Community post
မြန်မာ မုန့်လက်ဆောင်
အားလုံးပါ မင်္ဂလာရှိတဲ့ နေ့လေးဖြစ်ပါစေ။ နေပူရှိန် ပြင်းလွန်းနေပြန်ပီ။ အပူသက်သာအောင် ထန်းရွက်ထဲ နေလိုက် ၊အိမ်ထဲဝင်အိပ်လိုက်နှင့်။ အိပ်မရ ၊ထိုင်မရဖြစ်နေပီ။ မုန့်လက်ဆောင်သည် လာလို့ ဝယ်သောက်ပီ။ နွေရာသီအကြိုက်ပေါ့။ မုန့်လက်ဆောင် အေးအေးက အကြိုက်တွေ့စရာ။

မုန့်လက်ဆောင် ကသောက်ချင်စရာ ။


ထန်းလျက်ဈေးက တန်၊ဆန်ဈေးကတန်နဲ့ ဒီမှာ မုန့်လက်ဆောင်ကတော့ ပန်းကန်ကြီးနှင့် တစ်ပန်းကန်။ ထန်းလျက်ရေကလည်း ချိုလို့ပါပဲ။ အသည် ကတော့ ရေခဲတော့ မပါဘူးပေါ့။ အိမ်က ရေခဲရေလေး ထည့်သောက်ဖြစ်တော့ အေးအေးလေးနဲ့ အကြိုက်ပေါ့။
နံသာဖူးအရည် လေးရယ် နှမ်းလှော်ထောင်းလေးရယ်နဲ့ ကောက်ညင်းလေးရောပါတော့ ပိုလို့ကောင်းနေပီလေ။

အကုန်ဈေးတတ်နေကြပေမဲ့ မုန့်လက်ဆောင်ကတော့ မတတ်သေးပါ။ တော်တော်လေး သောက်ပျော်သည်။ တစ်ခွက်မှ ငွေ200ကျပ်သာ ပေးရသည်။ ငွေနှစ်ရာနှင့် လေဖောင်းမုန့်စားလျှင်တော့မဝပေ။ မုန့်လက်ဆောင်တော့ တစ်ခွက်ကို မကုန်ချင်။မနည်းသောက်ယူရသည်။ အကြိုက်ထဲတော့ပါ ပါသည်။
Replies (6)
!LUV
!LOL
@azzm984, @walarhein(2/5) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
!LUV
!MEME
@azzm984, @golden.future(3/10) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
Credit: pepetoken
Earn Crypto for your Memes @ HiveMe.me!
lolztoken.com
No one, it happens Autumnatically.
Credit: reddit
@azzm984, I sent you an LOLZ