4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

စေတနာအကျိုးပေး

image

Steemit members အားလုံး မင်္ဂလာပါရှင်။
တစ်ခါက မြို့ပေါ်မှာ အလုပ်လာလုပ်ကြတဲ့ အိနှင့်ခိုင် ညီမနှစ်ယောက် ရှိသတဲ့။ မြို့က သူတို့ အဒေါ်အိမ်မှာ နေပြီး အလုပ်လာလုပ်ကြတာပေါ့။ သူတို့ ညီမ မြို့တက်ပြီး အလုပ်လာလုပ် ရခြင်းကတော့ ရွာမှာ မိဘများ မရှိတော့တာမို့ ရှောက်စောင့်မယ်သူ မရှိတော့ပြီးမို့ မြို့က အဒေါ်က မိန်းကလေး နှစ်ယောက်တည်းမို့ ရှောက်စောင့်ဖို့ ခေါ်ထားပင်မယ့် အဒေါ်ကလည်း ပြေလည်လှသူ မဟုတ်တော့ သူတို့ညီအမမှာ မြို့ပေါ်မှာ အလုပ်လုပ်ဖို့ အကြောင်းဖန် လာတော့တာပေါ့။ မြို့ပေါ်မှာ အလုပ် တစ်ခု ရဖို့ဆိုတာ မလွယ်လှတာမို့ ရရာ အလုပ်သာ လုပ်ကိုင်ကြရတာပေါ့။ ညီမနှစ်ယောက်လုံးမှာ ရုပ်ရည်လေး ရှိပေမယ့် ပညာက မတက်တော့ အလုပ်က ရှာဖို့ခက်နေတာပေါ့။ နောက်ဆုံးတော့ ထမင်းဆိုင် နှစ်ဆိုင် တစ်ယောက် တစ်ဆိုင်စီမှာ အလုပ်ရသတဲ့။ ညီအမ နှစ်ယောက် တူတူလုပ်ချင်ပင်မယ့် အလုပ်က ရှာရခက်လွန်းတာမို့ ရတဲ့ အလုပ်လေးမှာပဲ ဝင်လုပ်ရရှာတာပေါ့။

image

ဆိုင်နှစ်ဆိုင်က ထမင်းဆိုင်သာ တူတာ တစ်ဆိုင်က တစ်အားရောင်းရပြီး တစ်ဆိုင်ကတော့ အရောင်းနည်းပါးလွန်းလှတယ်။ အိလုပ်သောဆိုင်မှာ နေ့စဉ် စားသုံးသူမှာ များပြားလွန်းတာမို့ လက်မလည်အောင် ရောင်းရလွန်းတယ်။ ဆိုင်ရှိ ဝန်ထမ်းများမှာလည်း ဘယ်လောက်ပင် အလုပ်များများ ပင်ပန်းတဲ့ အရိပ်ရောင်တောင် မတွေ့ရပဲ အမြဲတမ်း ပြုံးရွှင်နေကြသလို အားလုံးမှာလည်း တက်ညီလက်ညီ မခိုမကပ်ပဲ အလုပ်လုပ်ကြတယ်။ ဘာလို့ဆို သူတို့အလုပ်ရှင်က စားသုံးသူ အပေါ်မှာ စေတနာ ထားသလို သူ့ဝန်ထမ်းများ အပေါ်မှာလည်း မိသားစုလို ဆက်ဆံတယ်။ အစားအသောက် ကောင်းများကို လက်ရာမပျက် သန့်ရှင်း လတ်ဆတ်အောင် ရောင်းချသလို ဝန်ထမ်းများ အပေါ်မှာလည်း သူ၏သားသမီးလေးတွေကဲ့သို့ ပြောဆိုဆက်ဆံတာမို့ ဝန်ထမ်းများဘက်ကလည်း သူတို့အပေါ်ကောင်းသော အလုပ်ရှင်၏ စေတနာမှန်ကို မြင်ရသောအခါ တစ်ဦးကို တစ်ဦး မခိုမကပ်ပဲ ပေးထားသလောက်ပဲ တန်အောင်လုပ်မယ် ဆိုတဲ့ စိတ်မျိုးမရှိကြပဲ ကိုယ့်မိသားစု အလုပ်ကဲ့သို့ အားသွန်ခွန်စိုက် လုပ်ကြတာမို့ သူတို့ထမင်းဆိုင်လေးမှာ နေ့စဉ်နဲ့အမျှ လူစည်ကား ရောင်းကောင်းလွန်းလှတာပေါ့။

image

နောက်တစ်ဆိုင် ခိုင်လုပ်သော ဆိုင်ကတော့ တစ်နေ့တစ်နေ့ လာစားသူတဲ့ နည်းပါး လွန်းလှတယ်။ မသိတဲ့သူတွေလောက်သာ ဝင်စားကြတာ စားပြီးသိသွားသူတွေက နောက်တစ်ခါ လာမစားချင်ကိုအောင် ဖြစ်သွားကြတော့ ဘယ်ရောင်းကောင်းပါ့မလဲ။ သူတို့အလုပ်ရှင်က သဘောလည်း မကောင်းသလို စားသုံးသူ အပေါ်မှာလည်း စေတနာ မထား ပိုက်ဆံရဖို့ပဲသိတယ် ထမင်းဆိုင်ပါဆိုမှ လက်ရာကောင်းကောင်း သန့်သန့်ရှင်းရှင်းနဲ့ စားသုံးသူပေါ် စေတနာ ထားမရောင်းတဲ့ပြင် ဝန်ထမ်းများ အပေါ်မှာလည်း ဘယ်တော့မှ ချိုချိုသာသာ မဆက်ဆံ ပိုက်ဆံပေးခိုင်းတယ် ဆိုပြီး လူကိုလူလို မဆက်ဆံတဲ့ အခါ ဝန်ထမ်းများမှာလည်း သူတို့ပေါ်မှာ မကောင်းတဲ့ အလုပ်ရှင်ပေါ် စေတနာတွေ ပြန်မထားနိုင်ကြတဲ့ခါ တစ်ဦးနဲ့တစ်ဦးလည်း တွက်ကပ် အလုပ်မှာလည်း ခိုကပ် ပြီးရင်ပြီးရော လုပ်ကြတဲ့ခါ သူတို့ထမင်းဆိုင်လေးမှာ ရောင်းမကောင်းတာလည်း မဆန်းပါ။

