4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

တစ်ဖက်သက်အလွမ်း

image

Steemit members အားလုံး မင်္ဂလာပါရှင်။

သူများတွေရဲ့ အလွမ်းpostလေးတွေ ဖတ်မိတော့မှ မဆီမဆိုင် ကိုယ်လည်း လွမ်းသလိုလို သတိရသလိုလို ခံစားမိတယ်။ ဒါပေမဲ့ သူတို့က သူတို့ သက်ဆိုင်သူကို လွမ်းကြတယ်။ အလွမ်းကနေ ခံစားချက်တွေ ဖြစ်လို့ စာအဖြစ် ချရေးထားကြတယ်။ ကိုယ်ရော ဘယ်သူ့ကို လွမ်းတာလဲ။ သူများတွေ ရေးထားတဲ့ အလွမ်းpostတွေ ဖတ်တိုင်း ကိုယ်လည်း ဝမ်းနည်းသလို လွမ်းသလိုလို ဖြစ်မိတာ ဘာကြောင့်လဲ။ ကိုယ့်မှာလည်း လွမ်းစရာ သက်ဆိုင်သူ မရှိဘဲနဲ့များ ဘာလို့ လွမ်းသလိုလို သတိရသလိုလို ဖြစ်မိတာ ဘာကြောင့်လဲ ပြန်ဆန်းစစ် ကြည့်မိတော့မှ ဒီချိန်ထိ တစ်ယောက်တည်း နေလာတာ ဘယ်သူ့ကိုမှလည်း မလွမ်းဘူး၊သတိမရဘူးလို့ ထင်ထားပင်မယ့် တစ်ယောက်သောသူကိုတော့ လွမ်းသား။ သူက ချစ်သူလည်း မဟုတ်ခဲ့ဖူးပင်မယ့် ဘဝမှာ ပြန်ဆုံဖို့ အတောင်းတဆုံးသူ။ သူနဲ့ဝေးကွာသွားတာ နှစ်ပေါင်းမနည်းတော့ ။

image

သူ့ကို စတွေ့ချိန်က သစ်ရွက်လှုပ်ရင်တောင် စိတ်ကစားတက်တဲ့ အရွယ်၊ ဘဝရဲ့ ခြေလှမ်းစဖို့တွက် ကိုယ်က အကောင်းဆုံး ရွေးချယ်နိုင်ရဖို့ ကြိုးစားနေရတဲ့ အရွယ်၊ ဒီလိုအရွယ်မှာ စိတ်ကစားပြီး လမ်းကြောင်းလေး တစ်ချက်လွဲလိုက်တာနဲ့ ဘဝက ပြောင်းလဲသွားနိုင်တယ် ဆိုတာ သူများတွေ သိလားမသိလားတော့ မသိ၊ ကိုယ်ကတော့ သိနေခဲ့တာ။ ဘာလို့ဆို ငယ်ငယ်က ဘဝမှာ အာလုံးက ချောမွေ့နေတာ မဟုတ်တော့ စိတ်ကစားနေဖို့ထက် ဘဝပေးအသိက ပိုလို့များနေ ဒီအကြောင်းတွေကြောင့်နဲ့ပဲ အခုချိန်ထိ သူနဲ့ ကိုယ် ပြန်မဆုံ ဖြစ်ခဲ့တာပေါ့။ ကံတရားတို့ ဖူးစာမပါတာလို့ပဲ ပြောရမှာပေါ့နော်။

image

သူနဲ့ စတွေ့ချိန်က အရမ်းကို ပျော်ခဲ့ဖူးတာ အမှန်ပါ။ ကျောင်းစာကို အလေးပေးနေရတာမို့ အပျော်တွေကို သိုဝှက်ထားခဲ့မိတာ အမှန်။ ကိုယ့်အတွေးနဲ့ ကိုယ်မို့ သူငယ်ချင်း ဆိုတဲ့စည်းလေးကို သူ့ဘက်က မဖောက်ဖျက်လာအောင် ကိုယ်ကပဲ တားခဲ့မိတာ အမှန်။ ဒါကြောင့်လည်း အခုနေ သူ့ကိုလွမ်းတာ ကိုယ့်အပစ်နဲ့ကိုယ်ပေါ့နော်။ သူက တကယ်ကို ရိုးသားပြီး အေးဆေးလွန်းတာမို့ ကိုယ့်ဘက်က တားဆီးထားတဲ့ စည်းလေးကို မဖောက်ဖျက်ခဲ့။ ကိုယ့်အပေါ်ကောင်းတဲ့ သူငယ်ချင်း တစ်ယောက် အဖြစ်သာ ရပ်တည်ပေးခဲ့တယ်။ ကိုယ့်ရဲ့ဆန္ဒတွေကို အလိုက်တသိသာ ဖြည့်ဆည်းပေးခဲ့။ ကျောင်းစာကိုသာ အလေးပေးနေသော ကိုယ့်ကို စိတ်မကွပ်ခဲ့ ကျူရှင်ပြန်တိုင်း စက်ဘီးလေးနဲ့ သူလိုက်ပို့မြဲ သူ့အိမ်နဲ့ ကိုယ့်အိမ်က တောင်နဲ့မြောက်၊ ကျူရှင်လွှတ်လို့ ကိုယ်လည်း ကျောင်းသူ သူလည်း ကျောင်းသား ၊မိုးကချုပ်နေတာတောင် သူ့အိမ်သူမပြန် ကိုယ့်ကိုအရင် ပြန်လိုက်ပို့မြဲ သူလိုက်ပို့တိုင်း စက်ဘီးနောက်က ထိုင်စီးရင်း ရင်ခုန်မှုနဲ့ပျော်ရွှင်ခြင်းတွေ သူမမြင်အောင် ကိုယ်ဟန်ဆောင်ထားခဲ့ရတာ အမောပါ။

image

ဒီလိုနဲ့ သူနဲ့ကိုယ် စာမေးပွဲတွေ ပြီးတော့ ပြန်မဆုံ ဖြစ်ခဲ့။ ကိုယ်ထင်ထားတာက တစ်မြို့တည်းနေတာမို့ သူနေတဲ့နေရာသာ ကိုယ်အတိအကျ မသိတာ ကိုယ်နေတဲ့နေရာ သူသိတာမို့ အခုလို ပြန်မဆုံ ဖြစ်လိမ့်ဘူး တွေးကို မတွေးခဲ့မိတာ ကိုယ့်အမှားပါ။ သူလည်း ကိုယ်ရှိတဲ့ အရပ်ကို ပေါ်မလာ ကိုယ်လည်း သူရှိတဲ့ အရပ်ကို မသွားနိုင်နဲ့။ နှစ်ယောက်သား ဝေးမယ့်ကံ ပါလာတယ်ပဲ ပြောရမလားပဲ။ ကိုယ်စားမေးပွဲအောင်တော့ တက္ကသိုလ်တက် ဘယ်နေရာ ဘယ်ဒေသ သွားသွား သူ့ကို ရှာမိ ရောင်လို့တောင် မဆုံဖြစ် သူ့အကြောင်းတွေလည်း မကြားရ တစ်ခြားသူငယ်ချင်းတွေနဲ့လည်း အဆက်အသွယ်က ပြတ်သွားတော့ သူဒီမြို့မှာကော ရှိသေးရဲ့လား ဆိုတာ မသိ။ ဒီလိုနဲ့ အချိန်တွေကုန်လာလိုက်တာ သူ့ကို လွမ်းလို့ သတိတွေရနေပင်မယ့် ဘဝဆိုတာ ခံစားမှု ရပ်တည်နေလို့မှ မရတာဆိုတော့ အလုပ်မှာ နစ်မြုပ်ရင်း ဘဝတွက်ပဲ ရှင်သန်လာခဲ့မိတာ နှလုံးသား တံခါးကို သူ့ကြောင့်ပဲ ပိတ်ခဲ့မိတယ် ထင်ပါတယ်။ အချစ်ဆိုတာ ဘာမှန်းတောင်မသိ မိသားစုနဲ့အလုပ်ကြားမှာသာ ပျော်နေခဲ့မိတယ်။

image

အလွမ်းသီချင်းလေးတွေ ကြားတိုင်း အခုလိုအလွမ်း postတွေ ဖတ်မိတိုင်း အလွမ်းရုပ်ရှင်တွေ ကြည့်မိတိုင်းတော့ သူ့ကိုလွမ်းဆဲပါ။ ဒါပေမဲ့လည်း အချိန်ကာလ ပြောင်းလဲသွားပြီမို့ အခုနေ ပြန်တွေ့လည်း သူလည်း ပြောင်းလဲ လောက်ရောပေါ့။ သူ့ကတော့ ကိုယ့်ကို လွမ်းလား မလွမ်းလားတော့ မသိ ကိုယ်ကတော့ အလွမ်းနဲ့ ပက်သက်တဲ့ တိုက်ဆိုင်မှုတွေ ရှိတိုင်း သူ့ကို လွမ်းဆဲပါ။ ဒါကတော့ ကိုယ့်ရဲ့ တစ်ဖက်သက် အလွမ်းပဲ ဖြစ်မှာပါ။ သူပြောင်းလဲ သွားသည့်တိုင် ရိုးသားစွာနဲ့ ဘဝမှာ တစ်ခါလောက်တော့ ပြန်ဆုံချင်ပါသေးတယ် တစ်ခါက ရင်ခုန်ခဲ့ဖူးသော သူငယ်ချင်းလေးရယ်။
အာလုံးလည်း အလွမ်းနဲ့ ကင်းဝေးနိုင်ကြပါစေနော်။
Author@ayemomo(MSC-051)
Photo by google

42 upvotes $2.26

Replies (44)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: