Community post
Honest
ဘယ်သူ့ကိုမဆို အရိုးသားဆုးံဆက်ဆံရမယ်..
ဟန်ဆောင်ခြင်းမရှိ ပွင့်လင်းစွာပဲ ပြောတတ်ရင်လောက
က ပိုလှပလိမ့်မယ်..
အကြောင်းရာမရှိ ကိုယ့်အပေါ် ပြောင်းလဲ လာရင်လဲ
အလိုက်သိစွာ ရှောင်ပေးတတ်တဲ့ လူအကဲခတ်ပညာလဲ တတ်သိနားလည်ရမယ်...
စိတ်ဆိုးလို့မဟုတ်သလို စိတ်လဲမကောက်တတ်ပဲ
မြင့်မြတ်သောစိတ်ကိုထားနိုင်ရမယ်...
ကိုယ့်တွက်နဲ့ အနှောင့်အရှက်မဖြစ်သင့်ဘူးလေ..
ကူညီနိုင်သူ၊ အကျိုးပြုပေးနိုင်သူ မဟုတ်ရင် ဆန်ကုန်မြေလေးဆိုတဲ့ နှောင့်ရှက်ပေးတဲ့လူသားတော့ မဖြစ်အောင် စောင့်ထိန်းသင့်တာပေါ့...
လောက အလှဆင်ဖိုဆိုရင် ပထမဆုးံနဲ့ အရိုးရှင်းဆုးံက
အားလုးံကို အပြုံးနဲ့ပဲ ကြိုဆိုစေချင်တယ်..
အေးချမ်းသာယာစေတဲ့စိတ်ကိုပဲ ပေးစေချင်သလို
ပျော်ရွှင်မှုတွေကိုလဲ ဖန်တီးပေးနိုင်သူတွေ ဖြစ်စေချင်တယ်.. ဒီလိုပေးစွန်းချင်တယ်ဆိုတဲ့အတွေးတစ်ချက်နဲ့တင်
ကိုယ်ရင်မှာ အရင်ဆုးံကြည်နူးချမ်းမြေ့မှုကို ခံစားရတယ်လေ..
အပြုးံတစ်ချက်ကြောင့် လူတိုင်းကို စိတ်ကြည်လင်မှုကိုမပေးစွမ်းစေနိုင်တောင်
ကိုယ်နဲ့ ပတ်သက်နွယ်နေတဲ့အသိုင်းဝိုင်းတော့ ပေးနိုင်ရလိမ့်မယ်..
ယုံကြည်ချက်မဲ့ အားငယ်နေသူတစ်ယောက်အတွက် အပြုံးတစ်ချက်ဟာ နေခြည်နုနုထက် ပိုပြီးနွေးထွေးစေတတ်တယ်တဲ့လေ..
အခက်ခဲကြုံနေသူအတွက် အားပေးစကားတစ်ခွန်းဟာ
ဗီတာမင်တွေအပြည့်ပါတဲ့ ဆေးတစ်လုးံသောက်ခွင့်ရခြင်းထက် စိတ်ခွန်အားကို
ပြည့်ဝစေသတဲ့...
တကယ်တော့အရာအားလုးံဟာ စိတ်ပါ. စိတ္တေန နီယတိ လောကော - လောကကို စိတ်ကသာဦးဆောင်သည်တဲ့..
ဒါကြောင့် စိတ်ကြောင့်အရာရာကို အောင်နိုင်သလို အရာရာကိုလဲ ကျရှုးံစေနိုင်တယ်လေ..
အပြုးံတစ်ချက်ကြောင့် စိတ်အေးချမ်းသာယာတယ်ဆိုရင် အာပေးစကားတစ်ခွန်းကြောင့်လဲ စိတ်ခွန်အားဆေးတစ်ခွက်ဖြစ်စေတာပေါ့ရှင်.
တကယ်တော့ လောကမှာ နေထိုင်ရှင်သန်နေကြရတဲ့ လောကဓံခံလူသားတွေအတွက် တခါတရံမှာ
ကူညီခြင်း၊ ဖေးမ ၊ အားပေးခြင်း ဆိုတဲ့ အရာတွေဟာ လူသားတွေ အတွက် အမှန်တကယ်
လိုအပ်နေတာပဲလေ..
လူသားအကျိုးကို တတ်နိုင်တဲ့ဘက်က ကိုယ်ကိုယ်တိုင်လဲ ဖြစ်ခွင့်ရချင်သလို မိတ်ဆွေအပေါင်းသင်း
ရောင်းရင်တို့တွေလဲ ပေးစွန်းနိုင်သူတွေ ဖြစ်စေချင်တယ်..
ဒါကြောင့် သူငယ်ချင်းတွေကို သိစေချင်တာက
ပေးဆပ်ခြင်းဟာ တကယ်တော့ ရယူခြင်းတမျိုးဆိုတာ
ပါပဲ...ဒါဟာ လောကကိုအလှဆင်တာဖြစ်သလို ကိုယ့်ဘဝကိုလဲ လှပစေတာအမှန်ပါပဲရှင်...
@ayenanda
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.