4th Street Bar Hive-Bar

Hive-Bar Powered by Hive beta-fdb5b5b

Community post

Informative

မှတ်သားဖွယ်ရာ (၁)
+++++++++++++

အမြဲမှတ်ထားရမှာက တစ်မိနစ် ဒေါသ
ထွက်မိခြင်းက သောကတွေ ကိုယ်နဲ့အတူ သုံးနာရီကြာအောင် ရှိနေစေပါလိမ့်မယ်။

မှန်ထဲမှာ ရှိနေတဲ့သူကို ပြုံးပြနိုင်ရင် သူကအမြဲတမ်း ပြန်ပြုံးပြနေလိမ့်မယ်ဆိုတာ လုံးဝ အာမခံပါတယ်။

ကိုယ့်ရှေ့က ကိစ္စတစ်ခုခုဟာ ခက်ခဲလွန်းတယ်လို့ ခံစားမိရင် ၃- မိနစ်လောက် ငြိမ်ငြိမ်လေး မျက်စိမှိတ်နေကြည့်လိုက်ပါ။

သွားတိုက်နေတုန်းမှာ ကိုယ်အကြိုက်ဆုံးသီချင်းတစ်ပုဒ်ကို ပြီးဆုံးတဲ့ထိ လည်ချောင်းကနေ ညည်းဆိုနေလိုက်ရင် သွားတွေ ၂-ဆ ပိုမိုဖြူ ဖွေးသန့်ရှင်းစေပါလိမ့်မယ်။

ဘာမှမဖြစ်ပါဘူး´´ဆိုတဲ့စကားကို ဘယ်လိုလုပ်ကြမလဲ´´ဆိုတာထက် ပါးစပ်မှာ စွဲနေအောင် လေ့ကျင့်ပြောကြည့်ပါ။

အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ ကိုယ့်ရဲ့ လျိှု့ဝှက်ချက်တွေကို ထိန်းသိမ်းပေးတတ်
ကြတာ တော်ပါတယ်။ဒါကြောင့် တစ်ပါးသူ မသိစေလိုတဲ့ ကိစ္စတွေဆိုရင် သူတို့
လေးတွေကို ပြောပြလို့ရပါတယ်။

ငယ်ငယ်က မကြိုက်ခဲ့တဲ့ အစားအစာတွေ ပါးစပ်ထဲခပ်ထည့်ကြည့်လိုက်ပါ တော်နေ အကြိုက်ဆုံးအစာလဲ ဖြစ်လာတတ်ပါတယ်။

ကိုယ်မုန်းတဲ့သူတွေရဲ့ နာမည်တွေကို စာရွက်ထဲမှာ ချချရေးပြီး စာရွက်ကို အစိတ်စိတ်အမွာမွာ ဖြဲပစ်ပါ အမုန်းတွေ တဖြေး
ဖြေး ပြေလျော့လာပါလိမ့်မယ်။

စီးကျလာတဲ့ မျက်ရည်တွေကို လုံးဝမ
သုတ်ပဲ ထားပစ်လိုက်ပါ မျက်ရည်တွေ
ခမ်းခြောက်သွားတဲ့အခါ ငိုထားခဲ့ကြောင်း မသိသာနိုင်တော့ပါဘူး။

@ayenanda

2 upvotes 4 downvotes $0.00

Replies (5)

Review before signing

Posting as . Signing with . Keychain permission: Posting. Hive Keychain will ask you to approve this action next.


  
Technical details

Operation fingerprint: