4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

စိတ်

စိတ်

Buddha-Weekly-0Flower-of-Mind-_l_32735708.jpg
Credit image from https://www.google.com/search?tbm=isch&sa=1&ei=TQIEW7_3N47-rQGD1KnABw&q=mind&oq=mind&gs_l=mobile-gws-wiz-img.3..0l5.24180.28817..30013...1....299.1420.0j4j3......0....1.......3..35i39.eLTMD2NQx6Y%3D#imgrc=aVnRUlNy9TMfSM:
ကမ္ဘာပေါ်မှာ အမြန်ဆုံးသောအရာ၊ကောင်းတာလုပ်တာလဲ စိတ်၊မကောင်းတာလုပ်တာလဲ စိတ် ကြောင့်ပဲဖြစ်သည်။စိတ်ထားကောင်းက မြတ်၏။စိတ်ထားကောင်းဖို့က ပထမဟုဆိုကြသည်။စိတ်ထောင်းတော့ကိုယ်ကြေတဲ့။စိတ်ကသာ အရာရာကို ဦးဆောင်လေ့ရှိသည်။စိတ်၏ ကျန်းမာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေဟုပြောကြသည်။မည်မျှပင်ချမ်းသာနေပါစေ၊စိတ်ချမ်းသာမှုမရှိရင် အလကားပင်ဖြစ်သည်။မည်မျှပင်အလှူအတန်းပြုလုပ်နေပါစေ၊စေတနာစိတ်မထားတတ်က ကုသိုလ်မရဘဲဖြစ်တတ်သည်။ညောင်ပင်ကြီးလောက်လှူလည်း ညောင့်စေ့လောက်သာကုသိုလ်ရတတ်သလို ညောင်စိတ်လောက်လှူပေမယ့်လည်း ညောင်ပင်ကြီးလောက် ကုသိုလ်ရတတ်သည်။ထိုအရာမှာစိတ်ကြောင့်သာ ကွာခြားသွားခြင်းဖြစ်သည်။မိမိပြုလုပ်သော အလှူ အပေါ် ကျေနပ်ပီတိစိတ်အမြဲဖြစ်နေမှသာ သံသရာအတွက် အထောက်အကူဖြစ်နိုင်လိမ့်မည်။လှူသာလှူလိုက်ရသည် ၊မိမိအလှူအပေါ်ကြည်နူးပီတိစိတ်ဖြစ်ပေါ်မနေလျင်တော့ သဲထဲရေသွန်သလိုသာဖြစ်နေလိမ့်မည်။ထိုကြောင့်စိတ်သည် အရေးကြီး၏။စိတ်၏အရေးကြီးပုံကို ပုံပြင် ဥပမာတစ်ခုနှင့် တင်ပြလိုပါသည်။

တစ်ရံသောအခါတွင် တံငါသည် သူငယ်ချင်းနှစ်ယောက်ရှိ၏။ထိုသူငယ်ချင်းနှစ်ယောက်သည် ငယ်စဉ်ကတည်းက ငါးဖမ်းခြင်း အလုပ်နှင့်သာ အသက်မွေးဝမ်းကြောင်းပြုကြခြင်းဖြစ်သည်။၎င်းတို့၏ မိဘများရှိစဉ်ကတည်းက ငါးဖမ်းခြင်းနှင့် အသက်မွေးကြသည့် အတွက် သူတို့နှစ်ဦးလည်း ငါးဖမ်းခြင်းနှင့်သာ အသက်မွေးဝမ်းကြောင်းပြုကြ၏။တစ်နေ့သောအခါ စိတ္တဟုအမည်ရှိသော တံငါသည်ဖြစ်သူမှာ သူငယ်ချင်း တံငါသည်အား
"သူငယ်ချင်း သုတ ငါတို့နှစ်ဦးလည်း လူမှန်းသိတတ်စ ကတည်းက သူတစ်ပါးအသက်ကိုသတ်ဖြတ်ခြင်းအမှုနဲ့သာ အသက်မွေးဝမ်းကြောင်းပြုခဲ့ရသည်၊ယနေ့အချိန်ထိ ကုသိုလ်ကောင်းမှုမပြုလုပ်လုပ်ရသေးပေ၊ထို့ကြောင့် ငါတို့ လာမယ့် ဥပုသ်နေ့မှာ ဘုန်းကြီးကျောင်းသွား၍ ဥပုသ် သီလစောင့်တည်ကြရအောင်"ဟူ၍ ပြောရာ သုတမည်သော တံငါသည်မှ "သူငယ်ချင်းရယ် မင်းက လူပျိုလူလွတ်ဆိုတော့ တစ်ရက်အလုပ်မလုပ်လည်း ကိစ္စမရှိပေဘူး၊ငါ့မှာတော့ သားသမီးတွေနဲ့ ဇနီးကရှိတော့ တစ်ရက်လုပ်မှ တစ်ရက်စားရတာ၊ငါသာ အလုပ်မလုပ်ရင် ငါ့မိသားစု ထမင်းငတ်ရလိမ့်မယ်၊ငါမလိုက်ပါရစေနဲ့"ဟု မိသားစုအရေးကိုငဲ့၍ ဥပုသ်စောင့်ခြင်းအမှုကို ငြင်းပယ်ခဲ့လေသည်။
mind-wandering.jpg
Credit image from https://www.google.com/search?tbm=isch&sa=1&ei=TQIEW7_3N47-rQGD1KnABw&q=mind&oq=mind&gs_l=mobile-gws-wiz-img.3..0l5.24180.28817..30013...1....299.1420.0j4j3......0....1.......3..35i39.eLTMD2NQx6Y%3D#imgrc=PTa9iVO2I-7x5M:
ထိုသို့နှင့် ဥပုသ်နေ့သို့ရောက်သောအခါ စိတ္တ မှ ဘုန်းကြီးကျောင်းသို့သွား၍ ဥပုသ်စောင့်တည်လေသည်။သုတမှာတော့ ထုံးစံအတိုင်း ပင်လယ်ပြင်သို့ထွက်၍ ငါးဖမ်းရလေသည်။ထိုနေ့တွင် မိုးလေးကလည်း တဖျောက်ဖျောက်နှင့်ကျနေလေ၏။စိတ္တမှာဘုန်းကြီးကျောင်းတွင် သီလယူနေသော်လည်း စိတ်တွင်မူ " တောက်,မိုးကလည်း တဖျောက်ဖျောက်နှင့်၊ငါးတွေတော့ ပေါလိုက်မည့်ဖြစ်ခြင်း၊သုတတော့ ခုချိန်ငါးတွေအများကြီးရနေလောက်ပြီ၊ငါမလိုက်သွားမိတာ မှားလေခြင်း"ဟူ၍ သုတငါးဖမ်းသွားရာဆီသို့သာစိတ်ရောက်နေလေတော့သည်။

သုတ မှာမူ မိသားစုအရေးအတွက်သာ ငါးဖမ်းနေရသည်။စိတ်တွင်မူ "ငါ့သူငယ်ချင်း စိတ္တတော့ ခုချိန်ဆို ကုသိုလ်တွေအများကြီးရနေလောက်ပြီ၊ငါ့မှတော့ မိသားစုအရေးကြောင့်သာ ဒီအကုသိုလ်အလုပ်တွေလုပ်နေရတယ်၊ငါလည်း ဥပုသ်သီတင်းစောင့်တည်ချင်လိုက်တာ"ဟူ၍ သူငယ်ချင်းစိတ္တထံသို့စိတ်ရောက်၍ ကုသိုလ်ပြုလုပ်နေမှုအပေါ် ကြည်နူးပီတိ ဖြစ်နေလေတော့သည်။ထိုစဉ် ရုတ်တရက် ရာသီဥတု မှာပြောင်းလဲ၍ မုန်တိုင်းများကျလာလေတော့သည်။သုတ ၏ လှေငယ်လေးမှာလည်း မုန်တိုင်းကြားထဲတွင် လူးကာလွန့်ကာနှင့် လှိုင်းဒဏ်ကိုမခံနိုင်လေသောအခါ ရေအောက်သို့ နစ်မြုပ်လေတော့သည်။စိတ္တ မှာလည်း ဥပုသ်စောင့်တည်ရာမှ လယ်ကွင်းအားဖြတ်၍ အိမ်သို့ပြန် နေစဉ်တွင်မိုးရွာသွန်းလာသောကြောင့် လယ်ကွင်း အလယ်ရှိ သစ်ပင်ကြီးအောက်သို့ဝင်၍ မိုးခိုနေလေ၏။ထိုစဉ် ဂျိန်းဟူသော အသံကြီးနှင့်အတူ စိတ္တမိုးခိုနေသော သစ်ပင်ကြီးအား မိုးကြိုးပစ်ချလိုက်လေရာ သစ်ကိုင်းကြီး ကျိုးကျ၍ စိတ္တအားပိကာ ထိုနေရာတွင်ပင် သေလေတော့သည်။ စိတ္တနှင်သုတ တို့နှစ်ဦး သေလွန်သောအခါ ဥပုသ်သီတင်းစောင့်တည်သူ စိတ္တမှာ ငရဲသို့ရောက်၍ ငါးဖမ်းသွားသော သုတမှာ နတ်ပြည်သို့ရောက်လေသည်။မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်သည်ကို စာဖတ်သူကသာ ဖြေပေးပါတော့ခင်ဗျာ။...။

@aungzin
MSC.242

114 upvotes $0.84

Replies (24)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: