Community post
အချစ်တု..
မိန်းမတယောက်အတွက် အချစ်လိုချင်လိုပါလိမ့်မယ်.တယောက်
ထဲနေတဲ့မိန်းမတိုင်းရဲ့ရင်မှာ အချစ်ခံချင်တဲ့စိတ်လေးရှိတာ သူ့ရဲ့အားနည်းချက်ဆိုပေမဲ့ အထင်သေးပြီး အပျော်ကြံဖို့ ခနလေးသာယာဖို့မှမဟုတ်တာ...
ဘဝရဲ့အတိတ်တွေမှာ အချစ်ကြောင့်နာကြင်စရာတွေ ကြုံကောင်းကြုံနိင်သလို အပြောင်းအလဲမြန်တဲ့ အချစ်တွေနဲ့လည်း ဆုံကောင်းဆုံမိမှာပါ...
နှုတ်ခမ်းဖျားက သာယာစရာစကားလုးံခိုခိုလေးတွေ တမိုးပြီးတမိုး မရိုးနိင်အော.င်ပြောနေတဲ့အချိန်မှာလည်း
မျက်ဝန်းနက်နက်တစုံကို ရွှန်းရွှန်းစားစား
စိုက်ကြည့်ပြီး နားထောင်ပေးခဲ့ဖူးသလို စာစီစာကုးံသဖွယ်စာကြောင်းလှလှလေး
တွေရေးပြီးမက်ဆေ့ပို့ပြန်တော့လည်း ပြုံးပြီးဖတ်ခဲ့ဖူးပါတယ်...
ဒါပေမဲ့လည်း..ဘဝထဲဝင်လာတဲ့အချစ်ကို ခိုမြိန်တယ်ထင်ပြီးခံစားနေတုန်း
မှာ ချက်ချင်းပြန်ထွက်သွားတဲ့ အချစ်တွေနဲ့ကြုံလိုက်တဲ့အချိန်မှာတော့ခါးသီးတဲ့ခံစားချက်အမိုးမိုးကိုခံစားဖူးတဲ့ မိန်းမတယောက်တွက် နောက်ထပ်အချစ်ဆိုတာ ရွေးချယ်ဖို့ခက်ခဲသွားပါပြီ..
ဘာဖြစ်လို့လဲဆိုတော့...
အရမ်းချစ်ပါတယ်လို့ပြောတဲ့ယောက်ကျားတွေကပဲ သူတို့ပြောတဲ့အတိုင်းလိုက်မလုပ်နိင်တဲ့အခါမှာကိုယ့်အပေါ်သူတို့ဆက်ဆံတဲ့ပုံစံတွေဟာ သူတို့ရင်ထဲကစိတ်ရင်းအမှန်တွေ(အချစ်တု)ဖြစ်ကြောင်းသိလိုက်ရလို့ပါပဲ...
Replies (0)
Conversation
No replies yet
Replies will appear here as people join the conversation.