image

ဒီလိုနဲ့ ညီမနှစ်ယောက် အလုပ်လုပ်လာတာ တစ်လပြည့်တဲ့ နေ့မှာတော့ ညီမနှစ်ယောက် အဒေါ်နဲ့ ထမင်းလက်ဆုံ စားနေကြရင်း ခိုင်က မျက်နှာမလှသမို့ အဒေါ်နဲ့အိက မေးတော့ ခိုင်က သူအဲဒီဆိုင်မှာ အလုပ်မလုပ်ချင်တော့ဘူးလို့ ပြောရှာတယ်။ အဒေါ်က ဘာဖြစ်လို့လဲ ခိုင်ရယ်။ အလုပ်တစ်ခုရဖို့ ရှာရတာမှ မလွယ်တာ သမီးလည်း သိသားပဲ။ ခိုင်က သမီးသိပါတယ် အဒေါ် ဒါကြောင့်လည်း သမီးစလုပ်တဲ့ နေ့တည်းက မပျော်တာတောင် သမီးသည်းခံပြီး လုပ်နေတာပါ။ သမီးလူပင်ပန်းတာကို ခံနိုင်ပါတယ်။ စိတ်ပင်ပန်းတော့ မခံနိုင်လို့ပါ အဒေါ်ရယ်။ အိက ဘာဖြစ်လို့လဲ ခိုင် နင့်ကို သူတို့ဘာလုပ်လို့လဲ။ အခုတော့ ဘာမှမလုပ်သေးပါဘူး။ တစ်နေ့တစ်မျိုး စိတ်ညစ်အောင်တော့ ပြောတယ်။ အပြောကလည်း ဆိုးမှဆိုး ဘာအမှားမှလည်း မလုပ်ပဲနဲ့ ကြံဖန် အပစ်ရှာ အော်နေတော့တာပဲ။ နောက်ပြီး လူကို အမြဲမယုံသလို ဘာသလိုနဲ့ ခနဲ့တဲ့တဲ့တွေ ပြောတယ်။ ပထမတော့ ခိုင်လည်း ဆိုင်က ဝန်ထမ်းတွေ တစ်ယောက်ပြီး တစ်ယောက်ထွက်သွားတာ ပင်ပန်းလို့ မလုပ်နိုင်ကြတာပဲ ထင်တာ။ ဒီနေ့တော့ ဈေးထဲမှာ ခိုင်ကိုခင်တဲ့ အမတစ်ယောက်က ငိုပြီး ခိုင်ကို ပြောပြတာ ခိုင် နင့်လိုရိုးသားသူက ဒီလိုဆိုင်မှာ မလုပ်သင့်ဘူး။ ဘာဖြစ်လို့လည်းလို့ ခိုင်ကမေးတော့ ငါလည်း အရင်က အဲ့ဆိုင်မှာ လုပ်ဖူးတယ်။ အလုပ်ရှင်က ငါ့ကိုသူခိုးလို့ စွပ်စွဲတာ သူ့လက်စွပ် ပျောက်လို့လေ။ သူ့အခန်းထဲကို သူ့ပစ္စည်းတွေ သွားထားဆိုလို့ ငါသွားထားတာပဲ ရှိတယ်။ အဲဒါ ငါလည်း သူ့လက်စွပ် မယူရပဲနဲ့ ငါ့ကို စွပ်စွဲတာ ငါ့ကမယူပါဘူးလို့ အသေအချာ ပြောတာတောင် ငါ့ကိုရဲစခန်း တိုင်မယ်လေး ဘာလေးနဲ့ ငါကတော့ တိုင်လည်း မကြောက်ပါဘူး တိုင်ပေါ့။ ကိုယ်မှမယူတာ ဒါပေမဲ့ ငါ့ကိုယ်ကျင့်တရားကို စွပ်စွဲထားတာတော့ မဟုတ်ရင် ပြန်တောင်းပန်ရလိမ့်မယ်လို့ ပြောလိုက်တယ်။ အဲလိုပြောနေတုန်း သူ့သမီးက ဝင်လာပြီး သူ့ကိုတိုးတိုးလေး ဘာပြောလိုက်တယ် မသိဘူး။ အလုပ်ရှင်က ငါ့ကိုပြောတယ် နင်ကများ သူများဟာခိုးပြီး မလျော်နိုင်ရင် မလျော်နိုင်မပြောဘူး လေကျယ်နေတယ် ငါတို့က လက်စွပ်တစ်ကွင်းလောက်နဲ့ ဘာမှ ဖြစ်မသွားဘူး။ နင့်လို အလုပ်သမား သူခိုးကိုတော့ ငါ့ဆိုင်မှာ မထားဘူး အလုပ်ထုတ်တယ် ဆိုပြီး ငါ့ကို မောင်းထုတ်တာ ခိုင်ရေ။ တကယ်တော့ လက်စွပ်က သူ့သမီး ယူဝတ်သွားတာ ငါ့ကို ပြန်တောင်းပန်ရမှာ စိုးတာနဲ့ လက်စွပ်တစ်ကွင်း ဘာမှဖြစ်ဘူးဆိုပြီး ငါ့ကို သူခိုးအမည်တပ် အလုပ်ထုတ်တာ ခိုင်ရေ။ ငါလေ လူတွေများကြီးရှေ့မှာ ဆိုတော့ ရှက်တာနဲ့ ငိုပြီးထွက်ပြေးလာတာ။ ငါတို့မှာ မရှိလို့ လုပ်စားပါတယ် သူခိုးလို့ပါ ပြန်စွပ်စွဲ ခံရတဲ့ဘဝ။ ငါ့လိုအဖြစ်မျိုး မဖြစ်ရအောင်လို့ပါ ခိုင်ရေ။ နင့်လို ရိုးသား ကြိုးစားတဲ့သူမျိုး သူ့လိုအလုပ်ရှင်နဲ့ မတန်လို့ နင့်ကို ပြောပြရတာ။ ငါတုန်းက သူတို့လက်ခုတ်ထဲက ရေဖြစ်ခဲ့ ပင်မယ့် ခိုင်လေးကိုတော့ မဖြစ်စေချင်ဘူး။ သူတို့ဆိုင်မှာ ဝန်ထမ်းဘာလို့ မမြဲလည်းသိလား တစ်မျိုးမဟုတ် တစ်မျိုး ပြသနာ ဖြစ်ပြီး ထွက်သွားရတာချည်းပဲ။ ငွေရှင်တွေ ဆိုတော့ သူတို့အမှားကို ငွေနဲ့ဖုံးတဲ့ ခေတ်ကြီးမှာ ငါတို့လို ရိုးသားသူတွေ ဘဝပျက်ကြရတာလေ။ အဲဒီအမ ခိုင်ကို ပြောပြတော့ ခိုင်လည်း မလုပ်ချင်တော့ဘူး။ ခိုင်ကြောက်လို့ပါ အဒေါ်။ အဒေါ်နဲ့အိကလည်း ဒီလောက်ဆိုးတဲ့ အလုပ်ရှင်မျိုးမှန်း မသိလို့ပါကွယ်။ မလုပ်နဲ့ သူမထုတ်ခင် ကိုယ်အရင် ဦးအောင်ထွက်ခဲ့လို့ ပြောလိုက်တော့ ခိုင်လေးမျက်နှာ အပြုံးပန်းတွေ ဝေဆာသွားပါတော့တယ်။

image

ခိုင်လေးလည်း အလုပ်ထွက်ပြီး အိမ်မှာနေတုန်း အလုပ်ကပြန်လာတဲ့ အိက အိမ်ပေါက်ဝ အော်ပြီး ဝင်လာတာ။ ခိုင်လေးရေ နင်တို့အလုပ်ရှင်တော့ ဖမ်းခံထိသွားပြီး ခိုင်လေးက အံ့သြပြီး ဘာဖြစ်တာလဲ မေးတော့ ကြားတာတော့ နင်တို့အလုပ်ရှင်က ထမင်းဆိုင် ဗန်းပြပြီး နောက်ကွယ်မှာ မူးယစ်ဆေးနဲ့ ကြီးပွားနေတယ် ဆိုလားပဲ။ ဘယ်သူတိုင်တယ်တော့ မသိဘူး ရဲတွေ သတင်းရပြီး လာဖမ်းသွားတာပဲ သိတယ်လို့ ပြောတာ့ မီးဖိုချောင်မှ အဒေါ်က အဲဒါ သူ့အကုသိုလ် သူ့အကျိုးပေးတာ သမီးတို့ရေလို့ အော်ပြောတော့တာ။ အိနှင့်ခိုင်လည်း အဒေါ်ရဲ့ စကားကို နားလည်သွားပြီး ခေါင်းများညိမ့်ကာ နေလေတော့တယ်။ ဒီဇာတ်လမ်းလေးရဲ့ အဓိက အကြောင်းအရာလေးကတော့ အလုပ်ရှင်နှစ်ဦးရဲ့ စေတနာ အကျိုးပေးပုံလေးကို သိမြင်စေချင်တာပါ။ စေတနာကောင်း၊ စိတ်ကောင်းရှိသူဟာ ကံကောင်းသလို စေတနာ မကောင်း၊ စိတ်ထားရုပ်ညံ့သူတို့ဟာလည်း ကံအကျိုးပေး မကောင်းနိုင်တာလေးကို စိတ်ကူး ဇာတ်လမ်းလေးနဲ့ ဥပမာပေး ရေးသားလိုက်ရပါတယ်ရှင်။ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရှင်။
Author@ayemomo(MSC-051)
Photo by google

51 upvotes $5.07

Replies (28)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: