လာခဲ့ပြီး
ထိုင်ခိုင်းနေလိုက်တယ်။ ကျွန်တော်ကတော့ဘုရား
ကတော့၊ ငါးပါးသီလခံယူ၊ ခင်ပွန်းကြီး ၁၀ပါးကို
ဝန်ချတောင်းပန် ကတော့၊ အမေ့ကိုလဲကတော့၊
ပြီးတာနဲ့ အမေခြေကို အမွေးနံ့သာရေ နဲ့ဆေးပေး
ပြီး အဝတ်သန့်တာလေးနဲ့သုတ်ပေးလိုက်တယ်။
အမေ့ကတော့ ကျွန်တော့ကိုကြည့်ပြီး ပြုံးပြုံး ပြုံးပြုံး
နဲ့ ပီတိဖြစ်နေရှာတယ်။ အမေ့ကိုခြေဆေးသုတ်
ပေးပြီးတာနဲ့ အသင့်ဖျော်ထားတဲ့ နနွင်းကို အမေ့
ခြေဖုဝါးနှစ်ဘက်လုံးမှာ မထူမပါးလေး လိမ်းပေး
လိုက်တယ်။ ပြီးတော့မှာ အမေ့ကို အမေ...သား
ကို အမေ့ခြေရာ ယူခွင့်ပြုပါ ဆိုပြီး တောင်းဆိုတော့
အမေ့က ယူခွင့်ပြုပါတယ်ဆိုပြီး ပြောပါတယ်။ မိဘ
ခြေရာယူတဲ့နေရာမှာ အမေဆိုရင် ခြေကို ဘယ်မှ
ညာကိုစယူရတယ်၊ အဖေဆိုရင်တော့ ညာဘက်
မှာဘယ်၊ဘက်ကို ယူရတယ်။
image
image
ကျွန်တော်ကတော့ အမေ့ ခြေရာယူမှာဆိုတော့
ဘယ်ဘက်စယူရပါတယ်၊ ဘယ်ပြီးတော့ညာခြေ
ရာကိုယူပါတယ်။ အမေ့ခြေရာ ပိတ်ဖြူစပေါ်နင်း
ထားတဲ့အချိန်တွေမှာ အမေက သားသမီးတွေအ
ပေါ်မှာ မေတ္တာထားပြီး ခြေရာကို သရဏဂုံတည်
တည်ပေးနေပါတယ်၊ ကျွန်တော်ကလည်း အမေ
ခြေဖုမိုးကိုဦးခိုက် ကတော့ပြီး အမေ့ကိုပြန်လည်
မေတ္တာပိုပေးနေပါတယ်။ ဒီအချိန် အခိုက်အတန့်
လေးတွေဟာ ကျွန်တော်ရော အမေပါ ကြည်နူး
မဆုံး ပီတိဖြစ်ရတဲ့အချိန်တွေပါပဲ။ အမေ့ခြေရာနင်း
ပြီးတော့ ပိတ်စပေါ်ခြေရာပုံရပြီးဆိုရင်ပဲ ပိတ်စကို အမေကို ပေးပြီးအမေရဲ့မေတ္တာဓာတ် တွေ ကိန်း
အောင်းနေအောင် အမေကမေတ္တာတွေပို့ပေးနေပါ
တယ်။အမေ ခြေရာယူပြီးတော့ အမေ့ခြေရာမှာ
အမေ့လက်မှတ်ရယ်၊ Date ရယ်ထိုးခိုင်းလိုက်ပါ
တော့တယ်...။
image
image
အမေ့ရဲ့မေတ္တာဓါတ်တွေ လွမ်းခြံနေတဲ့ အမေ့ရဲ့
ခြေရာဟာ ကျွန်တော်တို့လို သားသမီးတွေအ
တွက်ကတော့ဘာနဲ့မှာတန်ဖိုးဖြတ်လို့ မရနိုင်ပါဘူး၊
အမေ့ခြေရာယူပြီးတော့ အမေ့ခြေကိုနံ့သာရေနဲ့ပဲ
ပြန်ဆေးပြီး ၊ အမေ့ခြေဆေးထားတဲ့ရေနဲ့ ကျွန်
တော်ဦးခေါင်း ကို သက်တင်းပြီး အမေ့ကို ဦးချ
ကတော့လိုက်ပါတော့တယ်...။အမေ စိတ်ချမ်း
သာ ကိုယ်ကျန်းမာပြီး အသက်ရာကျော်ရှည်ပါစေ
ဆိုပြီး အမေ့ကိုဆုတောင်းလိုက်ပါတော့တယ်...။
image
image
(မိဘကောင်း သားသမီးကောင်းများဖြစ်ကြပါစေ...အမိအဖကိုတန်ဖိုး
ထားနိုင်ကြပါစေ...)

Writer@Aungzin
MSC. 242

67 upvotes $1.72

Replies (20)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: