Community post
အထာလိုတယ်
စကားပြော ကောင်းဖို့ထက်
ကောင်းတဲ့စကား ပြောဖို့အဓိကပါ။
တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံကြရာမှာ
အဓိပ္ပါယ်ရှိရှိ ထိထိရောက်ရောက်စကား
ပြောဆိုတတ်ဖို့ အလွန်အရေးကြီးပါတယ်။
ကာလ ဒေသ ပုဂ္ဂလနဲ့ ကိုက်ညီတဲ့ စကားမျိုး
ရွေးချယ်ပြောဆိုတတ်ဖို့ပါ။
လူတစ်ယောက်
အခြားအရည်အချင်းတွေ ဘယ်လောက်တော်တော်
စကားပြောဆို မတတ်ရင်တော့
အဲ့ဒီအရည်အချင်းတွေဟာ
အလကားအချီးနှီး ဖြစ်သွားတတ်ပါတယ်။
စကားပြောကောင်းသူတစ်ယောက်ဟာ
ယဉ်းကျေးရမယ် ရည်မွန်ရမယ် ပွင့်လင်းရမယ်
ရိုးသားရမယ် စတဲ့အချက်တေနဲ့ ညီညွတ်နေရမှာပါ။
ပြောလိုက်တဲ့စကားလုံးတိုင်းဟာ
အချက်အလက်နဲ့ပြည့်စုံခြင်း ယုတ္တိ ယုတ္တာရှိခြင်း
အစီအစဉ်ကျန ပြေပြစ်ခြင်း
အသံနေအသံထား မှန်ကန်ခြင်း
စတဲ့အင်္ဂါရပ်တွေနဲ့လည်း
ပြည့်စုံရမှာဖြစ်ပါတယ်။
ွှစကားကို ရိုးသားမှန်ကန်စွာ
စေတနာနဲ့ ပြောဆိုခြင်းဟာ
မြှောက်ပင့်စကားထက် ပိုတန်ဖိုးရှိပါတယ်။
ညစ်ညမ်းရိုင်းပြတဲ့ စကား မသုံးသင့်သလို
သူတစ်ပါးရဲ့ အပြစ်ကိုလည်း
မပြောသင့် အပုပ်မချ သင့်ပါ။
ကိုယ့်စကား ယဉ်ကျေးသိမ်မွေ့စေဖို့ပဲ
အလေးထား ပြောနေကြရမှာပါ။
အချို့ ကိုယ်ကျိုရှာသမားတွေကတော့
သူတို့ထက် အစစအရာရာသာလွန် နေသူတွေထံ
ချီးမွန်းမြှောက်ပင့်တဲ့ စကားလုံးတွေ
ဗုံးပေါလအောသုံးပီး
ကျောက်ရုပ်ကို ခေါင်းညိတ်လောက်အောင်ထိ
်ပြောဆို နိုင်ကြပါတယ်။
အကောင်းဆုံး စကားလုံးတွေကို
ရွေးထုတ် အသုံးပြုကြပီး
ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်ကြကာ
သူတို့အကျိုး အတွက် ခုတုံးအဖြစ်
အသုံးချနေကြပါတယ်။
အပြောကောင်းဖို့ ထက်
အကောင်းပြောတတ်ဖို့က
တဖက်သား နားဝင်အောင်
လက်ခံနိုင်အောင်
စကားလုံး
အသုံးချတတ်ရမှာပါ။
ဒီလိုဆိုင်ရင်တော့
မိသားစုအတွင်းမှာပဲဖြစ်ဖြစ်
လုပ်ငန်းခွင်မှာပဲ ဆိုဆို
မိမိနဲ့ပတ်သက်ရာ ပတ်ဝန်းကျင်မှာ
လူချစ်လူခင်များလာပီး
ထင်ပေါ်လာမည် ဖြစ်ကြောင်း
အသိပေးပါရစေ...။
မျိုးနိုင်-တန့်ဆည်

@blay
Replies (3)
natural photography
Yes.
This comment has received a 0.24 % upvote from @speedvoter thanks to: @mdgaffarstar.