Community post
သဘာဝရဲ့ တောရိုင်းပန်းလေး
ဒီနေ့တော့ ချစ်ရတဲ့ ပန်းပင်လေးကို သိမ်းထားတာလေး ပြန်တွေ့တယ်လေ။ တောပန်းလေးပါ။ တောထဲက ခုလို
လှတာလည်း သဘာဝပါပဲ။ ပန်းလေးတွေက မသိရင် အသီးလေးတွေ သီးနေတာ စားချင်စရာ ထင်မိသေးတယ်။ အရွက်လေးကစ လှနေရော။ ဒီဇိုင်းလေးလဲ လှလိုက်တာ ။ ဘယ်သူကများ အလှဆင်ပေးတာလဲ။


လယ်တောဘေးမှာ တွေ့ခဲ့တာပါ။ကြက်သွန်တွေ ဖော်ကြရင်း တော်တော်လေး လှတဲ့ ပန်းလေးတွေနဲ့တွေ့ခဲ့ရ။ အဲ့ဒီ ပန်းပင်လေးတွေကတော့ တော်တော်လေးရှားပါတယ်။ ကျွန်မတော့ တောမှာ ပထမဆုံးတွေ့ခဲ့ရတာပါပဲ။ လှလွန်းလို့ ဝါသနာအရ ရိုက်ထားဖြစ်ခဲ့တယ်။

အပင်က ဘာအမျိုးစားလဲ၊ဘာပန်းလဲ တော့ ခုထိ မသိရသေးပါဘူးရှင့်။ တော်တော်လေး လှတာတော့ ခုထိ မျက်စိထဲက မထွက်ဘူး။ ပန်းခင်းကြီးထဲ ရောက်သွားသလိုပဲ။ အဲ့ဒီ ပန်းပင်လေးတော့ ယူခဲ့ပီး စိုက်သေးတယ် ။ ဘာဖြစ်လို့လဲ နေပူမိပီး ပြန်လာမှလစိုက်မိတော့ သေသွားတယ်။ နောက်ခါ အဲ့ဒီ ယာတောကိုသွားဖြစ်ရင်တော့ ပန်းပင်လေးယူခဲ့အုံးမယ်လေ။


Replies (6)
!LUV
!LOL
@azzm984, @walarhein(4/5) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
lolztoken.com
Well, it is more of a rap really.
Credit: reddit
@azzm984, I sent you an LOLZ
!LOL
!LUV
@azzm984, @golden.future(3/10) sent you LUV. | tools | discord | community |
HiveWiki |
NFT | <>< daily
lolztoken.com
Subterfudge.
Credit: reddit
@azzm984, I sent you an DOOM