4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Suck deface

Websit deface တင်တတ်တာနဲ့ Hacker ဖြစ်ပီလား??????

ဒီလို​ပြော​တော့ ကိုယ့်​ဆရာ​တွေမျက်​ခုံးပင့်​ပီး
ကိုယ့်​ကိုကြည့်​ကြလိမ့်​မယ်​။ image

သိုင်းလောကကြီးငြိမ်သက်နေတာကြာပီမလို့
နည်းနည်းမီးမွှေးတာပါ ....:3

ဒီအကြောင်းအရာနဲ့ပတ်သက်ပီး မျက်စိစပါးမွှေးစူးခဲ့တာကြာပီ။
ပြောမယ်ပြောမယ်နဲ့ မသက်ဆိုင်တဲ့ကိုယ့်စီနီယာတွေအထင်လွဲမှာကို
စိုးရိမ်ရတာကတကြောင်း ၊
ကိုယ်လေးစားတဲ့သူတွေကိုအားနာရတာကတကြောင်းနဲ့
မပြောဖြစ်ခဲ့တာ ....
တကယ်တော့ သူတို့လိုလူတွေနဲ့ဘာမှမသက်ဆိုင်ပါဘူး ...
ခုပြောချင်တဲ့လူတန်းစားက သီးသန့် ....
ဒီတော့ အဲ့လူတွေကိုနာမည်မတပ်ပေမယ့်
အတတ်နိုင်ဆုံးသီးသန့်ခွဲပီးပဲ အတင်းတုတ်တော့မယ် :3
image
ဘယ်ကစမလဲ ... ဆိုတော့ ....
Hacker လို့အော်နေတဲ့သူတွေရန်ဖြစ်ရင်တင်နေကျ ၊
ကွင်းမန့်မှာမန့်နေကျ စကားလုံးတခုနဲ့စရမယ် ...။

" Skill ရှိရင် ... Deface တင်ပြ " ..... ဆိုတာ ... :3

ကိုယ် ကြည့် ကြည့်နေတယ် ...။

နည်းပညာသမားအချင်းချင်းစကားများရင်
Deface ပြိုင်တင်မလားမေးတယ်။
အကြွေးတောင်းလို့မရင် Deface တင်ရမလားမေးတယ်။
ယုတ်စွအဆုံး လမ်းထဲကပဲပြုတ်သည်နဲ့ရန်ဖြစ်ရင်တောင်
Deface တင်ပလိုက်ရမလားလို့ခြိမ်းခြောက်တယ်။

သာပါတယ်ဗျာ .... :3

ဟိုးလွန်ခဲ့တဲ့နှစ်တွေမှာ Recovery က
Hacking လို့ခံယူထားတဲ့ကလေးတွေရဲ့ပိုစ့်မှာ
ဒီလိုကွင်းမန့်တွေပလူပျံနေခဲ့ဖူးတယ် ...။
ကလေးတွေကိုအနှိမ်ခဲ့ဆုံးစကားလုံး ....။
ခုအဲ့ကလေးတွေပြောင်းလဲလာကြပီ ...
Recovery ကိုလည်း hacking မဟုတ်မှန်းလက်ခံလာကြသလို
လုပ်စရာရှိတာဆက်လုပ်တယ်
လေ့လာစရာရှိတာဆက်လေ့လာတယ်
ဒီနှစ်ပိုင်းအတွင်းမှာပဲ တချို့ကလေးတွေဆို
ရင်သပ်ရှုမောစရာကောင်းလောက်အောင်
Skill တွေတက်လာခဲ့တယ်။
ဒါ ... အားပေးရမယ့်ကိစ္စ ဂုဏ်ပြုရမယ့်ကိစ္စ။
သူတို့လေးတွေကို ကိုကိုယ်တိုင်လေးစားတယ်။

ဒါမယ့် .... အဲ့အရင်ကတည်းက
စကေးရှိရင် ဒဖေ့တင်ပြဆိုတဲ့သူတွေရော
ဒီနှစ်ပိုင်းအတွင်းဘာတွေတိုးတက်လာခဲ့သလဲ?

နိုးပါ .... ပိုစ့်တွေကိုလိုက်ကြည့်ကြည့်
ခုချိန်ထိရန်ဖြစ်လာရင်
Deface ပြိုင်တင်မလားဆိုတာအပြင်
ကျန်တာစိန်မခေါ်တတ်သေးဘူး။

Account တွေဟက်တာ Recovery ဆွဲတာ
Hacking မဟုတ်ဘူးလို့သူတို့အော်တယ်။
Hacking ကဘာလဲသွားမေးရင်
Deface တွေထုတ်ပြတယ် .............. -_-

ကိုယ်ပြောချင်တာက Deface တင်တာဟာ
Hacking မဟုတ်ပါဘူးလို့ပြောနေတာမဟုတ်ဘူးနော် ...။
Deface တင်တာတခုတည်း Hacking မဟုတ်ဘူးလို့ပြောချင်တာ ....
သဘောပါလားမသိဘူး :3

ဒီအယူအဆကြီးက Recovery ဟာ
ဟက်ကင်းဆိုတာထက်ကို ဆိုးဆိုးရွားရွားအမြစ်တွယ်နေတယ်။
အဓိကအားဖြင့် တောမရောက်တောင်မရောက်
လူကြီးမကျ ကလေးမကျလူတွေဆီမှာ
ဒီအယူအဆကိုခနခနတွေ့နေရတယ် ....။
Hacker ဆိုတာ Website ဟက်တဲ့လူလို့ပဲနားလည်လက်ခံထားသူ ...။
Hacking လို့ပြောလိုက်တာနဲ့ website hack တာ​လောက်ေ​ပြးမြင်တဲ့သူ
LFI/RFI, File Upload လောက်နဲ့
Deface အုပ် Hacker လုပ်နေတဲ့သူတွေ ...

ဒီပုံအတိုင်းသာဆက်သွားရင်
Recovery က Hacking ဆိုတဲ့ခေတ်ထက်
ရှေ့လျှောက်ပိုဆိုးတော့မယ်။
ဒီအတွေးအခေါ်ကို ကလေးတွေဆီလက်ဆင့်ထပ်မကမ်းခင်
ရပ်တန်းကရပ်သင့်တယ်လို့လည်းထင်တယ်။

Hacking မှာနယ်ပယ်တွေအများကြီးကျန်ပါသေးတယ်။
Social Engineering ကစလို့ ...
Device hacking, wireless, software, hardware
ရေခဲသေတ္တာ ကားဟက်ကင်းအဆုံး
နယ်ပယ်က အကျယ်ကြီးရယ် ...။
အနည်းဆုံး Youtube မှာ
Defcon လို့သာရှာပီးကြည့်ပါ။
နားလည်သွားလိမ့်မယ်။

လွန်ခဲ့တဲ့နှစ်ဒီလိုအချိန်မှာ
Recovery ဆွဲတတ်ရင် Hacker ဖြစ်ပီလားလို့ ကိုယ်မေးတော့
နောက်နေ့ ကိုယ့်ပိုစ့်ကိုရှဲပီးဆဲတဲ့သူနဲ့
ကိုယ့်အကောင့်လာပီး Recovery ဆွဲတဲ့သူနဲ့
တော်တော်လေးပွဲစည်ခဲ့သေးတယ်။

ခုတော့ ကိုယ်ထင်ပါတယ် ...
ကိုယ့်ပိုစ့်အောက်မှာ ကွင်းမန့်တွေလာတော့မယ်
စကေးရှိရင် ဒဖေ့ပြိုင်တင်မလား ဆိုတာ ... :3

ကိုယ်က ယူတို့လိုဟက်ကာမဟုတ်ပါဘူး
ဝက်ဆိုက်တွေလည်းမဟက်တတ်ဘူး ဒဖေ့တင်ဖို့လည်း
ငယ်ငယ်ကတည်းကမလေ့လာဖူးဘူး။
အိုက်ဒေါ့ လာစိန်မခေါ်ကြပါနဲ့...။
ကွကိုယ်သာယာနေတဲ့ဘ၀လေးကို
Deface လာမတင်ကြပါနဲ့ ... ဒါပါပဲ...။

ပီးတော့ ကိုယ်လေးစားရတဲ့
Web Pentesting ပိုင်းကစီနီယာ ဂျူနီယာညီအကိုတွေ
သူ့သူအေးအေးချမ်းချမ်းလေ့လာနေသူတွေနဲ့
ဒီပိုစ့်ဟာသက်ဆိုင်ခြင်းမရှိပါကြောင်း။

ရန်ဖြစ်တိုင်း Deface ပြိုင်တင်မလားမေးတတ်တဲ့
Second Gen HackCat များကိုသာ
ရည်ရွယ်ပါကြောင်း .... :3

7 upvotes $0.00

Replies (1)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: