4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

ဘဝဟူသည်

ဘဝဟူသည်

c4b932f9-d17e-459d-a613-b00932c1443f.jpg
Credit image source
လူသည်ကျောက်ရိုင်းတုံးတစ်တုံးကဲ့သို့ပင် ဖြစ်သည်။တန်ဖိုးရှိမှန်းသိပေမယ့်လည်း ကိုယ့်ကိုသွေးပေးမည့် ကျောက်သွေးဆရာ မရှိခဲ့လျင် တန်ဖိုးရှိသော ကျောက်ကောင်း တစ်ပွင့်ဖြစ်လာလိမ့်မည်မဟုတ်ပေ။လောက ၌ မိမိအား သွန်သင်ဆုံးမ သူများ၊သင်ပြပေးသူများသည် ရွေအိုး၊ငွေအိုးပေးသူများနှင့် တူပေသည်။ကျောက်ကောင်းတစ်ပွင့်ရဖို့ အကြိမ်ကြိမ် ပွတ် တိုက်၍ ပုံဖော်ရသကဲ့သို့ ဘဝတွင်လည်း လောကဓ္ဓာန်၏ ရိုက် ခတ်မှုကို အကြိမ်ကြိမ်ခံနိုင်ရည်ရှိစွာဖြင့် ရင်ဆိုင်နိုင်မှသာ အောင်မြင်သော လူတော်တစ်ယောက်ဖြစ်လာမည်ဖြစ်သည်။ မီးနာမှသံကောင်းမည် ဟုသကဲ့သို့ပင် ဓားကောင်းတစ်လက်ရဖို့ မီးပြင်းပြင်းပေး၍ အကြိမ်ကြိမ် ထုနှက်ရိုက်ခံရသည်။လေဒဏ်၊ လှိုင်းဒဏ်ကိုအကြိမ်ကြိမ် ဖြတ်ကျော် မောင်းနှင်ပြီးမှသာ ကြံ့ခိုင်ကျွမ်း ကျင်တဲ့သင်္ဘောသားတစ်ယောက် ဖြစ်လာနိုင်သည်။ဘဝမှာအောင် မြင်မှုဟူသည် အလွယ်တကူရတတ်သော အရာမဟုတ်ပေ။ကြုံတွေ့ရတဲ့ အခက်အခဲအကြပ်အတည်းများသည် မိမိအား အတွေ့အကြုံရင့်ကြပ်သူအဖြစ်သို့ ပြောင်းလဲပေးမည့် အရာများဟု မှတ်ယူရပေမည်။

မိမိကြုံတွေ့ရသော အခက်အခဲအကြပ်အတည်းများသည် မိမိအား ပျော်ရွှင်မှုပေးမည့် အရာများဟု လည်း မှတ်ယူနိုင်သည်။အဘယ် ကြောင့်ဆိုသော် ထိုအခက်အခဲများကို ရင်ဆိုင်ဖြေရှင်းပြီးနိုင်ချိန်မှာ ရရှိသော ပျော် ရွှင်မှုသည် စစ်မှန်သောပျော်ရွှင်မှု၊ကျေနပ်အားရမှုပင်ဖြစ်သည်။ထိုပျော်ရွှင်မှုကိုရနိုင်ဖို့ သင်သည် လောက အလယ် မှာကျန်းမာကြံ့ခိုင်စွာရှိ နေဖို့လိုအပ်သည်။လောကကြီးကိုအရှုံးပေး လိုက်ပါက အသက်မဲ့နေသောသင့် ခန္ဓာကိုယ် ကြီးသည် ပျော်ရွင်မှုတွေကိုထိတွေ့ ခံစားနိုင်တော့လိမ့်မည့်မဟုတ်ပေ။

လူအများစုသည် သူတစ်ပါး၏အောင်မြင်မှု၊ရှုံးနိမ့်မှုတွေကိုကြည့်ပြီး ဝမ်းသာလိုက်၊ဝမ်းနဲ လိုက်နှင့်သာ အချိန်ဖြုန်းနေကြသည်။ကိုယ်တိုင် အောင်မြင်မှုကို ထိတွေ့ခံစားဖို့် မေ့လျော့နေကြသည်။မိမိကိုယ်ကို သိမ်ငယ်သောစိတ်ထားမွေးနေသူတို့သည် မြင့်မားသူတစ်ယောက် ဖြစ်လာနိုင်မည် မဟုတ်ပေ။ငါကတော့ရုပ်မလှလို့ ၊ဆွေမျိုးအသိုင်းအဝိုင်း မရှိလို့၊ငွေမရှိလို့ ဟူသော အပြစ်များသာ မြင်နေပါက ဘယ်တော့အခါမှ အောင်မြင်သူတစ်ယောက် ဖြစ်လာလိမ့်မည်မဟုတ်ပေ။မိမိကိုယ်ကို ထွက်ပေါက်မရှိအောင် ဘေးကြပ်နံကြပ် ပြုသကဲ့သို့ဖြစ်နေလိမ့်မည်။မိမိကိုယ်ကို မယုံကြည်စိတ်နှင့် ပတ်ဝန်းကျင်၏ ဝေဖန်ခံရမှာကြောက်ရွံ့စိတ်တို့ပေါင်းစပ် လိုက်လျင်တော့ ဆင်းရဲတွင်းထဲ တစ်လှမ်းခြင်းဆင်းနေသကဲ့သို့ပင်ဖြစ်နေလိမ့်မည်။မိမိကိုကိုယ် အပြစ်မြင်ရင်းနှင့်သာ သိမ်ငယ်သောဘဝ၊ရှုံးနိမ့်သောဘဝသို့ ရောက်ရှိသွားတတ်ကြသည်။
images (1).jpeg
Credit image source
ငယ်စဉ်အခါကပင် လမ်းမလျောက်တတ်ခင်က လဲကျတယ်၊ပြန်ထတယ်၊အကြိမ်ကြိမ်လဲကျတိုင်း ပြန်ထခဲ့ကြတာပဲဖြစ်သည်။ငယ်စဉ်အခါက မိမိကိုယ်ကို အပြစ်မမြင်တတ်ကြပေ။ လူတိုင်း အခြေခံဒီလိုစိတ်မျိုးရှိပါလျက်နှင့် ကြီးလာမှသာ ရှုံးနိမ့်စိတ်တွေဝင်လာခြင်းမျိုး သည် မဖြစ်သင့်ပေ။ငါးမန်းပုံပြင်ထဲကလိုပင်။ငါးသေးသေးလေးတွေရှိသော ရေကန်ထဲသို့ ငါးမန်းတစ်ကောင်ကိုထည့်လိုက်သည်။ထိုငမန်းက ငါးသေးသေးလေးတွေကို စားလေတော့သည်။ထို့နောက် ထိုကန် ထဲတွင်ငါးမန်းနဲ့ ငါးသေးသေးလေးတွေကြား မှန်တစ်ချပ်ထားလိုက်သောအခါ ငါးမန်းသည် ငါးသေးသေးများအားစားရန်ပြုတိုင်း မှန်နဲ့ အကြိမ်ကြိမ် တိုက်ခံရသည်။နှုတ်သီး၌သွေးစို့လာသည်။စားရန်ပြုတိုင်းပြုတိုင်း မှန်နဲ့တိုက်၍ နာကျင်လာသောအခါ လက်လျော့လာလေသည်။ထိုအခါမှ မှန်ချပ်အားဖယ်ပေးလာသည်။ငါးမန်းသည် အကြိမ်ကြိမ်ရှုံးနိမ့်ထားသည့်အတွက် သူ့ကိုယ် သူယုံကြည်မှုမရှိတော့ပေ။ငါးသေးသေးလေးတွေ သူဘေးမှာကူးခတ်နေသော်လည်း စားရန်အားမထုတ်တော့ပေ။လောက၌လည်းထိုကဲ့သို့ပင်ဖြစ်သည်။ဘဝမှာ အခက်အခဲတွေ၊ဆုံးရှုံးမှုတွေကို ကြုံတွေရတာများလာသောအခါ မိမိတွင် ရှိသော အစွမ်းအစကို ယုံကြည်မဲ့သွားတတ်သည်။အခွင့်အရေးရနေပါလျက် အခွင့်အရေး ကိုမြင်အောင် မကြည့်တတ်တော့ပေ ။ဘဝတစ်လျောက်လုံး ဘောင်ကျဉ်းကျဉ်းလေးတွင်သာနေထိုင်သွားရပေတော့သည်.......။
ttc42rvrqj.jpg

@aungzin
Msc.242

77 upvotes $1.50

Replies (28)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: