4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Relax လုပ်ပါ

image

Steemit members အားလုံး မင်္ဂလာပါရှင်။

လောကမှာ လူသားများဟာ နေ့စဉ်နဲ့အမျှ ပညာရေး၊စားဝတ်နေရေး၊စတဲ့ အရေးတွေနဲ့ လှုပ်ရှား ရုန်းကန်နေရတာမို့ ပင်ပန်းလွန်းကြပါတယ်။ တစ်နေ့ တစ်နေ့ ဒီအရေးတွေတွက်ပဲ ပူပန်ရင်း နေ့မအား ညမအား အလုပ်လုပ် နေကြရတဲ့တွက် ဘဝ အမောတွေ များလွန်းလှတာမို့ ထိုအမောတွေ ခဏတာ ပြေပျောက်ဖို့ အနားယူမှုလေးတွေ လုပ်ပေးဖို့ တကယ့်ကို လိုအပ်ပါတယ်။ တစ်နေ့ တစ်နေ့ လှုပ်ရှား ရုန်းကန်ရင်း အနားယူမှုလေးတွေ မလုပ်ပေးဘူး ဆိုရင် လူသားတွေဟာ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့ ခန္ဓာကိုယ်တွေမို့ ကျန်းမာရေးတွေ ထိခိုက်လာနိုင်သလို စိတ်ဖိစီးမှုများလည်း ဖြစ်လာနိုင်တာ အသေအချာပါပဲ။ ဒါကြောင့် ဘယ်လိုပဲ ဘဝအရေးတွက် လှုပ်ရှား ရုန်းကန် နေရပါစေ လူအနားပေး စိတ်အနားပေးခြင်းများကိုတော့ မဖြစ်မနေ လုပ်ကြစေချင်ပါတယ်။

image

တစ်ချို့များ အလုပ်ကို နေ့မအား ညမအား လုပ်ကြသူတွေ ရှိပါတယ်။ အလုပ်လုပ်တာ ပိုက်ဆံရတော့ ကောင်းတယ် ဆိုပင်မယ့် အချိန်ကြာလာတာနဲ့အမျှ အဲဒီ ရလာတဲ့ ပိုက်ဆံ ထပ်ပိုကုန်ရအောင် ကုရတဲ့ ကျန်းမာရေး ပြသနာတွေ ရှိလာနိုင်သလို ပိုက်ဆံရှိသော်လည်း ကုလို့မရတဲ့ ဝေဒနာဆိုးမျိုးတွေ ခံစားလာရမယ် ဆိုရင် ကိုယ့်မှာ နေ့မအား ညမအား သူများအိပ်ချိန် မအိပ် သူများ အနားယူချိန် မယူဘဲ ကြိုးကြိုးစားစား ရှာဖွေခဲ့တဲ့ ပိုက်ဆံတွေ ဘယ်အသုံးဝင်တော့မှာလဲ။ ချစ်လှပါကြီးရဲ့ ပိုက်ဆံတွေကို နောက်ဘဝကို သယ်သွားလို့လည်း ရမှမရနိုင်တာ။ အကုန်လုံး ထားခဲ့ရမှာချည်းသာပဲလေ မဟုတ်ဘူးလား။ ဒါပေမဲ့ ဘဝ နေထိုင်မှုတွက်ကတော့ ပိုက်ဆံ ဆိုတာ ရှာတော့ ရှာရမှာပဲလေ။ ကိုယ့်ခန္ဓာကိုယ် ဒုက္ခ ဖြစ်လောက်ထိတော့ မရှာမိစေဖို့ တန်ဆေး လွန်ဘေး ဆိုတာလေးကို အမြဲ သတိတရ ရှိနေဖို့တော့ သိပ်အရေးကြီး ပါတယ်။

image

လုပ်လည်း လုပ်ပါ။ အနားလည်း ယူပါ။ ကိုယ့်ခန္ဓာကိုယ်ကို ခိုင်းဖို့တွက်ပဲ အသုံးမချမိပါစေနဲ့ အနားပေးဖို့တွက် သတိရစေချင်ပါတယ်။ ခန္ဓာရတဲ့သူတိုင်း အိုရ၊နာရ၊သေရ မှာမှန်ပင်မယ့် အချိန်မတန်ခင် နာကြရ ကုနေကြရတာတွေ အများကြီးပါ။ ဘာမှမလုပ်ပဲ သဘာဝက သူ့အလိုလို ဖြစ်လာတာကိုတော့ တားဆီးလို့ မရပင်မယ့် ကိုယ့်ရဲ့လုပ်ရပ်ကြောင့် ဖြစ်လာမယ့် အရာတွေကိုတော့ တားဆီးလို့ ရနိုင်တာမို့ ကိုယ့်ခန္ဓာကိုယ်ကို ခိုင်းလည်းခိုင်းပါ ညှာလည်း ညှာပါလို့ ပြောပါရစေ။ အလုပ်အရမ်းလုပ်တဲ့ ကားလိုက်ဆွဲတဲ့ ဦးလေးကြီး တစ်ယောက် ရှိတယ်။ သူဆို နေ့မအား ညမအား ရှာလိုက်တာ သူ့မိသားစုတွက် ရှာသလောက်လည်း ရပါတယ်။ ရသလောက်လည်း သူ့မိသားစုက ထိုင်ဖြုန်းပေးတာ သူ့မိန်းမနဲ့သားသမီး တစ်ယောက်မှ ထိန်းထိန်းသိမ်းသိမ်း မရှိ ဦးလေးကြီး ရှာသမျှကို သူတို့ မရှာရတော့ တန်ဖိုးနားမလည် သုံးကောင်းတိုင်း သုံးနေမှတော့ ဦးလေးကြီးမှာ နေ့မအား ညမအား ရှာလည်း မလောက်နိုင်ရှာ သူများဆီမှာ လိုက်ချေးငှားရရှာတယ်။ ဒီလောက်အလုပ်လုပ်တဲ့သူ တွေ့တောင်မတွေ့ဖူးဘူး။ မိုတို့အနေနဲ့ ကြည့်ရင် ဒီဦးလေးကြီး ပိုက်ဆံတွေ ဘယ်မှာ သွားထားမလဲပေါ့။ သူ့မှာ အသောက်အစား ကစားတာလည်း မရှိဆိုတော့။ ဘယ်ဟုတ်မလဲ သူ့မိသားစုက သူရှာသမျှကို ဘာမှမလုပ်ပဲ ထိုင်ဖြုန်းသက်သက် ဆိုတော့ မလောက်တာလည်း မဆန်းပါလားပေါ့။ အဓိက ပြောချင်တာကတော့ ဒီဦးလေးကြီးလည်း အသွေးအသားနဲ့ လူပဲ။ အခုနေမှာ သူ့တွက် ငွေရှာဖို့သာ အဓိက ဖြစ်နေတော့ ပင်ပန်းရမှန်း နားရကောင်းမှန်းလည်း မသိနိုင်ရှာ။ ဒီဒဏ်တွေ စုလာတဲ့ တစ်နေ့ သူမလဲဘူးလို့ မပြောနိုင်။ သူလဲတဲ့ တစ်နေ့ သူ့မိသားစုပဲ ဒုက္ခရောက်မှာ လေ။ ခန္ဓာရတဲ့သူတိုင်း ဘာမှ မလုပ်တောင် နာရတာ သူ့လို ခန္ဓာကို အနားမပေး တစ်ရပ်စပ် လုပ်နေမှတော့ ခန္ဓာကြီးကကော ဘယ်လောက်ကြာကြာ ခံနိုင်ရည် ရှိမှာလဲ။ ဒါကြောင့် ဘယ်လောက်ပဲ ငွေရှာဖို့ အလုပ် လုပ်လုပ် ကိုယ့်ခန္ဓာကို ညှာတာမှုလေးထားရင်း အနားယူပေးခြင်းဖြင့် ရေရှည်တွက် မြင်တက်ပါစေ။

image

အနားယူခြင်းမှာလည်း အမျိုးမျိုး ရှိကြတာမို့ ကိုယ်နှစ်သက်ရာ အပန်းဖြေမှု အနားယူမှု လေးတွေကိုတော့ လုပ်စေချင်ပါတယ်။ ဥပမာ ခရီးထွက်တာ ညဘက်မှာ အိပ်ရေးဝအောင် အိပ်စက်တာ ရုပ်ရှင်ကြည့်တာ shoppingထွက်တာ အားကစား လုပ်တာ စသဖြင့် အမျိုးမျိုး ရှိကြတာပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတာမို့ ကိုယ်နှစ်သက်ရာ ကိုယ်လုပ်ရင်း စိတ်ကလေးကို အနားပေး ခန္ဓာလေးကိုလည်း အနားပေး စေချင်ပါတယ်။ အလုပ်လုပ်ချိန်မှာ ကြိုးစားပမ်းစား လုပ်သလို အနားယူချိန်မှာလည်း ပြည့်ပြည့်ဝဝ အနားယူခြင်းဖြင့် သက်ရှည် ကျန်းမာ ပျော်ရွှင်သော ဘဝတွေ ပိုင်ဆိုင် နိုင်ကြပါစေလို့ ရည်ရွယ်ရင်း ရေးသားလိုက်ရပါတယ်ရှင်။
Author@ayemomo(MSc-051)
Photo by google

66 upvotes $2.75

Replies (45)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: